ကမ္ဘာပေါ်မှာရှိတဲ့နာမည်ကျော်ထင်ရှားတဲ့နေရာတွေကိုတော့ကျွန်တော်တို့တွေသိပြီးသားဖြစ်မှာပါ။ဒါပေမယ့်လို့ယခုဆောင်းပါးထဲမှာကတော့ ရှိပြီးသားနာမည်ကျော်နေရာတွေထဲမှာမှ လျှို့ဝှက်စွာတည်ရှိနေတဲ့နေရာအချို့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁)ကနေဒါနိုင်ငံ နိုင်ယာဂရာရေတံခွန် အတွင်းက Evil Spiritလှိုဏ်ဂူ

နိုင်ယာဂရာရေတံခွန်ကနေ အောက်ဆင်းတဲ့လမ်းမှာတော့အပေါက်သေးသေးနဲ့နေရာတစ်ခုရှိပါတယ် ။ အဲ့နေရာကို”Cave of the Evil Spirit.” လို့ခေါ်ကြပါတယ်။ အိန္ဒိယ ဒဏ္ဍာရီတစ်ခုထဲမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကထိုနေရာမှာ မကောင်းဆိုးဝါးတစ်ကောင် ပိတ်မိနေတယ်လို့ဆိုပါတယ်။ အဲ့အချိန်ကစပြီး ထိုနေရာကိုလာရောက်လည်ပတ်သူများဟာ ဘ၀မှာကံမကောင်း ခြင်းများနဲ့ကျိန်စာသင့်ခံရမယ်လို့ဆိုပါတယ်။ သင်အနေနဲ့သတ္တိရှိ ပါက ထိုလျှို့ဝှက်နေရာကိုသွားရောက်လည်ပတ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
(၂)အမေရိကန်နိုင်ငံ နယူးယောက်မြို့က လေဘာဒီရုပ်ထုကိုင်ထားတဲ့ မီးတိုင်ထဲမှာရှိနေတဲ့လသာဆောင်တစ်ခု

၁၉၁၆ခုနှစ်အစောပိုင်းကာလကလေဘာတီရုပ်ထုကိုင်ထားတဲ့ မီးတိုင်ထဲက လသာဆောင်တစ်ခုကိုတက်လို့ရတဲ့လှေကားတစ်ခုရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီနှစ် နောက်ပိုင်းမှာတော့ထိုလသာဆောင်ဟာ မီးရှူးမီးပန်းများကြောင့်ပျက်စီးသွားခဲ့ရပြီး ခရီးသွားလည်ပတ်သူများကိုလည်း ထာ၀ရ ၀င်ခွင့်ပိတ်ပင်ခဲ့ပါတယ်။၁၉၈၆ ခုနှစ်အရောက်မှာတော့ ထိုနေရာကိုမီးရှူးတိုင် အသစ်တစ်ခုဖြင့်အစားထိုးလိုက်သော်လည်းအများပြည်သူအတွက်ကတော့ ၀င်ခွင့်မရှိ တံခါးပိတ်ထားဆဲဖြစ်ပါတယ်။
(၃)အမေရိကန်နိုင်ငံ Disney World စင်ဒရဲလားရဲတိုက်ထဲကလျှို့ဝှက်အခန်းများ

ရဲတိုက်အတွင်းမှာရှိတဲ့ထိုလျှို့ဝှက်အခန်းများဟာ အလွန်ဈေးကြီးပေးကာတည်းခိုရတဲ့ ဟိုတယ်အခန်းတွေနဲ့ဆင်တူလှပါတယ်။ဒါပေမယ့်လည်း သင်အနေနဲ့ ငွေဘယ်လောက်ပေးပေး ထိုအခန်းမှာတော့မတည်းခိုနိုင်ပါဘူး။ သို့ပေမယ့်လည်းထိုနေရာမှာတည်းခိုနိုင်မယ့်အခွင့်အရေးကတော့သင်နဲ့လူတိုင်းစီမှာရှိပါတယ်။ထိုအခွင့်အရေးကတော့ ဇန်နဝါရီလ ရဲ့နေ့တိုင်းမှာ Disney worldဟာ ထိုနေရာမှာတည်းလို့ရနိုင်မယ့်ကံစမ်းမဲကိုပြုလုပ်ပေးပါတယ်။
(၄)ဗာတီကန်ကပုပ်ရဟန်းမင်းရဲ့အဆောက်အဦးအတွင်းက Cardinal Bibbiena ရေချိုးခန်း

၁၅၁၆ခုနစ်လောက်က Raphael Santiဟာ သူရဲ့ အလုပ်သင်များဖြင့်Cardinal Bibbiena ရဲ့အဆောက်အဦးအတွင်းက ရေချိုးခန်းကိုပြုလုပ်အလှဆင်ခဲ့ကြပါတယ်။ထိုရေချိုးခန်းရဲ့ ထူးခြားချက်တစ်ခုကတော့ နံရံဆေးရေးပန်းချီများကို တစ်ခန်းလုံးအပြည့်ဖြင့်ထူးခြားစွာအလှဆင်ထားတာဖြစ်ပါတယ်။ ရေချိုးခန်းနားက Cardinal ၏အိပ်ခန်းဟောင်းဟာလည်းယနေ့ခေတ်မှာတော့ကမ္ဘာ့ခေါင်းဆောင်များနှင့်ပုပ်ရဟန်းမင်းကြီးတို့ရဲ့ အစည်းအဝေးများကျင်းပသည့် နေရာတစ်ခုဖြစ်ပါတယ်။
(၅)အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အင်ပါယာစတိတ် အဆောက်အအုံ ရဲ့၁၀၃ထပ်ကအခန်းငယ်လေး

ထိုအဆောက်အဦးကြီးရဲ့ ၁၀၂ထပ်မှာတော့ စောင့်ကြည့်ရေးစင်တစ်ခုရှိတာကိုတော့ လူတိုင်းသိကြမယ်လို့ထင်ပါတယ်။ သို့ပေမယ့် အထပ် ၁၀၃ရှိ အခန်းငယ်လေးနှင့် လသာဆောင်ကိုသိတဲ့သူကတော့ နည်းနည်းရှားပါလိမ့်မယ်။ထိုအခန်းကိုတော့ ၀န်ထမ်းများနှင့် အရေးကြီးပုဂ္ဂိုလ်များသာ ၀င်ရောက်နိုင်ပါတယ်။