“ရောမ ရောက်ရင် ရောမ လိုကျင့် ” ဟူသော ရှေးဆိုရိုးစကားဟာ ယခုထက်ထိ မှန်ကန်နေဆဲဖြစ်ပါတယ်။ သင်အနေနဲ့ ပြည်ပနိုင်ငံများသို့ခရီးသွားသည့်အခါ သင်လည်ပတ်မည့်တိုင်းပြည်အကြောင်းရှာဖွေပြီး “လုပ်သင့်သည့်အရာနှင့်မလုပ်သင့်သည့်အရာ” ကို ကြိုတင်လေ့လာထားသင့်ပါတယ်။သို့ပေမယ့် မလုပ်သင့်သည့်အရာကို တော့ပိုပြီး သိရန်လိုအပ်ပါတယ်။ မလုပ်သင့်တာတွေကို သိထားမှသာ ခိုက်ရန်အငြင်းပွားစရာကိစ္စများနှင့် ရှက်စရာကောင်းမယ့်ကိစ္စများကို သင်ရှောင်ရှားနိုင်မှာဖြစ်ပြီး သင့်ကို လည်းလုံခြုံမှုအပြည့်အဝရရှိစေမှာဖြစ်ပါတယ်။
(၁) ဂျပန်နိုင်ငံတွင် tip money ပေးခြင်း
သင်မဖြစ်မနေ ဂျပန်နိုင်ငံသို့ရောက်ခဲ့လျှင် ဂျပန်နိုင်ငံတွင် Tip money ပေးတာကို ရှောင်ကြဥ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုကဲ့သို့ ငွေအပိုပေးခြင်းဟာ ဂျပန်နိုင်ငံမှာ ရိုင်းတယ်လို့ယူဆကြလို့ပါ။ သင့်အနေနဲ့ ငွေအပြည့်အဝရှင်းပေးရုံဖြင့် ဝန်ထမ်းတွေမှာလည်း လစာအပြည့်အဝ ရရှိထားပြီးဖြစ်ပါတယ်။ အပိုငွေထပ်ပေးတာဟာ မလိုအပ်ဘူးလို့ ယူဆကြလို့ဘဲ ဖြစ်ပါတယ်။
(၂) ပြင်သစ်နိုင်ငံတွင် ပိုက်ဆံခွဲရှင်းခြင်း
ပြင်သစ်နိုင်ငံမှာ ငွေရှင်းရာတွင် ငွေခွဲရှင်းမည်ဆိုပါက စိတ်ရူပ်စရာမရှိဘူးဟု ယူဆထားကြပါတယ်။ ဘာလို့လဲဆိုတော့ ငွေစကားမပြောချင်ကြလို့ပါဘဲ။ ဘယ်လိုပဲဖြစ်ဖြစ် အကယ်၍သင်တို့အဖွဲ့ဟာ လူများနေရင်လည်း တစ်ယောက်ခြင်းစီ ငွေခွဲရှင်းဖို့ကို သေချာဆုံးဖြတ်နိုင်ပါတယ်။
(၃) ဂရိနိုင်ငံတွင် လက်ဝှေ့ယမ်းကာ နှုတ်ဆက်ခြင်း
ဂရိလူမျိူးများအတွက် လက်ဝှေ့ယမ်း၍ နှုတ်ဆက်ခြင်းဟာ နှုတ်ဆက်စကားဆိုတာထက်ကို ပိုပြီးစော်ကားရာ ရောက်တယ်လို့ ယူဆကြပါတယ်။ အဲ့တာဟာ “ငါလက်မခံနိုင်ဘူးလို့” အဓိပ္ပာယ်နှင့် တူတယ်လို့ ယူဆကြလို့ဘဲဖြစ်ပါတယ်။
(၄) အိန္ဒိယနိုင်ငံတွင် လိင်မတူသူများ တစ်ယောက်နှင့်တစ်ယောက် အသားချင်းထိခြင်း ကိုရှောင်သင့်ပါတယ်။
(၅) UAE နိုင်ငံတွင် ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ခြင်း
UAE နိုင်ငံရဲ့ ဆိုက်ဘာဥပဒေအရ ခွင့်ပြုချက်မရှိပဲ ဓာတ်ပုံရိုက်ခြင်းကို ရာဇ၀တ်မှု ကျူးလွန်တယ်လို့ သတ်မှတ်ထားကြပါတယ်။အကယ်၍ သင်ပြုလုပ်မိပါက ထောင်ဒဏ် ၆ လ နှင့် ပြစ်ဒဏ်ငွေ $136,130 အထက် များစွာပေးဆောင်ရမည်ဖြစ်ပြီး အထူးသဖြင့် လူမှုကွန်ရက်ပေါ်တင်လိုက်ပါက ပိုဆိုးပါလိမ့်မယ်။
(၆) Australia နိုင်ငံတွင် အလှည့်ကျော်ကာ တန်းစီခြင်း
တကယ်လို့သင်ဟာ Australiaနိုင်ငံ နှင့် England နိုင်ငံတို့မှာ ရှိနေခဲ့မယ်ဆိုပါက သူများတွေကို ကျော်ပြီးတန်းစီတာကို တားမြစ်ထားပါတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ စျေးဝယ်စင်တာများ၊ အရက်ဆိုင်များ (သို့) အခြားနေရာအများစုမှာ သင်ဟာမဖြစ်မနေ တန်းစီကာစောင့်ရမှာပါ။ ထိုနေရာတွေမှာ သင်အလှည့်ရောက်ဖို့ မဖြစ်မနေတန်းစီပြီး အမြဲစောင့်ရပါလိမ့်မည်။
(၇) Turkey နိုင်ငံတွင် လက်အမူအရာဖြင့် အိုကေပြခြင်း
လက်အမူအရာနှင့် အိုကေ ဟုပြခြင်းဟာ တူရကီနိုင်ငံမှာတော့ လက်ခလယ်ထောင်ပြခြင်းနဲ့ အဓိပ္ပါယ်တူတယ်လို့ သတ်မှတ်ထားကြပါတယ်။ Turkey နိုင်ငံအပြင် Germany နိုင်ငံနဲ့ Brazil နိုင်ငံတို့မှာလည်း ထိုအတူဘဲဖြစ်ပါတယ်။