ကျွန်တော်တို့လူသားတွေရဲ့ ဘဝတွေဟာ အမြဲတမ်းတိုးတက် ပြောင်းလဲနေပါတယ်။ နည်းပညာအသစ်များ၊ ကိရိယာအသစ်တွေနဲ့ထုတ်ကုန်အသစ်တွေဟာ ကျွန်တော်တို့ရဲ့ ဘဝထဲကို လျင်လျင်မြန်မြန်နဲ့ ဝင်ရောက်လို့လာနေပါတယ်။ အတိတ်ကလူသားတွေရဲ့ တီထွင်ထားတဲ့ ဆန်းပြားတဲ့ အရာတွေကို ကျွန်တော်တို့ ပြန်လည်ကြားသိရတဲ့အခါ ဒါတွေကတော့ ကျွန်တော်တို့အတွက် အထူးအဆန်းတော့မဟုတ်တော့ပါဘူး။ ဒီအရာတွေက ကျွန်တော်တို့ရဲ့ ယခုကာလမှာ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲလာတာမို့ပါ။ ဒါပေမယ့် အနာဂတ်မှာတော့ ဘယ်လိုဆန်းပြားတဲ့ တီထွင်မှုတွေရောက်လာမလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ယခုဆောင်းပါးလေးထဲမှာတော့ အနာဂတ်မှာ ကြုံတွေ့ရမယ့် ထူးဆန်းတဲ့ တီထွင်မှုတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁) စက်ရုပ်လူသား
စက်ရုပ်လူသားတွေကိုတော့ ကျွန်တော်တို့ သိပ္ပံဇာတ်ကားတွေထဲမှာ မြင်ဖူးနေကြပါ။ ဒါပေမယ်လို့ သူတို့တွေကို ဘယ်အချိန်မှာ တီထွင်ထုတ်လုပ်သွားနိုင်မလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ကျွန်တော်တို့သိကြတဲ့အတိုင်း ကျွန်တော်တို့လူသားတွေရဲ့ ဦးနှောက်ဟာ ကွန်ပျူတာတစ်လုံးနဲ့ ဆင်တူလှပါတယ်။ အကယ်၍သာ စက်ရုပ်တွေကိုဦးနှောက်အစားထိုးကွန်ပျူတာပရိုဂရမ်တွေ ထည့်သွင်းလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့လို အသိဉာဏ်ရှိတဲ့ စက်ရုပ်လူသားတွေကို မြင်တွေ့လာနိုင်ပါတယ်။
(၂) ကိုယ်ရေးကိုယ်တာအတွက် စက်ရုပ်တွေကိုသုံးလာမယ်
Google ဟာလူပုဂ္ဂိုလ်တွေလို စိတ်ခံစားမှု အမျိုးအမျိုးရှိတဲ့ စက်ရုပ်တွေကို တီထွင်ဖို့လုပ်ဆောင်နေပါတယ်။ သူတို့တွေဟာ ပိုင်ရှင်တွေရဲ့ မတူညီတဲ့ အပြုအမူတွေကို ငြင်းပယ်မလားဆိုတာကိုတော့ မသိရသေးပါဘူး။
(၃) Hyperloop
Hyperloop ကတော့အလွန်လျင်မြန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ပြီး တစ်နာရီကို ၁၇၆ မိုင်နှုန်းနဲ့ ပြေးဆွဲမှာဖြစ်ပါတယ်။ ထိုအတောင့်ပုံစံယာဉ်ဟာ သံလိုက် levitation နည်းပညာကို အသုံးပြုထားတဲ့ ဖန်ပြွန်လေဟာနယ်လမ်းတစ်လျောက်ကို ဖြတ်သန်းမောင်းနှင်မှာဖြစ်ပါတယ်။
(၄) မားစ်ဂြိုလ်ကိုခရီးသွားခြင်း
ထိုခရီးစဉ်ဟာ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုလို့ ကျွန်တော်တို့ ထင်ရပေမယ့် ယနေ့အချိန်မှာတော့ ကျွန်တော်တို့ ထင်တာထက်တောင် သွားလာနိုင်ဖို့ အတော်နီးစပ်နေပြီဘဲ ဖြစ်ပါတယ်။ ထိုခရီးစဉ်ကိုတော့ ပရိသတ်ကြီးသွားဖြစ်တယ် ဆိုရင်တော့ မားဂြိုလ်ပေါ်မှာဘဲ မနေခဲ့ဖို့တော့တားပါရစေ။
(၅) မောင်းသူမဲ့ကားများ
များစွာသေ ာကားထုတ်လုပ်တဲ့ ကုမ္ဗဏီတွေဟာ ယခုအချိန်မှာ မောင်းသူမဲ့ကားတွေ ထုတ်လုပ်နိုင်ဖို့ လုံးပမ်းနေကြပါတယ်။ ဒါကြောင့်မို့နောင်လာမယ့် အနာဂတ်ကာလတွေမှာတော့ ကျွန်တော်တို့ဟာ Driver အတွက်သိပ်ပြီး ခေါင်းစားစရာမလိုတော့ပါဘူး။
(၆) အိမ်အလုပ်အတွက် စက်ရုပ်တွေကိုသုံးလာခြင်း
ဒါကတော့ လူတိုင်းရဲ့အိမ်မက်ပါဘဲ။ အိမ်ရှင်မတွေအတွက်တော့ အလွန်ကိုအကျိုးရှိစေနိုင်တဲ့ တီထွင်မှုတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။အိမ်မှာ ပန်ကန်းဆေးစက်နဲ့ အဝတ်လျှော်စက်တွေရှိတာက အိမ်အလုပ်တွေ လုပ်ရတာသက်သာတယ်ဆိုပေမယ့် ထိုပန်းကန်တွေအဝတ်တွေကို သယ်ဆောင်ပေးမယ့် စက်ရုပ်တစ်ကောင်ရှိတာက ပိုပြီးကောင်းမွန်လာစေမှာပါ။