နာမည်ကျော် Meme ရုပ်ပြောင်ပုံတွေရဲ့ ပိုင်ရှင်များအကြောင်း

ကျွန်ုပ်တို့ဟာ နေ့စဉ်နေ့တိုင်း ဟာသပုံ (memes) များကိုမြင်တွေ့နေကြပြီး တော်တော်များများကို အသုံးပြုကြသော်လည်း ပုံတွေထဲက  လူများရဲ့ အကြောင်းကိုတော့ မေ့လျော့နေကြပါတယ်။ နောက်ပြီးတော့သူတို့ဟာ ဟာသ memes ပုံအဖြစ်သတ်မှတ်ခံရတဲ့အရွယ် နဲ့လက်ရှိကာလရဲ့ ဓာတ်ပုံများဟာများစွာ ပြောင်းလဲသွားကြပါတယ်။ ယခုဖော်ပြပေးမှာကတော့ နာမည်ကျော် Meme ပုံတွေဘယ်လိုဖြစ်ပေါ်လာပြီး သူတို့တွေဟာ လက်ရှိအချိန်မှ ာဘယ်လိုမျိုးတွေ ပြောင်းလဲနေကြပြီဆိုတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁) Success Kid (Sam Griner)

“ Success Kid”ကတော့ သူရဲ့အမေ Laney Griner ဟာ သားဖြစ်သူSam ၏ဓာတ်ပုံကို တင်လိုက်တဲ့ ၂၀၀၇ခုနှစ်က စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီအပုံကိုတင်လိုက်တဲ့အခါမှာရေးခဲ့တဲ့ခေါင်းစဉ်ကတော့ “ငါသဲရဲတိုက်ကြီးကိုမုန်းတယ်”ဟူ၍ရေးသားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ Samရဲ့ဓာတ်ပုံဟာ memeအဖြစ်အသုံးများလာကြသောအခါ ဝိုင်းလှောင် ကဲ့ရဲ့သလိုခံစားမိသဖြင့် Laney ဟာ အဲ့ဒီအခြေနေကို လုံး၀မကြိုက်ခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ဓာတ် ပုံကို “Success kid”ဟု အမည်ပေးခေါ်တွင်စေခဲ့ပြီး Laneyဟာ လည်းထိုအခါမှကျေနပ်လက်ခံခဲ့ပါတော့တယ်။

(၂)Disaster Girl (Zoe Roth)

Zoe Roth အမည်ရှိသောမိန်းကလေးတစ်ဦးရဲ့ ဓာတ်ပုံဟာ ၂၀၀၄ ခုနှစ်တွင် သူမရဲ့ အဖေ ဖြစ်သူDave မှမီးလောင်အိမ်ကို မီးငြိမ်းသတ်နေသော မီးသတ်သမားများကို ကြည့်ရှူ့ရင်း ရိုက်မိခဲ့တာဖြစ်ပါတယ်။၂၀၀၇ ခုနှစ်မှာတော့ သူ့ရဲ့ ဖခင်ဟာ ဓာတ်ပုံမဂ္ဂဇင်းပြိုင်ပွဲ တစ်ခုကိုဝင်ရောက်
ယှဥ်ပြိုင်ခဲ့ပြီး ထိုဓာတ်ပုံကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံဟာ အင်တာနက်ပေါ်တွင် အချိန်သိပ်မကြာခင်ပဲ ပျံနှံ့သွားခဲ့ကာ Meme အပုံတစ်ခုအဖြစ်လူအသုံးများလာခဲ့ပါတယ်။

(၃)Doge (Kabosu)

Kabosu လို့ခေါ်တဲ့ ဒီရု‌ပ်ပြောင်ပုံဟာ ၂၀၁၃ ခုနှစ်မှာ Doge meme အဖြစ်နာမည်လူသိများလာခဲ့ပါတယ်။ ထိုခွေးလေးဟာ သေဆုံးတော့မယ်ဆိုတဲ့ ကောလဟာလကြားထဲကနေ အံဩစရာကောင်းတဲ့ Dogeလေးကတော့ ရှင်သန်နေဆဲဖြစ်ပြီး သူရဲ့ Instagram အကောင့်ကိုလည်းသင့် follow သွားလုပ်ထားနိုင်ပါတယ်။

(၄)Grumpy Cat (Tardar Sauce)

Grumpy Cat ဟုလည်းခေါ်သည့် Tardar Sauce ဟာသူ့ရဲ့ ဓာတ်ပုံများကို Reddit သို့တင်သည့် ၂၀၁၂ ခုနှစ်မှာကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ Grumpy ကြောင်ရဲ့ထူးခြားတဲ့အသွင်ပြင်ကြောင့် လူများစွာရဲ့ချစ်ခင်ခြင်းကိုခံခဲ့ရပြီး စိတ်မကောင်းစွာနဲ့ ဘဲ၂ ကြောင်လေးရဲ့အသက် ၇နှစ်ပြည့်ဖြစ်တဲ့ ၂၀၁၉ခုနှစ်မှာတော့ ဒီကြောင်လေးဟာ သေဆုံးသွားခဲ့ပါတယ်။

(၅)Roll Safe (Kayode Ewumi)

Roll Safe ရုပ်ပြောင်ပုံ ဟာ၂၀၁၆ ခုနှစ်တွင်ရိုက်ကူးခဲ့တဲ့ ဘီဘီစီမှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “ Hood Documentary” မှဓာတ်ပုံဖြစ်ပါတယ်။Kayode Ewumi နာမည်နဲ့သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ခေါင်းကို လက်ထိုးပြီး ပြုံးပြကာ ကောင်မလေး တစ်ယောက်ကို
လှလှပပ “she got a good brain”လို့ပြောင်နေတဲ့ပုံဖြစ်ပါတယ်။

(၆)Blinking White Guy (Drew Scanlon)

“ Blinking White Guy”လို့ခေါ်တဲ့ထိုရုပ်ပြောင်ပုံမှာယောက်ျားလေးရဲ့ အမည်ကတော့ Drew Scanlon ဖြစ်ပြီး သူဟာ ၂၀၁၃ ခုနှစ်ကထုတ်လွှင့်ခဲ့တဲ့ တိုက်ရိုက်တင်ဆက်မှု တစ်ခုကနေ ပေါ်လာတာဖြစ်ပါတယ်။

(၇)Confused Nick Young (Nick Young)

The Confused Nick Young ဆိုတဲ့ဟာသပုံ meme ဟာ၂၀၁၄ ခုနှစ်တွင်ရိုက်ကူးခဲ့သော Thru The Lens ဇာတ်လမ်းတွဲမှထွက်ပေါ်လာခြင်းဖြစ်ပါတယ်။အဆိုပါပုံဟာNick ငယ်ရွယ်စဉ်“ လူရွှင်တော်” လုပ်တုန်းကဓာတ်ပုံတစ်ပုံဖြစ်တယ်လို့မိခင်ဖြစ်သူမှပြောပြခဲ့ပါတယ်။

Leave a Comment