မျက်နှာသစ်တဲ့အခါမှားတတ်တဲ့အမှားလေးများ

လူတိုင်းနေ့စဉ်မနက်အိပ်ယာထတာနဲ့ မျက်နှာသစ် သွားတိုက်လုပ်ကြပါတယ်။နောက်ကျမှပဲထထ စောစောပဲထထ မျက်နှာတော့သစ်ကြပါတယ်။တစ်နေ့ကို မျက်နှာဘယ်နှစ်ခါလောက်သစ်သင့်လဲဆိုတော့ ကိုယ့်ရဲ့ တစ်နေ့တာလှုပ်ရှားမှူနဲ့လည်းသက်ဆိုင်ပါသေးတယ်။တစ်နေကုန်အပြင်သွားထားတဲ့ လူတစ်ယောက်အနေနဲ့ ညဘက်အိမ်ပြန်ရောက်ရင်မျက်နှာပေါ် ကပ်ပါလာမယ့် ဖုန်မှုန့်တွေ အညစ်အကြေးတွေကို သေချာဆေးကြောသင့်ပါတယ်။မျက်နှာသစ်တဲ့အခါမှာ ဘယ်လိုအမှားလေးတွေကို ရှောင်ကြဉ်ရမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။

kmfgjkgj.jpg

၁ — မကြာခဏမျက်နှာသစ်ခြင်း

မျက်နှာသစ်တယ်ဆိုတာ မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်အောင် ဆေးကြောတာပါ။ဘယ်လိုပဲ သဘာဝအတိုင်းလုပ်ထားပါတယ်ပြောပြော မျက်နှာကို မျက်နှာသစ်ခရင်မ်တွေနဲ့ ခဏခဏသစ်နေခြင်းက အရေပြားအတွက်မကောင်းပါဘူး။မျက်နှာခဏခဏသစ်တဲ့ဆိုးကျိုးတစ်ခုက အဆီပြန်စေတာပါ။တကယ်လို့ ကိုယ်က မနက်ပိုင်းမှာ မျက်နှာသစ်ပြီးပြီ တစ်နေကုန်လည်း အိမ်မှာပဲနေတယ်ဆိုရင် ညဘက်ကို မျက်နှာသစ်ခရင်မ်မသုံးပဲနဲ့ ရေနွေးနွေးလေးနဲ့ပဲ သစ်ပေးသင့်ပါတယ်။

dsgh.jpg

၂ — မျက်နှာမကြာခဏဂျီးချွတ်ခြင်း

မျက်နှာဂျီးချွတ်တယ်ဆိုတာ မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားရှင်းလင်းတာပါ။တစ်ပါတ်ကို နှစ်ခါ သုံးခါလောက်ပဲ ဂျီးချွတ်တာကိုလုပ်သင့်ပါတယ်။ဂျီးချွတ်လိုက်လို့မျက်နှာလေးဝင်းသလိုခံစားရတယ်ဆိုပြီး နေ့တိုင်းနီးပါးမလုပ်သင့်ပါဘူး။ဂျီးချွတ်တဲ့အခါမှာ တာဝါကိုသုံးပြီး အတင်းကြီးမျက်နှာအသားအရေကို ပွတ်ပြီးလုပ်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

safg.jpg

၃ — မျက်နှာသစ်ပြီးချိန် ပုဝါနဲ့သုတ်ခြင်း

မျက်နှာသစ်ပြီးတဲ့အခါမှာ တော်တော်များများက သဘက်ပုဝါနဲ့ပွတ်ပြီးရေသုတ်တတ်ကြပါတယ်။မျက်နှာကို ရေပြောင်အောင်သုတ်တယ်ဆိုပေမယ့် ပွတ်ဆွဲတာမျိုးမလုပ်သင့်ပါဘူး။ရေတွေကို တို့ပြီးပြောင်အောင်သုတ်လို့ရပါတယ်။မျက်နှာအသားအရေက နူးညံ့တာမလို့ မျက်နှာသုတ်ပုဝါကိုလည်း သန့်သန့်ရှင်းရှင်းထားသင့်ပါတယ်။

cdgf.jpg

၄ — မျက်နှာကို ရေနဲ့သေချာမဆေးခြင်း

တစ်ခါတစ်လေမနက်ပိုင်းအချိန်မလောက်လို့ပဲဖြစ်ဖြစ် အလုပ်သွားဖို့နောက်ကျနေလို့ပဲဖြစ်ဖြစ်  မျက်နှာသစ်ပြီးတဲ့အခါမှာ ရေနဲ့သေချာမဆေးမိတတ်ကြပါဘူး။များသောအားဖြင့် မေးစေ့ ဆံပင်အစပ်နားလေးတွေက ရေနဲ့သေချာဆေးဖို့မေ့နေတတ်ကြပါတယ်။မျက်နှာသစ်ပြီးမှ မျက်နှာသစ်ခရင်မ်တွေကျန်နေတာမျိုးဖြစ်ဖူးကြမှာပါ။အဲ့လိုဖြစ်တာမျိုးက မျက်နှာအရေပြားပေါ်မှာ အညစ်အကြေးတွေကပ်လာစေပြီးတော့ ချွေးပေါက်ပိတ်ကာ အသားအရည်ကိုခြောက်သွေ့စေပါတယ်။

dsfrg.jpg

၅— မျက်နှာကိုရေနွေးနဲ့သစ်ခြင်း

မျက်နှာအရောပြားအောက်မှာ သွေးကြောမျှင်သေးသေးလေးတွေနဲ့ဖွဲ့စည်းထားတာပါ။ရေနွေးနဲ့သစ်မယ်ဆိုရင် သွေးကြောမျှင်လေးတွေကို ထိခိုက်စေပြီးတော့ မျက်နှာနီရဲတာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။အသားအရေကိုလည်း ခြောင်သွေ့စေပြီးတော့ စိုပြေတဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ရေနွေးနဲ့သစ်တာထက်စာရင် ရေအေးနဲ့ဆတူရောပြီး နွေးနွေးလေးသစ်တာက အသားအရေမှာရှိတဲ့ အညစ်အကြေးတွေကို ပိုပြီးဖယ်ရှားပေးနိုင်ပါတယ်။


မျက်နှာအရေပြားက နူးညံ့တဲ့အစိတ်အပိုင်းဖြစ်တာကြောင့် သေချာဂရုတစိုက်နဲ့ သန့်စင်ပေးဖို့လိုအပ်ပါတယ်။မျက်နှာသစ်တာကို နည်းစနစ်မှန်မှန်နဲ့သစ်ပေးမယ်ဆိုရင် အာဟာရပြည့်ဝ စိုစိုပြည်ပြည်အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

Leave a Comment