ထူးခြားတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားကြတဲ့စူပါပါဝါလူသားများ

Marvelနှင့် DC ရုပ်ရှင်များထွက်ပေါ်လာပြီးနောက် စူပါဟီးရိုးများရဲ့ အစွမ်းတွေ၊ သွက်လက်မှု နှင့် စူပါဟီးရိုးဖြစ်စေတဲ့ အခြားအလန်းစား ပုံစံများဟာ ကျွန်ုပ်တို့ကို နှစ်သက်အထင်ကြီးစေပါတယ်။ဒါပေမဲ့ ရုပ်ရှင်ထဲမှာမပေါ်သေးတဲ့ အပြင်လောက က အစွမ်းအင်အားကြီးတဲ့သူတွေရှိနေသေးရင်ကော?။ယခုဆောင်းပါးမှာတော့ထူးခြားတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားကြတဲ့စူပါပါဝါလူသားများအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

(၁)Liew Thow Lin-သံလိုက်လူသား

credit photo

သမိုင်းတစ်လျှောက်တွင် လူတော်တော်များများဟာ သံလိုက်စွမ်းအင်ရှိခြင်းကြောင့် လူသိများကြသော်လည်း လူအသိအများဆုံးမှာ Liew Thow Linဖြစ်ပါတယ်။ဒီတရုတ်လူမျိုးဟာ မည်သည့်သတ္တုပစ္စည်းကိုမဆိုသူ့ခန္ဓာကိုယ်ပေါ်တွင်ကပ်ထားနိုင်ပါတယ်။မလေးရှားနည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ သူ့ရဲ့အသားရေဟာ စုပ်ယူ ပွတ်တိုက်မှုအလွန်မြင့်မားတာကြောင့် စုပ်ယူစွမ်းရည်လိုဖြစ်နေတယ်လို့ဆိုပါတယ်။

(၂)Daniel Browning Smith — ရော်ဘာလူသား

credit photo

အမေရိကန်ရှိ ရုပ်မြင်သံကြားအစီစဉ်လွင့်ပေးသူ ၊ သရုပ်ဆောင် ၊လူရွှင်တော် ၊ အားကစားဖျော်ဖြေသူ နှင့် စတန့်မင်းသား ဟာ ကမ္ဘာပေါ်တွင် အပျော့ပြောင်းဆုံးလူတစ်ယောက်ဖြစ်ပါတယ်။ပြီးနောက် ဂရင်းနစ်မှတ်တမ်းများတွင်လည်း သူ့နာမည်ဟာ ပါနေကြဖြစ်ပါတယ်။သူရဲ့စူပါစွမ်းအားဟာ hypermobile Ehlers-Danlos syndrome ရောဂါဟုခေါ်သည့်ရောဂါမျိုးဖြင့်မျိုးရိုးဗီဇပြောင်းလဲခြင်းကြောင့်ဖြစ်ပါတယ်။၎င်းဟာ ပြင်းထန်သောနာကျင်မှုကိုဖြစ်စေနိုင်‌ေသာ်လည်း ကံကောင်းစွာဖြင့် Daniel အတွက်၎င်းရောဂါဟာ သိပ်မပြင်းထန်ပါဘူး။

(၃)Shi Liliang – ရေပေါ်လမ်းလျှောက်နိုင်သူ

credit photo

Shi Liliang အတွက်ရေပေါ်လမ်းလျှောက်ခြင်းဟာအံ့သြစရာမဟုတ်ပါ။ရှောင်လင်ဘုန်းကြီးဟာ ရေမျက်နှာပြင်ပေါ်တွင် ၁၂၅ မီတာ (ပေ ၄၀၀ ကျော်) အပြေးသွားခဲ့ပြီး ၂၀၁၅ တွင်ကမ္ဘာ့စံချိန်သစ်တင်ခဲ့ပါတယ်။၉၀ခုနစ်တုန်းက ကွန်ဖူးရုပ်ရှင်ဇာတ်ကားတွေထဲကလိုပါပဲ။

(၄)Hai Ngoc — တစ်ခါမှမအိပ်တဲ့လူ

credit photo

ဒီလူဟာကော်ဖီမလိုအပ်ပဲ ၄၃ နှစ်လုံးလုံးမအိပ်ပဲ နိုးနေနိုင်ပါတယ်။ Mr. Ngoc ဟာ ဗီယက်နမ်အမျိုးသားတစ် ဦး ဖြစ်ပြီး ၁၉၄၂ တွင်မွေးဖွားခဲ့ပြီးအိပ်မပျော်သည့်ရောဂါခံစားနေရပါတယ်။သို့ေပမဲ့ အိပ်ရေးမဝ‌ေသာ်လည်း သူဟာ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်နေပြီးနေ့စဉ် ကြီးမားတဲ့ လုပ်ဆောင်မှုများ ကိုနေ့စဉ်လုပ်နိုင်ခဲ့ပါတယ်။

(၅)Stephen Wiltshire – အလွန်ကောင်းတဲ့ အမြင်အာရုံမှတ်ဉာဏ်ရှိသော လူ

credit photo

Stephen Wiltshire ဟာ ဗြိတိသျှဗိသုကာပညာရှင်တစ် ဦး ဖြစ်ပြီးသူရဲ့ ထူးခြားသောမှတ်ဉာဏ်ကြောင့်ကမ္ဘာတစ်ဝှမ်းတွင်ကျော်ကြားပါတယ်။သူဟာ ဘယ်ရှူခင်းကိုမဆို ခဏလေးကြည့်ပြီး ပြန်လည်ပုံဖော်ဖန်တီးနိုင်ပါတယ်။သူငယ်ငယ်တုန်းကstephenဟာ Savant syndrome (ရောဂါလက္ခဏာ) ကိုရှာဖွေတွေ့ရှိခဲ့ပြီး “အမြင်အာရုံမှတ်ဥာဏ်ထက်မြက်သူ” လို့ခေါ်စေနိုင်အောင် မှတ်ဉာဏ်အစွမ်းထက်ခဲ့ပါတယ်။

Leave a Comment