ယနေ့ခေတ်လူအဖွဲ့အစည်းရဲ့ သဘောသဘာဝတွေကို ဖော်ပြနေတဲ့ရုပ်ပြပုံများ

ယနေ့ခေတ်လူအဖွဲ့အစည်းရဲ့ သဘောသဘာဝတွေကို ဖော်ပြနေတဲ့ရုပ်ပြပုံများ

သမိုင်းမှတ်တမ်းတွေထဲမှာ အရင်ကရှိခဲ့တဲ့ အရာရာတိုင်း အကောင်း သာမက အဆိုးတွေပါ ပြောင်းလဲသည်ကို မြင်တွေ့ရပါတယ်။ ဂေဟစနစ် ထိခိုက်ပျက်စီးလာသည်နဲ့ အမျှ လူသားတို့ဟာလည်း စမတ်ဖုန်းနှင့် လူမှုကွန်ရက် အသုံးပြုသူ ပိုများလာပါတယ်။အင်တာနက်ပေါ်ရှိ သတင်းအချက်လက် အရာအားလုံးကို အလွယ်တကူရရှိနိုင်ပေမဲ့ အမှန်လား အမှားလားဆိုတာကို သေချာ ခွဲခြားဖို့လိုပါတယ်။အွန်လိုင်းမှာတွေ့မြင်ရတဲ့ အရာတိုင်းဟာ သူ့ရဲ့ အားသာချက် အားနည်းချက်တွေ ရှိပါတယ်။နည်းပညာတိုးတက်မှုဟာ လူနေမှုပုံစံကို တဆင့်မြင့်စေခဲ့ပြီး လူသားတို့အနေဖြင့် သဘာ၀တရားကောင်းမွန်စေဖို့ ခြေတစ်လှမ်းတိုးရမည်ဖြစ်ပါတယ်။

(၁)ပေးကမ်းလှူဒါန်းမှုတွေ

credit photo

မရှိသောလူတွေ ဆင်းရဲသားတွေကို အာရုံစိုက်ပြီး လှူနေကြတာတွေ ရှိတော့ ချမ်းသာတဲ့လူအများစုကလည်း လူတွေရဲ့ အာရုံစိုက်မှုကို လိုချင်လာတဲ့အခါ သူတို့ ကူညီပေးနေတာကို ပြသကြပါတယ်။

(၂)မရှိတဲ့အရာတွေအတွက် လိုချင်တဲ့ဆန္ဒတွေ

credit photo

လူတိုင်းက သူတို့မှာ ရှိပြီး ပြည့်စုံနေတဲ့ အရာကို မေ့လောက်တဲ့ထိ ကြိုးစားရင်း မရှိသေးတဲ့ အရာကို လိုချင်လာကြပါတယ်။ပြီးတော့ သူတို့လိုချင်ခဲ့တဲ့အရာ‌ေတွက သူတို့နဲ့အတူရှိစဉ်မှာ တန်ဖိုးထားမနှစ်သက်မိလို့သာ နောင်တရကြပါတယ်။

(၃)အချစ်ကို ထပ်မံရှာဖွေခြင်း

credit photo

‌လိမ်လည် ဖောက်ပြန်ခြင်းဟာ စွန့်လွှတ်ဖို့ ခက်ခဲသော အရာတစ်ခုဖြစ်ပါတယ်။လက်တွဲဖော်ဟာ တခြားကိစ္စတစ်ခုခုကြောင့်သော်လည်းကောင်း ၊ အတူရှိချိန်နည်းခြင်းကြောင့်သော်လည်းကောင်း ဖြစ်တတ်ကြပြီး အချိန်အတူတူပိုကုန်ဆုံးပေးတဲ့ နောက်တစ်ယောက်စီတွင် နောက်ကွယ်၌ အချစ်သစ်ရှာဖွေတတ်ကြပါတယ်။

(၄)ဦးနှောက် ဖွံဖြိုးအောင် လုပ်ပေးခြင်း

credit photo

သင်ဟာ အရေးမကြီးတဲ့ အရာတွေ ပေါ် အချိန်ဖြုန်းမယ့်အစား အချိန်ကို အကျိုးရှိ‌စွာ အသုံးချဖို့အတွက် အရေးကြီးသော သင့်ရဲ့စိတ်ကူးစိတ်သန်းတွေ အသိဉာဏ်ဆင့်ကဲပြောင်းလဲစေဖို့အတွက် အချိန်ပိုယူပြီး ကြိုးစားပါ။

(၅)စိတ်ကို ပုံဖော်ပါ

credit photo

ယနေ့ခေတ်အဖြစ်မှန်ဟာ နားလည်ဖို့အတွက် ထူးဆန်းလွန်းလှပါတယ်။သူတို့က သင့်ရဲ့စိတ်ကို စာအုပ်နာမည်တစ်ခုနဲ့ သူတို့စိတ်ကြိုက်ပုံဖော်စေပြီး သင့်စီက လိုချင်တာတွေရဖို့ အတွက် ဖိအားပေးခြင်းဖြင့် သင့်စိတ်ကိုတည်ဆောက်ပါတယ်။

(၆)လူမှု့ကွန်ယက်တွင် ရေးတင်ခြင်း

credit photo

လူတွေဟာ facebookလိုမျိုး လူမှုကွန်ယက်တွေမှာ ဘယ်သူ့ အကြောင်းကိစ္စမှ မဟုတ်ပဲနဲ့ ကြုံရာကျပန်းစာသားတွေ ရေးတင်တတ်ကြပါတယ်။လူမှုကွန်ယက်တွေဟာ ဒီလိုမျိုး အချိန်ဖြုန်းမဲ့အစား အသိပညာ ဗဟုသုတများကို ဝေမျှဖို့အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။

(၇)ရူပ်ထွေးနေတဲ့ စိတ်

credit photo

ကျွန်တော်တို့ဟာ အေးဆေးငြိမ်းချမ်းမှုကို ရရှိဖို့အတွက် မကြာခဏ ခရီးထွက်တတ်ကြပါတယ်။ဒါပေမဲ့ တကယ့်ငြိမ်းချမ်းမှုအစစ်ကို ရှာဖွေတွေ့ရှိဖို့ ‌အဖြေများစွာ ရှာသင့်ပြီး မှန်ကန်တဲ့ ငြိမ်းချမ်းမှုမျိုးကို လမ်းညွှန်ပြသနိုင်ဖို့ ဆရာတစ်ဦးလည်းလိုအပ်ပါတယ်။

(၈)ပိုက်ဆံက ဘုရားသခင်ပဲ

credit photo

ကျွန်တော်တို့ရဲ့ စိတ်ကူးစိတ်သန်းတွေ ၊ စိတ်တွေ ၊ မျက်လုံးတွေ ၊ ပါးစပ်တွေ ၊ နားတွေကို သူဌေးတွေက ပိုက်ဆံနဲ့ပိတ်ချပစ်ပြီး အမှန်တရားကို မမြင်နိုင် ၊မကြားနိုင် ၊ မပြောနိုင် ဖြစ်စေပါတယ်။

Leave a Comment