ဝက်ခြံ နဲ့ဝက်ခြံ ကြောင့် ဖြစ်တဲ့ အမာရွတ် တွေကို လျော့ပါးစေတဲ့ အစားအစာ(၇) မျိုး

ဝက်ခြံတွေ က တော့ လူတစ်ယောက်ရဲ့ အလှအ တွေကို ပျက်စီး စေတတ်တဲ့ အရာ တွေ ပါ။ဝက်ခြံ ဖြစ်ရတဲ့ အ ကြောင်းအရင်းတွေ အများကြီးရှိပါတယ်။အဓိက ကတော့ အ ရေပြားနဲ့ တစ်ရှူးတွေ ပျက်စီးလို့ပါ။ဝက်ခြံ ပေါက်ရင် မျက်နှာ တစ်ခု တည်းပဲ ကွက်ကု နေတာထက် Body တစ်ခု လုုံးကို ပါ ကုဖို့ လိုပါတယ်။ဘယ်လောက် ကောင်းတဲ့ ဝက်ခြံ ပျောက် ဆေးပဲ သုံးသုံး အနေ အထိုင် အစား အသောက် မမှန်ရင်တော့ အဲ့ဒီ ဝက်ခြံ ဘယ်တော့မှ ပျောက် ကင်းမှာမ ဟုတ်ပါဘူး။ဝက်ခြံ ပေါက်တဲ့ သူတွေ အ နေနဲ့ Collengen တွေ များများထုတ်ပေးနိုင်တာမျိုးကို ရွေးချယ် စား သောက်ဖို့ လိုပါတယ်။Body က နေ collagen တွေ များများထုတ် ပေးလေ အပျောက်မြန်၊ အမာရွတ် ဆိုရင်လည်း မြန်မြန် လျော့ ပါး သက်သာ စေပါတယ်။ ဝက်ခြံကြောင့် စိတ်ညစ် နေတဲ့ သူတွေ စားပေးသင့်တဲ့ အစားအစာတွေကိုမှာ ခုလို ဖော်ပြထားပါတယ်။

ရွှေဖရုံသီး


ရွှေဖရုံသီး မှာဆိုရင်တော့ niacin, folate, A and B vitamins, zinc ဓါတ်တွေ အများကြီး ပါပါတယ်။ Niacin နဲ့ folate က တော့ သွေးလှည့် ပတ်မှု ကို အားကောင်းစေပါတယ်။ဒါ့အပြင် ဆဲလ် သစ်တွေ ပြန်လည် ဖြစ် ပေါ် အောင်လည်း အားပေးပါတယ်။ဒါကြောင့် ဝက်ခြံ ကြောင့် စိတ်ညစ်နေသူတွေ စားပေးသင့်ပါတယ်။ zinc က တော့ ဟော်မုန်း Level ကို ထိန်းညှိ ပေးနိုင်ပါတ Vitamin A က တော့ အမာရွတ်တွေ လျော့ပါး သက်သာအောင် ကူညီပေးနိုင်ပါတယ်။

ကိုက်လန်


ကိုက်လန် က တော့ ဗီတာမင်စီ နဲ့ K တွေ အများကြီး ပါပါတယ်။သူ့မှာပါတဲ့ ဗီတာမင်နဲ့ သတ္တု ဓါတ် တွေ၊ antioxidant တွေ အရေ ပြား အသားအ ရေ ပေါ်မှာ အ ရောင် တွေ ဖြစ် ပေါ်တာ မျိုးကို နည်းပါး စေကာ အသား အ ရောင် ကို ညီမျှ စေပါတယ်။ Vitamin K က တော့ အရေပြားမှာရှိတဲ့ အမဲ စက်တွေ အတွက် ကောင်းပါတယ်။သံဓါတ် ကတော့ အမာရွတ်တွေကို အကျက်မြန် စေပါတယ်။ဒါ ကြောင့် ဝက်ခြံ အမာရွတ် တွေကို လည်း ကိုက်လန် စားပေးရင် မြန်မြန် သက်သာ စေပါတယ်။

သံပုရာ၊သံပုယို

အထွေ အထူး တောင် သူ့ရဲ့ ကောင်းကျိုးတွေကို ညွှန်းဖို့ မလို ပါဘူး။ ဝက်ခြံ နဲ့ ဝက်ခြံ အမာရွတ် အတွက် တော့ အ ကောင်းဆုံး ဆေးပါ။ဒါ ကြောင့် ဝက်ခြံ ထွက်တတ်တဲ့ လူမျိုး၊ဝက်ခြံ အမာရွတ် တွေ ကြောင့် စိတ်ညစ် နေတယ် ဆိုရင်တော့ ရေနွေးနဲ့ သံပုရာ ရည် ကို ညှစ်သောက်၊စိမ် သောက် ပေးပါ။

ကန်စွန်းဥ


ကန်စွန်းဥ ကလည်း အသား အရေ အတွက် ဆေးပါ။သူ့မှာဆိုရင်တော့ retinol နဲ့ beta-carotene တို့ ပါဝင်ပါတယ်။ခန္ဓာကိုယ်က နေ beta-carotene ကိို ဗီတာမင် အေ အဖြစ် ပြောင်းလဲ ပေးပါတယ်။ဗီတာ မင် အေ က တော့ အသား အ ရေ အ ရောင် မညီတာ၊ရောင် ရမ်းတာ၊ဆားဝက်ခြံ ၊အ ပေါက်လေးတွေ ဖြစ်တာ မိိျုးတွေ အတွက် ကောင်းပါတယ်။ Retinol က တော့ အလှ ကုန်တွေ မှာဆိုရင် မပါ မဖြစ် အ ရေးကြီးတဲ့ အရာတစ်ခုပါ။ ဝက်ခြံ နဲ့ အမာရွတ်တွေ၊အသား အ ရေ မညီညာတာတွေ အတွက် ကောင်းပါတယ်။

သင်္ဘောသီး


သင်္ဘောသီးမှာတော့ papain လို့ ခေါ်တဲ့ အင်ဇိုင်းတစ််မျိုး ပေါ ကြွယ်ဝ စွာ ပါဝင်ပါတယ်။ဆဲ လ် သေတွေ ကို ဖယ်ရှား ပေးပါတယ်။အမာရွတ် တွေ၊ အ ပေါက် လေးတွေ၊ဆားဝက်ခြံ တွေ အတါက် ကောင်းပါတယ်။အရေပြားကို ရေဓါတ် ဖြည့် တင်း ပေးနိုင်တဲ့ အစွမ်းလည်း သူ့မှာရှိပါတယ်။

ပန်းဂေါ်ဖီ


ဗီတာမင် စီနဲ့ Histidine လို့ ခေါ် တဲ့ Amino Acid တစ်မျိုး ပါပါတယ်။UV တွေ ကြောင့် ဖြစ်တဲ့ အမဲ စက် တွေ အ တွက် ကောင်းပါတယ်။ဗီတာ မင်စီ ကတော့ သံဓါတ်ကို ပိုပြီး စုပ်ယူနိုင် အောင် ပံ့ပိုုး ပေးတာ ကြောင့် အမာရွတ်တွေကို အမြန်ဆုံး သက်သာ စေပါတယ်။

Quinoa


သူက တော့ အ ပေါ်မှာရှိတဲ့ အရာ တွေ လောက် ရှာလို့ မလွယ်ပါဘူး။ Quinoa ဆိုတာက တော့ ထမင်း၊ဂျုံ ကစီဓါတ် အစားထိုးစားတဲ့ အရာပါ။သူ့မှာက ဗီတာ မင် B 3 ပေါ ကြွယ်ဝ စွာ ပါဝင်ပါတယ်။ Vitamin B3 ကိုတော့ niacinamide လို့ လူသိများပါတယ်။ အ ရေပြားတွေကို ချော မွတ်စေကာ၊ ရောင်ရမ်းတာ၊ယားယံ တာမျိုးတွေကို သက်သာ စေပါတယ်။ဝက်ခြံ ရောင် ရမ်းတာတွေ အတွက် လည်း ကောင်းပါတယ်။ Ecdysteroids လည်း ပါရှိပြီး အဲ့ဒီ အရာက တော့ ဝက်ခြံ ကြောင့် ဖြစ်တဲ့ အမာရွတ် တွေကို သက်သာ စေပါတယ်။

Credits : SHWEMOM

Leave a Comment