မဖြေရှင်းနိုင်သေးသောကမ္ဘာ့ပေါ်ကလျှို့ဝှက်ချက်များ

(၁)ဘာမြူဒါတြိဂံ

credit photo

Devil’s Triangle ဟုလည်းခေါ်ဆိုသည့် Bermuda တြိဂံဟာ Florida မှမျဉ်းတန်းတစ်ခုနှင့်ထိစပ်နေသောအတ္တလန္တိတ်သမုဒ္ဒရာအလယ်တွင်ရှိပါတယ်။သင်္ဘောများနှင့်လေယာဉ်များစွာတို့ဟာ ထို‌ေနရာ တစ်ဝိုက်တွင်ထူးဆန်းစွာပျောက်ကွယ်သွားသောကြောင့်၎င်းဖြစ်ရပ်ဟာ အကြီးမားဆုံးလျှို့ဝှက်ချက်များထဲမှတစ်ခုဖြစ်ခဲ့ပါတယ်။သမုဒ္ဒရာကြမ်းပြင်မှသံလိုက်ဓာတ်အချို့နှင့်မီသိန်းပေါက်ကွဲမှုများအပါအဝင်သီအိုရီများစွာ ခန့်မှန်းပေါ်ထွက်ခဲ့သော်လည်း ဘာတစ်ခြကအမှန်လည်းဆိုတာယနေ့ထိမသိကြသေးပါဘူး။

(၂)နှင်းလူသားများ

credit photo

Yeti ၏ပုံပြင်များ (သို့) စက်ဆုပ်ရွံရှာဖွယ်ကောင်းသော နှင်းလူသား ပုံပြင်များကိုမှတ်တမ်းတင်ရန် cryptizoologists ပညာရှင်များကို စေလွှတ်သော်လည်းမည်သူမျှဒဏ္ဍာရီလာသတ္တဝါကိုဖော်ထုတ်ရန် မနီးစပ်ခဲ့ပါဘူး။ရှင်းလင်းသောနှင်းမြေများပေါ်တွင်ကြီးမားသောသတ္တဝါခြေရာများနှင့်အခြားသတင်းမှတ်တမ်းများစွာရှိသော်လည်းမည်သည့်ရုပ်အလောင်အကြွင်းအကျန်ကိုမှမတွေ့ရခဲ့ပါဘူး။

(၃)Lochness Monster

credit photo

စကော့တလန်နိုင်ငံ Loch Ness ရှိ ရေအောက်အနက်ရှိုင်းဆုံးတွင်ကြောက်စရာကောင်းသောလူသိများတဲ့နာမည်ကျော်ပင်လယ်နဂါး Lochness Monster ဟာ ကမ္ဘာ‌ေပါ်ရှိလျှို့ဝှက်ဆန်းကြယ်မှုများထဲမှအပြောအများဆုံးဖြစ်ပါတယ်။

(၄)ပျောက်ဆုံးမြို့‌တော် Atlantis မြို့

credit photo

Atlantis မြို့၏လျှို့ဝှက်ဆန်းကြယ်မှုဟာ ကမ္ဘာအနှံ့ရှိလူများရဲ့ သိချင်စိတ်ကိုထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ Atlantis ကျွန်းကိုလူ ဦး ရေထူထပ်သည်ဟုယုံကြည်ကြပါတယ်။ သို့သော်မြေယာများပျက်စီးလာသည်နှင့်အမျှဂရိဘုရားသခင် Zeus ဟာ အခြားဘုရားကိုစုဝေးစေခဲ့ပြီးဒေါသနှင့်အကြမ်းဖက်မှုများ‌ေကြာင့် တစ်မြို့လုံးနှင့်မြို့သူမြို့သားများလုံးဝ ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားခဲ့ရတယ်လို့ဆိုပါတယ်။

(၅)The Mary Celeste

credit photo

ဤအရာဟာ ကမ္ဘာပေါ်တွင်အဆွေးနွေးရဆုံးလျှို့ဝှက်ချက်များအနက်မှတစ်ခုဖြစ်ပါတယ်။ပင်လယ်ထဲတွင် သင်္ဘောတစ်စီးကို တွေ့ရှိခဲ့ရပြီး သင်္ဘောတွင် အသက်ကယ်လှေများမရှိတော့ပဲ ခြောက်လစာ အစာရေစာ တော့ရှိနေပြီး လူတစ်ယောက်မှမတွေ့ခဲ့ရတဲ့ သင်္ဘောတစ်စီးဖြစ်ပါတယ်။Mary Celeste ပေါ်က သင်္ဘောသားတွေ တကယ်ဘာဖြစ်တာကြတာလဲ ခုထိအဖြေရှာလို့မရသေးပါဘူး။

Leave a Comment