ယနေ့နံနက်ပိုင်း COVID-19 ထပ်တိုးလူနာသစ် ၆၆ ဦးနှင့် သေဆုံးသူ ၁ ဉီးထပ်တိုး တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ယနေ့ နံနက်ပိုင်းတွေ့ရှိသည့် ကိုဗစ်လူနာ ၆၆ ဦးတွင် မန္တလေးမှ ၁၇ ဦး၊ ရန်ကုန်မှ ၄၃ ဦး၊ ရခိုင်မှ ၃ ဦး၊ ကရင်မှ ၁ ဦး နှင့် ဧရာဝတီတိုင်းမှ ၂ ဦးပါဝင်ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၄၆) နှစ် အရွယ် ဓာတ်ခွဲအတည်ပြုလူနာ (Case – 1236) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တ ရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းနှင့် ဆီးချိုရောဂါ အခံ ရှိပြီး (၅-၉-၂၀၂၀) ရက်နေ့၊ ညနေ (၂:၅၅) နာရီအချိန်တွင် သေဆုံးခဲ့ပါတယ်လို့ဆိုပါတယ်။
(၆-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၃၀) နာရီ သတင်းထုတ်ပြန်ချက်အရ (၅-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၁,၄၇၄)ခု အား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၆) ဦး တွေ့ရှိရပါတယ်လို့ဆိုပါတယ်။
(၆-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၃၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၃၁၉) ဦးရှိပြီ ဖြစ်ကာ သေဆုံးသူမှာ ၈ ဦးအထိ ရှိပါတယ်။