မှတ်ညဏ်ကောင်းစေဖို့အတွက် ဘာတွေစားရမလည်း

ကိုယ့်ရဲ့ သားသမီးလေးတွေကို မှတ်ညဏ်ကောင်းစေဖို့အတွက် ဘာတွေ ကျွေးမွေးရမလည်းဆိုတဲ့ ဖေဖေမေမေတို့အတွက် လည်း ရည်ရွယ်သလို အသက်အရွယ်ရလာတဲ့ အခါမှာ မှတ်ညဏ်ချို့ယွင်းတဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်ထားချင်တဲ့ သူတွေလည်း ဒီအစားအစာလေးတွေကို ပုံမှန်စားသုံးသင့်ပါတယ်။

၁။အဆီများတဲ့ ငါး

4.jpg

မှတ်ညဏ်ကောင်းစေတဲ့ အစားအစာများကို ပြောရရင် နံပါတ် ၁ထိပ်ဆုံးမှာ ပါဝင်တာကတော့ အဆီများတဲ့ ငါးတွေပါပဲ။ ဆဲလ်မွန်ကဲ့ သို့သော ငါးများကို လည်း စားနိုင်သလို အဆီပါဝင်မှုများတဲ့ ငါးတွေကို စားခြင်းကလည်း မှတ်ညဏ်ကောင်းမွန်စေဖို့အတွက် အထောက်အကူ ပြုစေနိုင်ပါတယ်။

၂။ကော်ဖီ

မနက်တိုင်း ကော်ဖီသောက်ရတာကြိုက်တယ်ဆိုရင်တော့ အဲ့ဒီ့အကျင့်ကို စွန့်ပစ်စရာ မလိုအပ်ပါဘူး။ ကော်ဖီကို တစ်နေ့တစ်ခွက်လောက်ပုံမှန်သောက်ခြင်းကလည်းမှတ်ညဏ်ဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ကောင်းမွန်စေတာကြောင့် သောက်သုံး သင့်ပါတယ်။တစ်ခုသတိထားသင့်တော့ ကဖိန်းဓာတ်ကို အလွန်အကျွန်သောက်သုံးခြင်းက ကျန်းမာရေး အတွက် မသင့်တော်ပါဘူး။

၃။ဘယ်ရီသီးများ

1.jpg

စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့လို အန်တီအောက်စီးဒန့် ကြွယ်ဝတဲ့ အသီးအနှံများဟာ ဦးနှောက်

မှတ်ညဏ်များကို ကောင်းမွန်စေတာကြောင့်များများ စားသုံးပေးသင့်ပါတယ်။နေ့တိုင်း လက်တစ်ဆုပ်စာခန့် ပုံမှန်စားသုံးပေးသွားမယ်ဆိုရင်တော့ ဦးနှောက်ကျန်းမာရေးကို အထောက်အကူ များစွာပြုစေပပါတယ်။

၄။နနွင်းမှုန့်

5.jpg

နနွင်းမှုန့်မှာပါဝင်တဲ့ အစွမ်းထက် ကျူကာမင်းဟာ မှတ်ညဏ်ကောင်းမွန်စေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ဒါကြောင့် မှတ်ညဏ်ကောင်းမွန်စေဖို့အတွက် ဆို ဟင်းချက်တိုင်း နနွင်းမှုန့်ကို ထည့်သွင်းချက်နိုင်ပါတယ်။

၅။အနက်ရောင် ချောကလက်

2.jpg

အချိုနှင့် သကြား များစွာစားသုံးခြင်းက မှတ်ညဏ်ကို ပျက်စီးစေနိုင်ပါတယ်။ သရေစာကြိုက်နှစ်သက်တဲ့သူတွေဆိုရင်တော့ အချိုနှင့် သကြားတွေကို စားမယ့်အစား အနက်ရောင်ချောကလက်ကိုပဲ စားသုံးပေးသင့်ပါတယ် အနက်ရောင်ချောကလက်ကို စားသုံးခြင်းက ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို တိုးတက်စေပြီး မှတ်ညဏ်ကိုကောင်းမွန်စေပါတယ်။

Leave a Comment