ခုဖော်ပြပေးမဲ့ ပစ္စည်းများဟာ ကျွန်ုပ်တို့၏ဘဝကိုပိုမိုသက်တောင့်သက်သာဖြစ်စေနိုင်သော ရိုးရှင်းပြီး တန်ဖိုးမဖြတ်နိုင်တဲ့ တီထွင်မှု များဖြစ်ပါတယ်။
(၁)ဖုန်းမီးရောင်ခြည်Uvlen ဖြင့် လက်ကို သန့်စင်နိုင်တဲ့တီထွင်မှုတစ်ခု။

(၂)ဒီအသားတွေမှာကပ်ထားတဲ့တန်ဖိုးဘားကုတ်တွေကိုတော့အမိုနီးယားနဲ့တီထွင်ထားပါတယ်။အကယ်၍အသားတွေဟာပုပ်သိုးတာဖြစ်ဖြစ်မလတ်ဆတ်တော့တာဘဲဖြစ်ဖြစ်ထိုအပြားလေးတွေဟာအပြာရောင်ပြောင်းသွားပြီးရောင်းချဖို့အတွက် scan ဖတ်မရတော့ပါဘူး။

(၃)ဆေးရုံတစ်ခုမှာအသုံးပြုနေတဲ့ရောင်ခြည်နဲ့သွေးကြောတွေကိုရှာဖွေပေးတဲ့စက်တစ်ခု။

(၄)ဈေးဝယ်ပြီးပစ္စည်းထည့်ပေးတဲ့အိတ်များကို holiday pattern ပုံစံမျိုးထုတ်လုပ်ထားပေးထားပြီး ပစ္စည်းထုပ်ပိုးတဲ့စက္ကူအဖြစ်ပြန်လည်အသုံးပြုလို့ရပါတယ်။

(၅)နယ်သာလန်နိုင်ငံရှိလူသွားလမ်းကြောင်းဘေးမှာအမှိုက်တွေကိုအလွယ်တကူသိမ်းဆည်းနိုင်အောင်ဖန်တီးထားတဲ့အမှိုက်ပုံး။

(၆)ရေခဲသေတ္တာ အပြင်ဘက်မှာ သိမ်းဆည်းထားနိုင်သော သံလိုက်ဗူး များ။

(၇)ဆိုင်တစ်ခုတွင်ဈေးဝယ်ရန်စောင့်နေစဉ် အခြေခံ waltz ခြေထောက်အကကို သင်ယူနိုင်ရန်ဖန်တီးပေးထားပုံ။

(၈)သွားတိုက်တံလက်ကိုင်အသစ်ဝယ်စရာမလိုပဲ သွားပွတ်မွှေးအသစ်လှဲအသုံးပြုနိုင်သော သွားတိုက်တံ။

(၉)မက္ကဆီနိုင်ငံတွင်သကြား၊ ကယ်လိုရီ နှင့် ဆိုဒီယမ်အလွန်အကျွံပါဝင်သောအစားအစာနှင့်သောက်သုံးသည့်ထုတ်ကုန်များပေါ်တွင် သတိပေးတံဆိပ် ကပ်ပေးထားပုံ။

(၁၀)အစားမစားခင် နှင့် စားသောက်ပြီး လက်ကိုဆေးကြောရန် သင့်တော်တဲ့ ဆပ်ပြာရည်တွေကိုခွဲထားပုံ။

(၁၁)အိမ်သာတစ်ခုတွင် ဆီးရဲ့အရောင်ကိုကြည့်ကာ ကျန်းမာရေးထိန်းသိမ်းရန် ဇယားကပ်ထားပေးတာဖြစ်ပါတယ်။

(၁၂)အသံထွက်သည့်ကလေးဖိနပ်ကို အဖွင့်အပိတ်လုပ်နိုင်သောခလုတ်ပါတဲ့ ဖိနပ်တစ်ရံ။

(၁၃)ကလေးများအတွက် ဘက်ထရီကို မျိုချမိခြင်းမှ ကာကွယ်ရန် အတွက်ခါးတဲ့ အရသာဖြစ်နေအောင်လုပ်ထားသော ဘက်ထရီ။

(၁၄)ကြက်ဥတွေကိုအလွယ်တကူကိုင်တွယ်ထိန်းသိမ်းနိုင်ရန်နှင့်အကုန်လုံးတခါတည်းပြုတ်နိုင်အောင်တီထွင်ထားသောကိရိယာ။

(၁၅)သစ်ပင်မလိုသော ခရစ်စမတ်သစ်ပင်တစ်ပင်။

(၁၆)ခေါင်းအုံးနှင့်ပခုံးနေရာများရေပန်းတွေကိုပါတပ်ဆင်ပေးထားတဲ့ရေချိုးဇလုံတစ်ခု။

(၁၇)ဘယ်နေရာမှာမဆိုအံဝင်ခွင်ကျဖြစ်အောင်ထားသိုနိုင်သလိုGym ပါဆော့ကစားနိုင်အောင်ဖန်တီးထားတဲ့ပရိဘောကဒီဇိုင်းတစ်ခု။

(၁၈)ဖုန်းဆော့ဝဲလ်ဖြင့်ခွက်ရဲ့အပူချိန်ကိုတိုင်းတာနိုင်အောင်ဖန်တီးထားတဲ့ဖန်ခွက်တစ်ခု။

(၁၉)ယောဂလေ့ကျင့်ခန်းရုပ်ပြများစွာ ပါ၀င်သည့် ဖော့ယောက ဖျာ။ကိုယ်ခန္ဒာဆန့်လေ့ကျင့်ခန်း ၆၀ခု ၊ ယောဂ လေ့ကျင့်ခန်း ၆၀ နှင့် သွေးပူလေ့ကျင့်ခန်း၆၀ခုပါ၀င်ပါတယ်။

(၂၀)ကိုယ်ဟန်အနေထားပိုကောင်းမွန်စေရန် ပြုလုပ်ပေးထားသော ထိုင်ခုံ။
