ထူးခြားဖွယ်လမ်းစဉ်များနှင့် အီဂျစ်လူမျိုးတို့ကျင့်သုံးခဲ့သောနည်းလမ်းများ

ထူးဆန်းသောရိုးရာများ၊ မသိသောဘာသာစကားများ စသည်တို့ကြောင့်ကျွန်တော်တို့ဟာ ဟိုးအရင်ရှေးခေတ်က လူတွေနဲ့ လုံးဝမတူဘူးလို့ ထင်ကြပါတယ်။။ဒါပေမယ့်ရှေးဟောင်းသုတေသနပညာက ကျွန်တော်တို့ထင်မြင်ယူဆနေတာတွေဟာ တော်တော်မှားနေတယ်ဆိုတာကိုဒီအချက်တွေကထောက်ပြနေပါတယ်။ယခုဖော်ပြပေးမှာကတော့ ထူးခြားဖွယ်လမ်းစဉ်များနှင့် အီဂျစ်လူမျိုးတို့ကျင့်သုံးခဲ့သောနည်းလမ်းများ အကြောင်းဘဲဖြစ်ပါတယ်။

(၁)အီဂျစ်လူမျိုးတွေရဲ့မျက်စိရောဂါကုသနည်းများ

© Imhotep Holistic Healing Centre/facebook

မျက်လုံးပိုးဝင်ခြင်းဟာ အီဂျစ်လူမျိုးတို့တွင်အဖြစ်များသောရောဂါဖြစ်ပါတယ်။သူတို့ ဟာ အမျိုးမျိုးသောကုသမှုများ နှင့် တစ်ခါတစ်ရံထူးဆန်းသော ကုသမှုနည်းလမ်းများကိုသုံးခဲ့ကြပါတယ်။တခါတရံတွင်သူတို့ဟာ လူ့ ဦး နှောက်နဲ့လုပ်ထားတဲ့ဘက်တီးရီးယားပိုးသတ်ဆေးနဲ့ဆေးတွေကိုအသုံးပြုပြီး ကုသကြပါတယ်။

(၂)ရှေးခေတ်အီဂျစ်တွေဟာဘိုလင်းကစားခဲ့ကြသလား?

© ancientpages, © pixabay

ကိုင်ရိုမြို့အနီးရှိရှေးခေတ်နေရာ တစ်ခုမှာ ဘီစီ ၃၂၀၀ တုန်းက ကစားကွင်းတစ်ခုတွင် လက်ချောင်းများအတွက်အပေါက်များနှင့်အရွယ်အစားအမျိုးမျိုးရှိသောဘောလုံးများတွေ့ရှိခဲ့ပါတယ်။ထိုကစားနည်းဟာ ယခုခေတ်ရဲ့ ဘိုလင်းကစားနည်းနဲ့ ဆင်တူမယ်လို့ယူဆကြပြီး စည်းမျဉ်းများအနည်းငယ်ကွဲပြားသော်လည်း ကစားပုံမှာ တူတူဘဲဖြစ်နိုင်မယ်လို့ယူဆကြပါတယ်။

(၃)တံခါးသော့‌များ

© smith

အီဂျစ်နှင့်တရုတ်တို့ဟာတံခါးသော့များကိုဖန်တီးခဲ့ကြတဲ့လူမျိူးတွေဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ထိုကိရိယာများကိုလိုအပ်ချက်များတာကြောင့်ဖြစ်ပါတယ်။အီဂျစ်တွေဟာအိမ်အနီးနားမှာ နေတဲ့ အိမ်နီးချင်းတွေဟာ များလာတာကြောင့် တံခါးကိုသော့ခတ်ထားဖို့လိုအပ်လာပါတယ်။အီဂျစ်လူမျိူးတွေရဲ့ သစ်သားသော့ခလောက်တွေမှာတော့ရိုးရှင်းတဲ့ယန္တရားတစ်ခုသာရှိပါတယ်။

(၄)ခွဲစိတ်ဆရာဝန်များအသုံးပြုခဲ့သော ခွဲစိတ်ကိရိယာများ

© wikimedia, © pixabay

ရှေးခေတ်အီဂျစ်လူမျိုးများဟာ ခေတ်မီအလေ့အကျင့်များနှင့်နှိုင်းယှဉ်နိုင်‌ေသာ တိကျသည့် ထူးခြားဆေးဘက်ဆိုင်ရာဗဟုသုတများပိုင်ဆိုင်ထားပါတယ်။mummies များကိုစစ်ဆေးခဲ့သောသိပ္ပံပညာရှင်များဟာ ခက်ခဲသောခွဲစိတ်မှုအချို့ ကိုတွေ့ရှိခဲ့ပြီး- နှလုံးကိုခွဲစိတ်ခြင်း၊ ကိုယ်အင်္ဂါအစားထိုးခြင်းနှင့်ပလပ်စတစ်ဆာဂျူရီခွဲစိတ်ခြင်းကိုပင် တွေ့ရှိခဲ့ရပါတယ်။ကံမကောင်းစွာဖြင့် ရှေးခေတ်ပညာများပျောက်ဆုံးသွားခဲ့ရကာ ယခု၌ သူတို့ ဘာလုပ်နိုင်သည်ကို သေချာမသိရနိုင်တော့ပါဘူး။

(၅)ဘီယာကို ပထမဆုံးထုတ်လုပ်ခဲ့ခြင်း

© wikimedia

ပိရမစ်များကိုတည်ဆောက်သောလုပ်သားများဟာတစ်နေ့ဘီယာ ၄-၅ လီတာနှင့်လစာရခဲ့သည်ကို တွေ့ရှိ့ခဲ့ပါတယ်။ဒါကြောင့် အဲ့ဒီခေတ်၌ ဘီယာချက်လုပ်ခြင်းဟာ ကောင်းတဲ့အဆင့်တစ်ခုမှာရှိသည်ဟု ကောက်ချက်ချလို့ရပါတယ်။အီဂျစ်လူမျိုးများဟာ သောက်စရာ ဘီယာကို ပထမဆုံးထုတ်လုပ်ခဲ့တဲ့ လူမျိုးများလည်းဖြစ်ပါတယ်။

Leave a Comment