နာမည်ကြီးပန်းချီကားများထဲမှလူတွေ သတိမပြုမိသော အရာများ

အနုပညာရှင်တွေဟာ သူတို့ရဲ့ အကောင်းဆုံးအလုပ်တစ်ခုခုတွင် မက်ဆေ့များ ချန်ထားတတ်ကြပါတယ်။သို့သော် ကျွန်ုပ်တို့ဟာ ပန်းချီကားတစ်ခုလုံးကို ကြည့်လေ့မရှိသောကြောင့် ပုံတွင်ပါ၀င်သော အသေးစိတ်အချက်အလက်များကို မမြင်မိတတ်ကြပါဘူး။

(၁)ပန်းချီကားထဲက ဝေလငါး

ဤ ခံစားချက်ပေါ်လွင်တဲ့ရူခင်းဟာ အမှန်တရားတစ်ခုကို နှစ်ပေါင်း ၁၅၀ကြာဖုံးကွယ်ထားခဲ့ပါတယ်။ပန်းချီကားကို ပြန်လည်ပြုပြင်သူတစ်ဦးဟာ ပန်းချီရဲ့ မျက်နှာပြင်ကို သန့်ရှင်းဆေးကြောလိုက်သည့်အချိန်တွင် ဝေလငါးတစ်ကောင်ပုံ ဆေးခြယ်ထားသေးသည်ကိုတွေ့ရှိခဲ့ရပါတယ်။အနုပညာရှင် Hendrick van Anthonissen ဟာ ဒီပန်းချီကားကို တိရစ္ဆာန်အသေကောင်ပုံ မပါပဲ ဆွဲရန်ဆုံးဖြတ်ခဲ့ပုံရပါတယ်။ တိရစ္ဆာန်သေကောင်မပါသောပန်းချီကားတစ်ခုဟာ လူကြိုက်များလိမ့်မည်ဟုတွေးထင်ခဲ့‌ေသာ‌ေကြာင့် ဖြစ်ပါလိမ့်မည်။

(၂)The da Vinci Code

အီတလီ အမျိုးသားယဉ်ကျေးမှုအမွေနှစ်ကော်မတီတစ်ခုက LV တံဆိပ် အက္ခရာကို မိုနာလီဇာ ၏ညာဘက်မျက်လုံးတွင် တွေ့ခဲ့ရပါတယ်။ထိုစကားလုံးဟာ Leonard da Vinicရဲ့ နာမည်အတိုကောက်ကိုဖော်ပြသည်ဟုဆိုပြီး နောက်ထပ်တွေ့ရှိချက်တစ်ခုမှာ သူ့ရဲ့နောက်ဘက် တံတားတွင် နံပတ် ၇၂ကိုတွေ့ရှိခဲ့ရပါတယ်။ထိုအမျိုးသမီးရဲ့ ဘယ်ဘက်ပခုံးနောက်ကွယ်ရှိတံတားဟာ ၁၄၇၂ ခုနှစ်တွင်ဖျက်ဆီးခဲ့ပြီး အီတလီနိုင်ငံ Bobbio တွင်ရှိသည်ဟုသိရှိရပါတယ်။

(၃)ယောင်္ကျားလေးလား ၊ မိန်းကလေးလား ။

အချိန်ကာလကြာမြင့်စွာ Caravaggio ရေးဆွဲခဲ့တဲ့ ဒီပန်းချီကားထဲက လူကိုအမျိုးသမီးတစ်ဦး အဖြစ်သတ်မှတ်ကြပါတယ်။၂၀ ရာစုအစပိုင်းတွင် ပန်းချီးကား အနုပညာဝေဖန်သူများက လူငယ် စောင်းတီးသမားတစ်ဦးအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။အခြားရှာဖွေတွေ့ရှိချက်အချို့ကတော့သီချင်း Noteစာအုပ်တွင် ” You know I love You and adore you” သီချင်းအပိုဒ်ဖြစ်ပြီး စောင်းနှင့် တယောကိုလည်းတွေ့ရှိရပါတယ်။

(၄)Van Gogh’s Turbulence

ထိုပန်းချီကားရဲ့ထူးခြားမှုကိုတော့၂၀၁၄ခုနစ်တွင် သိပ္ပံပညာရှင်များဟာ ပတ်ပတ်လည်တွင် ဖုန်မှုန့်များ ၊မိုးတိမ်တိုက်များ နှင့် သဘာဝဓာတ်ငွေ့များကိုတွေ့ရှိခဲ့ပါတယ်။စိတ်ဝင်စားစရာတစ်ခုက ဒီပန်းချီကားဟာ ဒတ်ခ်ျလူမျိုး များရဲ့ ည ကြယ်တွေကိုသတိရစေပါတယ်။ပန်းချီကားကို လေ့လာ ၊ ဆေးခြယ်ပြီးနောက် သုတေသီများဟာ ဤသို့နိဂုံးချုပ်လိုက်ပါတယ်- Van Goghသည် လှိုင်းဖြစ်နေသည့်လှုပ်ရှားမှုပေါ်တွင် သင်္ချာ နှင့် ရူပဗေဒ ဆိုင်ရာ အယူဆတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

(၅)ပုပ်ရဟန်းမင်းကြီးနောက်က တဖန်းသီး

ပုပ်ရဟန်းမင်းကြီး Julius II နှင့် Michelangelo အကြားပဍိပက္ခကြောင့် Sistine Chapel နံရံပေါ်က ပရောဖက် Zechariah အနီးရှိ ကောင်းကင်တမန်တစ်ပါး၏လက်ထဲတွင် သဖန်းသီးကိုစုတ်ကိုင်ထားပါတယ်။ဒီအရာက မသင့်တော်ဘူးလို့ယူဆကြပေမဲ့ လူများအတွက် အရိပ်မြွက်ကိုရခဲ့ကြပါတယ်။

Leave a Comment