သင်ကိုယ်တိုင် FA တစ်ယောက်ဖြစ်နေလို့ စိတ်အားငယ်မနေပါနဲ့။မိန်းကလေးတစ်ယောက်ကိုယ့်ကို ကြွေစေဖို့ဆိုတာ ကိုယ့်ဘက်ကလည်း ကြွေစေနိုင်မယ့် အကျင့်လေးကောင်းလေးတွေရှိနေဖို့လိုအပ်ပါတယ်။Hairstyle ပြောင်းတာတွေ ဖက်ရှင်အကောင်းစားကြီးတွေပြောင်းလဲပြီး ကိုယ့်ကို စိတ်ဝင်စားအောင်လုပ်နေတာက နည်းလမ်းအမှန်ကြီးလည်းမဟုတ်ပါဘူး။ဘယ်လိုမျိုး အပြုအမူလေးတွေက မိန်းကလေးတွေကိုဆွဲဆောင်နိုင်ပြီး ကြွေစေမလဲဆိုတာကို အလင်းပြပေးလိုက်ပါတယ်။
၁ — အကြည့်တစ်ချက်
လူတစ်ယောက်ရဲ့ စိတ်ထဲက ခံစားချက်ကို မျက်လုံးကနေတဆင့်ပို့ဆောင်ပေးနိုင်ပါတယ်။အကြည့်တွေမှာစွမ်းအားရှိတာမလို့ စိုက်ကြည့်နေစရာတော့မလိုပေမယ့် အမှတ်တမဲ့ မျက်လုံးခြင်းဆုံတဲ့အခါမှာ နွေးထွေးပြီး နူးညံ့တဲ့ အကြည့်လေးတွေနဲ့ ကြည့်ပေးပါ။ဘယ်မိန်းကလေးမှ အဲ့ဒီလို အကြည့်ကို ရင်မခုန်ပဲမနေပါဘူး။
၂ — စကားပြောကောင်းရမယ်
စကားပြောကောင်းရမယ်လို့ပြောတဲ့နေရာမှာ တော်ကီကောင်းနေရမယ်လို့မပြောပါဘူး။ကိုယ်ပြောတဲ့စကားကို တာဝန်ယူမှူအပြည့်နဲ့ လေးနက်စွာပြောတတ်ဖို့ပါ။စကားလုံးတွေမှာ ရင်ထဲကို ထိစေနိုင်မယ့် စွမ်းအားတွေရှိတာမလို့ ကိုယ်ပြောမယ့်စကားက ဆွဲဆောင်မှူရှိတဲ့ ပုံစံဖြစ်နေရပါမယ်။သူ့အတွက် ဂရုစိုက်တဲ့ စကားလေးတွေကို ချိုသာစွာပြောတတ်ဖို့လိုပါလိမ့်မယ်။
၃ — သပ်သပ်ရပ်ရပ်နေတတ်ခြင်း
မိန်းကလေးတော်တော်များက သပ်သပ်ရပ်ရပ်နေတတ်တဲ့ ကောင်လေးတွေကို သဘောကျကြပါတယ်။ဖက်ရှင်အကောင်းစားကြီးတွေ ဝတ်နေမှမဟုတ်ပါဘူး။ပုံမှန်ရိုးရိုးရှပ်နဲ့ ပုဆိုးကိုသပ်သပ်ရပ်ရပ်လေးဝတ်တတ်ရင်ကို သူတို့ရဲ့ မျက်လုံးထဲမှာ အမှတ်တွေပေးနေပါပြီ။သပ်သပ်ရပ်ရပ်နေတဲ့အထဲမှာ အဝတ်အစားတစ်ခုတည်းတင်မဟုတ်ပဲနဲ့ ဆံပင်ကိုသန့်ရှင်းသပ်ရပ်နေတာမျိုး လက်သည်းခြေသည်းတွေကို သန့်သန့်ရှင်းရှင်းထားတာမျိုးအပြင် သွားတွေသန့်ရှင်းနေဖို့ကလည်း အရေးကြီးပါတယ်။ကောင်မလေးတွေကြွေတာကိုလိုချင်ရင် လက်သည်းခြေသည်းကိုလည်း မညှပ်ရင်တောင် အရှည်ကြီးတွေ လက်သည်းအောက်မှာ ချေးတက်နေတာမျိုးတွေမထားသင့်ပါဘူး။
ရယ်လိုက်ရင် ကွမ်းချေးတက်နေတဲ့သွားမျိုး ဝါထိန်နေတဲ့သွားမျိုးက ဆွဲဆောင်မှုကို လျော့ကျစေမှာပါ။
၄ — ဟာသဉာဏ်ရွှင်ခြင်း
ဒါကတော့ လူတိုင်းမှာ မရှိတတ်ကြပါဘူး။ဟာသဉာဏ်ရွှင်ဖို့ဆိုတာက ပုံမှန် ပါရမီပါလာတာမျိုးလည်းရှိတတ်သလို ကျင့်ယူလို့လည်းရပါတယ်။ရယ်ရမယ့် အကြောင်းအရာလေးတွေကို သင်ယူထားပြီးတော့အခြေအနေအချိန်အခါကို ကြည့်ပြီး လှူပ်ရှားတတ်မယ်ဆိုရင် အဆင်ပြေမှာပါ။စိတ်ညစ်နေတဲ့အချိန်မျိုးမှာ ကိုယ့်ရဲ့ ဟာသဉာဏ်ကြောင့် ပျော်ရွှင်လာရတယ်ဆိုရင် စိတ်ထဲမှာ အမှတ်ပြည့်ပေးပြီးနေပါပြီ။ပျင်းဖို့ကောင်းတဲ့ ပုံစံကိုတော့ မိန်းကလေးတွေက သဘောမကျကြပါဘူး။ခြွင်းချက်တော့ရှိမှာပါ။
၅ — အတတ်ပညာတစ်ခုခုတတ်ကျွမ်းခြင်း
ဒါကလိုအပ်တယ်လို့လည်းမဟုတ်ပေမယ့် မပါမဖြစ်ပြောရမယ့် အကြောင်းအရာလေးပါ။အတတ်ပညာဆိုတဲ့နေရာမှာ လက်မှု ပစ္စည်း Fancy လေးတွေကိုယ်တိုင်လုပ်ပေးတတ်တာတို့ ဓာတ်ပုံလှလှလေးတွေရိုက်ပေးတတ်တာတို့ကလည်း ဆွဲဆောင်မှုရှိစေတဲ့အချက်လေးတွေပါပဲ။ဂီတာလေးတီးပြီးသီချင်းဆိုပြတတ်တာတို့ သူ့ရဲ့ ပုံတူပန်းချီလေးတွေကို လှလှပပလေးဆွဲပေးတတ်တာတို့က အမှတ်တရအနေနဲ့ရော စိတ်ထဲမှာပါ စွဲကျန်နေစေမှာပါ။ကိုယ့်ရဲ့ အားသာချက်ကို ကောင်မလေးတွေကြွေစေဖို့ အသုံးချပစ်ပါ။
အခုဖော်ပြသွားတဲ့ အချက်လေးတွေကို လုပ်တာနဲ့လည်း ကျိန်းသေ ကြွေစေမယ်လို့တော့မပြောလိုပေမယ့် အနည်းနဲ့အများတော့ စိတ်ထဲမှာ အမှတ်ပေးခြင်းကို ခံရမှာပါ။ကိုယ်က ဘာလို့ FA ဖြစ်နေတာလဲဆိုတာကို ဒီအချက်လေးတွေကိုရော လုပ်ဖြစ်ရဲ့လားဆိုတာနဲ့ပြန်မေးကြည့်ပါ။FA ဘဝကနေလွတ်မြောက်စေဖို့ နည်းလမ်းလေးတွေပြသလိုက်ပြီဆိုတော့ ကြိုးစားပြီးလုပ်ကြည့်မယ်ဆိုရင် အနှေးနဲ့အမြန်တော့ မြှားနတ်မောင်ရဲ့ မြှားလာမှန်မှာပါ။