လူသားများရဲ့ဘဝကိုပြောင်းလဲစေနိုင်မယ့်သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိချက်များ

နေ့စဉ်ကြာလာတာနဲ့အမျှ ကျွန်ုပ်တို့ဟာ အနာဂတ်သိပ္ပံပညာ နဲ့ တစ်ခုပြီးတစ်ခု နီးစပ်လာပါတယ်။ကျွန်ုပ်တို့ရဲ့ကိုယ်တွင်း အင်္ဂါများကို ဆဲလ်အသစ်ဖြင့် ပြန်လည်ကြီးထွားစေခြင်း ၊ သားအိမ်အတုဖြင့် တိရစ္ဆာန်များကို မွေးဖွားခြင်း နှင့် အာကာသထဲတွင် ကမ္ဘာဂြိုလ် ကဲ့သို့ တူသော ဂြိုလ်ကို ရှာဖွေရန် ကြိုပမ်းနေကြခြင်းစတဲ့အချက်တွေကိုကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။

(၁)အီဘိုလာ ဗိုင်းရပ်စ်ကို အနိုင်ယူခြင်း

13 Life-Changing Scientific Discoveries Humanity Should Be Proud Of

၂၀၁၆ ခုနှစ်တွင် ကနေဒါနိုင်ငံရှိ ပြည်သူ့ကျန်းမာရေးအေဂျင်စီဟာ ဆေးဝါးကုမ္ပဏီ MSD နှင့်အတူ ပူးပေါင်းပြီး အီဘိုလာ ရောဂါကာကွယ်ဆေးကိုတီထွင်ခဲ့ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဤကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ ၇၅ မှ ၁၀၀% အတွင်းရှိသည်ဟု စမ်းသပ် ပြောပြခဲ့ပါတယ်။ နှစ်ပေါင်း လေးဆယ်အတွင်း ပထမဆုံးပြောင်းလဲလာပြီး အီဘိုလာဗိုင်းရပ် ထက် လူသားများဟာ ပိုပြီးအားကောင်းလာခဲ့ပါတယ်။

(၂)ပလူတိုဂြိုလ်သို့ခရီးသွားခြင်း

13 Life-Changing Scientific Discoveries Humanity Should Be Proud Of

NASA ၏ New Horizons မစ်ရှင်ကို ၂၀၀၆ ခုနှစ်တွင်ပလူတိုအားပြည့်စုံသောဂြိုလ်အဖြစ်သတ်မှတ်ခဲ့ချိန်ကစတင်ခဲ့ပါတယ်။The New Horizons ၏ အာကာသယဉ်ဟာ သတ်မှတ်တဲ့နေရာကို ရောက်ဖို့ ၉နှစ်ကြာ အချိန်ပေးခဲ့ပြီး ပလူတိုနှင့်
ကမ်ယွန်(ပလူတို၏လ)တို့ရဲ့ ပထမဆုံး အရောင်ပါရှိတဲ့ ဓာတ်ပုံကို ရယူနိုင်ခဲ့ပါတယ်။နေအဖွဲ့စည်း တွင်မစူးစမ်းမလေ့ရသေးတဲ့ ဂြိုလ် မရှိတော့ပါဘူး။

(၃)DNA အစိတ်ပိုင်းကို အစားထိုးခြင်း

13 Life-Changing Scientific Discoveries Humanity Should Be Proud Of

တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံရှိ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ ဗီဇအစားထိုး ကိရိယာ CRISPR-Cas9 စက်ဖြင့် လူသားတို့တွင် လိုအပ်နေသော DNA အစိတ်အပိုင်းများကိုဖြတ်တောက်ခြင်း၊ ပြင်ဆင်ခြင်းနှင့်အစားထိုးခြင်းကိုလုပ်ဆောင်နိုင်ရန် ဆက်လက် ဖန်တီးကြိုးပမ်းနေကြပါတယ်။လူသားတစ်ဦးရဲ့ မျိုးရိုးဗီဇကို ပြုပြင်ရန်အတွက် အခွင့်အရေးကို ရရှိနီးပါးဖြစ်နေပါပြီ။ ဤကိရိယာဟာ ဆရာ၀န်များအတွက် မျိုးရိုးဗီဇပြောင်းလဲမှုဖြစ်စေတဲ့ရောဂါများကို ကူညီပေးနိုင်ပါလိမ့်မယ်။

(၄)ရှေးခေတ်လူများရဲ့အကြွင်းကျန်ကို ရှာဖွေတွေ့ရှိခြင်း

13 Life-Changing Scientific Discoveries Humanity Should Be Proud Of

၂၀၁၃ခုနစ်တွင် ပါ‌‌မောက္ခ Lee Berger ဟာ Dinadelဂူသို့ လေ့လာရေးခရီးထွက်ရန် အဖွဲ့တစ်ခု ဖွဲ့ကာ လေ့လာခဲ့ပြီး ဂူတွင် ရှေးကျောက်ဖြစ်ရုပ်ကြွင်းပေါင်း ၁၅၀၀ ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။Homo naledi ဟုခေါ်သော ရှေးခေတ်လူများရဲ့ရုပ်ကြွင်းများကိုလေ့လာပြီးနောက် ၎င်းတို့ဟာ လူသားမျိုးနွယ်တွင် အစောဆုံးပိုင်းကဖြစ်သည်ဟုကောက်ချက်ချခဲ့ကြပါတယ်။သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း 2-3 သန်းခန့်က အသက်ရှင်နေထိုင်ခဲ့ကြသူများဖြစ်ပါတယ်။

(၅)သက်ရှိဆဲလ် များကို ကယ်ပေးနိုင်မဲ့ တစ်ရှူးကို ပုံနှိပ်ခြင်း

13 Life-Changing Scientific Discoveries Humanity Should Be Proud Of

Wake Forest Instituteက သုတေသန ပညာရှင်များဟာ လူသား တစ်ရှူးများကို ပြန်လည်ကောင်းမွန်လာစေတဲ့ ဆေးပညာဖြင့် အစားထိုးပုံနှိပ်ပေးနိုင်မဲ့ နည်းလမ်းတစ်ခုကို တီထွင်ခဲ့ကြပါတယ်။ဆဲလ်များကို မှင်ထည့်သည့်နေရာတွင် ထားပြီး ပုံတူ ပုံနှိပ်ထုတ်ရန် ပရင်တာက အလုပ်လုပ်ပေးပါတယ်။ဤတီထွင်မှုဟာ သိပ္ပံပညာရှင်များအတွက် အနာဂတ်တွင်ခြေလက်အင်္ဂါများနှင့်ကိုယ်တွင်းအင်္ဂါများကြီးထွားစေရန် အကူညီရရှိစေပါတယ်။

Leave a Comment