ထူးခြားတဲ့ခန္ဓာကိုယ်ပုံစံတွေပိုင်ဆိုင်ထားတဲ့ အင်းဆက်မျိုးစိတ်များ

ကျွန်တော်တို့ကမ္ဘာကြီးပေါ်မှာလွန်ခဲ့သောနှစ်ပေါင်းသန်း ၄၀၀ လောက်ကတည်းအင်းဆက်ပိုးမွှားတွေရှင်သန်ပေါက်ဖွားခဲ့တာဖြစ်ပါတယ်။ယခုဆောင်းပါးထဲမှာတော့ ထူးခြားတဲ့ခန္ဓာကိုယ်ပုံစံတွေပိုင်ဆိုင်ထားတဲ့ အင်းဆက်မျိုးစိတ်များ အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁)Acraga coa

© wikipedia

ပုံမှန်မြင်တွေ့နေကြမဟုတ်တဲ့ ခရစ်စတယ်လိုကြည်လင်နေသောထိုပိုးလောင်ကောင်လေးဟာ မမွေးဖွားသေးသောအမွေးဖွာတဲ့ ပိုးဖလံတစ်ကောင်ရဲ့ အစလည်းဖြစ်ပါတယ်။ထိုအကောင်လေးကိုတော့ အလယ်ပိုင်းနှင့်တောင်ပိုင်းအမေရိက၊ကာရေဘီယံဒေသတွေမှာတွေ့နိုင်ပါတယ်။ထိုအကောင်လေးတွေဟာစိုစွတ်တဲ့သစ်တောတွေဟာပိုမိုပြီးရှင်သန်နိုင်တာကိုလည်းတွေ့ရပါတယ်။

(၂)Glasswing လိပ်ပြာ (Greta oto)

© wikipedia

ခန္ဓာကိုယ်ဖောက်ထွင်းပြီးမြင်နိုင်တဲ့ထိုကြည်လင်တဲ့ လိပ်ပြာဟာ အလယ်ပိုင်းနှင့်တောင်အမေရိကတွင်နေထိုင်ကြပါတယ်။သူတို့ရဲ့အတောင်ပံများဟာ အခြားလိပ်ပြာအမျိုးစားတွေကဲ့သို့ တောက်ပတဲ့ အရောင်မပါရှိပါဘူး။ထိုလိပ်ပြာရဲ့ပုံမှန်မဟုတ်တဲ့သူ့ရဲ့ခန္ဓာကိုယ်ပုံစံအနေထားကလဲသူကိုအန္တရာယ်တွေကနေကာကွယ်ပေးနေပါတယ်။

(၃)Silkworm (Bombyx mori)

© wikipedia

ထိုသတ္တဝါကတော့ သက်ရှိသတ္တဝါများထဲက အလွန်အရေးပါးတဲ့ သတ္တဝါတစ်ကောင်ဖြစ်သည့်အပြင် domestic silkmoth တွေနဲ့အစောဆုံးဆက်စပ်မှုရှိတဲ့ လိပ်ပြာတစ်ကောင်လည်းဖြစ်ပါတယ်။ထိုအကောင်လေးရဲ့အရေးပါးရတဲ့အကြောင်းရင်းကတော့ သူ့ကိုပိုးချည်ထုတ်လုပ်တဲ့နေရာမှာ နှစ်ထောင်ပေါင်းများစွာအသုံးပြုခဲ့တာကြောင့်ဖြစ်ပါတယ်။ဒီပိုးကောင်တွေဟာ မပျံနိုင် မစားနိုင်ကြဘဲ သူတို့ရဲ့ ပိုးလောင်းကိုမှီခိုနေထိုင်ကြပါတယ်။၎င်းတို့ကိုတရုတ်၊ အရှေ့အာရှနှင့်ရုရှားရှိ Primorsky နယ်မြေ၏တောင်ဘက်ပိုင်းတို့တွင်တွေ့နိုင်ပါတယ်။

(၄)Golden tortoise beetle (Charidotella sexpunctata)

Golden tortoise beetle လို့ခေါ်တဲ့ဒီရွှေရောင်လိပ်ပိုးတောင်မာဟာ သူ့ရဲ့နာမည်အတိုင်းရွှေရောင်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကာ အဓိကအားဖြင့်ကန်စွန်းဥအပင်ရဲ့အရွက်တွေကိုစားသုံးကြပါတယ်။ထိုအကောင်တွေကိုတော့ အမေရိကတိုက်နှစ်ခုစလုံးမှာတွေ့နိုင်ပြီး အံ့ဩစရာကောင်းတဲ့အချက်ကတော့ သူရဲ့အရောင်တွေဘယ်လိုဖြစ်ပေါ်လာခဲ့လည်းဆိုတဲ့အချက်ဘဲဖြစ်ပါတယ်။

(၅)ပန်းရောင် orchid mantis (Hymenopus coronatus)

© eastnews

အသွင်ပြောင်းတဲ့နေရာမှာဆရာကျလွန်းတဲ့ထိုအကောင်ကိုတော့ အင်ဒိုနီးရှားနှင့်အိန္ဒိယ၏အပူပိုင်းသစ်တောများတွင်တွေ့နိုင်ပါတယ်။ဒီအင်းဆက်ဟာသစ်ခွပန်းတစ်မျိုးနဲ့အတူရှိနေမယ်ဆိုပါကလုံးဝကိုကိုယ်ပျောက်နေသလိုဖြစ်နေမှာဖြစ်ပါတယ်။သူ့ရဲ့အစာကတော့ တခြားအင်းဆက်ကောင်များပဲဖြစ်ပါတယ်။

Leave a Comment