လူများဟာ အာကာသအတွင်းတွင် အသက်ရှူကိရိယာများမပါပဲ မည်သို့ရှင်သန်နိုင်ကြောင်းလေ့လာနိုင်ခဲ့ပြီး နေအဖွဲ့အစည်း ဆိုလာစနစ်တွင်းရှိ မည်သည့်ဂြိုလ်ပေါ်တွင်မဆို အသက်ရှင်နေထိုင်နိုင်မည့်နည်းလမ်းများကို တွေ့ရှိခဲ့သည်ဟု ယူဆကြပါဆို့။ဤအချက်လက်က မဝေးတော့တဲ့အနာဂတ်တွင်မဖြစ်ပေါ်လာနိုင်သော်လည်း လူတစ်ဦးဟာ တခြားဂြိုလ်တစ်ခုပေါ်တွင် မည်သည့် အထောက်ကူပစ္စည်းမှမပါပဲ ဘယ်လိုရှင်သန်ကြမှာလဲ။ပြီးတော့ ကျွန်တော်တို့သိထားတဲ့ Elon Muskရဲ့ကြီးမားတဲ့ ရည်မှန်းချက်တွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ အာကာသခရီးကို မျှော်လင့်ထားတဲ့အချိန်ထက် စောစောခရီးသွားနိုင်ပါလိမ့်မယ်။
(၁)မာကျူရီဂြိုလ်

အကယ်၍သင်ဟာ ဒီဂြိုလ်ကို သွားရောက်လည်ပတ်ချင်ပါက မနှစ်မြို့ဖွယ်ကောင်းတဲ့ အကျိုးဆက်များကို ရှောင်ရှားရန် အချိန်သေချာသတ်မှတ်နိုင်ဖို့လိုပါတယ်။ မာကျုရီဂြိုလ်ပေါ်ရှိ အပူချိန်ပြောင်းလဲခြင်းဟာ လုံးဝကို ရူးသွပ်စေလောက်ပါတယ်။နေ့ပိုင်းတွင် ၈၀၀ ဒီဂရီဖာရင်ဟိုက်ထိရောက်နိုင်ပြီး ညပိုင်းအချိန်တွင် -၂၆၀ ဒီဂရီဖာရင်ဟိုက်ထိကျဆင်းနိုင်ပါတယ်။မာကျုရီဟာ နှေးကွေးစွာလည်ပတ်သောကြောင့် အသက်ရှင်သန်နိုင်ရန်ဖို့အတွက်ပြဿနာကတော့ နေ့ပိုင်းအပူချိန်နှင့် ညပိုင်းအပူချိန်ပြောင်းလဲမှုကို သက်တောင့်သက်သာရှိသော အခြေနေတွင်ရှိဖို့လိုအပ်ပါတယ်။ထိုအခြေအနေများကြောင့် ဘာအကာအကွယ်အသက်ရှုကိရိယာမှအပါဘဲ ရပ်နေမယ်ဆိုပါက သင်ဟာ စက္ကန့် ၉၀ လောက်သာအသက်ရှင်နိုင်မှာပါ။
(၂)ဗီးနပ်စ်ဂြိုလ်

အကယ်၍ သင်ဟာ ဗီးနပ်ဂြိုလ်တွင် ခြေချနိုင်ရန်အခွင့်လမ်းရှိခဲ့ပါက ဂြိုလ်ပေါ်တွင် ၁စက္ကန့်သာ သင်အသက်ရှင်နိုင်မှာပါ။ဒီဂြိုလ်ရဲ့ လေထုဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ၉၈% ရှိပြီး လေထုဖိအားမှာ ကမ္ဘာဂြိုလ်ထက် 90ဆ ပိုမိုများပြားပါတယ်။ထို့အပြင်၎င်းရဲ့ မျက်နှာပြင်တစ်ခုလုံးကိုထူထပ်သောတိမ်များဖြင့်ဖုံးလွှမ်းနေပြီး ဆာလ်ဖျူရစ်အက်စစ်မိုးရွှာချပါတယ်။ထို့အပြင်ဂြိုလ်ရဲ့အပူချိန်မှာ အလွန်ပူပြီး ပျမ်းမျှအပူချိန် ၈၀၀ ဒီဂရီဖာရင်ဟိုက်အထိရှိပါတယ်။
(၃)မားလ်ဂြိုလ်

မာစ်းဂြိုလ်ဟာ ပထမဆုံး လူသားများကျုးကျော်နေထိုင်နိုင်မဲ့ဂြိုလ်ဖြစ်သော်လည်း ဂြိုလ်ပေါ်တွင်ကြာရှည်စွာနေနိုင်မဲ့အချိန်ဟာ စက္ကန် ၈၀ခန့်ပဲဖြစ်ပါတယ်။ဂြိုလ်၏ လေထုမှာ 95% ကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်ပြီး ပျမ်းမျှအပူချိန်မှာ -၈၀ ° F ရှိပြီးအလွန်အေးသော ဂြိုလ်ဖြစ်ပါတယ်။
(၄) ဂျူပီတာဂြိုလ်

နေအဖွဲ့စည်းတွင်အကြီးဆုံးဂြိုလ်ဟာ သင်ကို တစ်စက္ကန့်တောင်နေခွင့်ပေးမှာမဟုတ်ပါဘူး။ပြီးသော ဒီကြီးမားတဲ့ဂြိုလ်ကြီးသာ ကျွန်တော်တို့လိုရိုးရှင်းတဲ့လူသားတွေ မခံနိုင်လောက်မဲ့ ပြင်းထန်သောလေများ နှင့် ဟာရီကိန်းမုန်တိုင်းများကြောင့်သင့်ကို ထိတ်လန့်စေပါလိမ့်မယ်။ဂြိုဟ်ကို အခြေခံအားဖြင့်ဟိုက်ဒရိုဂျင်နှင့်ဟီလီယမ်များဖြင့်ဖွဲ့စည်းထားသည့်ဓာတ်ငွေ့လေထု တစ်ခုဖြင့်ဝန်းရံထားပါတယ်။
(၅)စေတန်ဂြိုလ်

ဒီဂြိုလ်ကတော့ နောက်ထပ်တစ်က္ကန့်တောင် သင်အသက်ရှင်နေထိုင်လို့မရတဲ့ ဂြိုလ်ကြီးတစ်လုံးပဲဖြစ်ပါတယ်။Saturn ဂြိုလ်ဟာ ဓာတ်ငွေ့တိမ်များအပြင်တစ်နာရီလျှင် ၁၈၀၀ ကီလိုမီတာအထိတိုက်ခတ်နိုင်သောအလွန်ပြင်းထန်တဲ့လေများရှိပါတယ်။saturnဂြိုလ်၏မျက်နှာပြင်ပေါ် တွင် ကြီးမားတဲ့ လေဆင်နှာမောင်း ဖြစ်ပေါ်တတ်ပြီး သက်ရှိသတ္တဝါများ မျက်တောင်တစ်ခတ်အတွင်းမှာဘဲ ပျောက်ကွယ်သွားနိုင်လောက်အောင်ကြီးမားပါတယ်။
(၆)ယူရေးနပ်စ်ဂြိုလ်

ဤဂြိုလ်ကို ရေပူများ ၊ အမိုးနီးယား နှင့် မီသိန်းအရောနှောများဖြင့်ဖုံးလွှမ်းထားပါတယ်။တကယ်တော့ ဒီဂြိုလ်မှာ သင်ဘယ်လောက်ကြာကြာ နေနိုင်မလဲဆိုတာ သေချာမပြောနိုင်ပါဘူး။ဘာလို့လဲဆိုတော့ ဂြိုလ်ပေါ်ကို ခြေချဖို့အချိန်တွင်းမှာပဲ အားပြင်းတဲ့ ရောနှောမှုတွေထဲမှာ ချက်ချင်းနီးပါးပျော်ဝင်သွားနိုင်ပါတယ်။ထို့ကြောင့်ရှင်သန်ဖို့အချိန်မရှိပါဘူး။ထို့ပြင် ယူရေနီယမ်ဟာ အလွန်ကြမ်းတမ်းတဲ့ဒြပ်ထုတစ်ခုဖြစ်ပါတယ်။ဂြိုလ်ပေါ်ကိုဆင်းသက်ဖို့ မာကျောလောက်တဲ့မျက်နှာပြင်မရှိပါဘူး။
(၇)နက်ပကျွန်းဂြိုလ်

ဒီဂြိုလ်ပေါ်မှာရှိတဲ့ လူသားတစ်ဦးအတွက် ရှင်သန်ဖို့တစ်စက္ကန့်တောင်အချိန်မရှိနိုင်ပါဘူး။ကြောက်မက်ဖွယ်ရာသီဥတုအခြေေနကြီးကြောင့် သတိမပြုလိုက်ခင် တခဏအတွင်းမှာပဲ မည်သည့် အရာဝတ္ထုကိုမဆို ဖျက်ဆီးနိုင်ပြီး ၊ပြင်းထန်တဲ့လေတိုက်နှုန်းများထဲအကုန် ရောပါသွားနိုင်ပါတယ်။Neptune ပေါ်ရှိကြောက်မက်ဖွယ်ကောင်းသောလေသည်တစ်ခါတစ်ရံတွင်အသံမြန်နှုန်းထက် ပို၍ မြန်ဆန်နိုင်ပါတယ်။