ထူးခြားဆန်းပြားတဲ့နည်းလမ်းတွေနဲ့ဂင်းနစ် စံချိန်ချိူးခဲ့ကြသူများ

အချိူ့သော လူအများစုဟာ နှစ်စဉ်နှစ်တိုင်း ဂင်းနစ်မှတ်တမ်း၀င် ရန်ကြိုးစားနေကြပါတယ်။ သူတို့ထဲကအချိူ့လူများဟာ သာမန်ထက်အနည်းငယ်ပိုပြီးထူးဆန်းကြပါတယ်။

(၁) ကားအသေးအတွင်းသို့ လူများစွာ၀င်ခြင်း

ကားသေး‌လေးထဲ လူငါးယောက်လောက် ၀င်နေရင်ကို အ‌တော်ဆိုးလှပါပြီ။ ယခုကတော့လူ ၂၈‌ ယောက်တောင် ဝင်မှာဖြစ်ပါတယ်။ ၂၀၁၂၊ နို၀င်ဘာလ ၁၅ ရက်၌ လန်ဒန်မြို့က ကမ္ဘာဂင်းနစ် မှတ်တမ်းမှာ ကားသေးအတွင်း မိန်းကလေး ၂၈ ယောက်၀င်ရန်ကြိုးပမ်းအားထုတ်ခဲ့ပြီး စံချိန်ချိူးဖျက်နိုင်ခဲ့ပါတယ် ။ ယခင်က လူ ၂၇ ယောက်နဲ့သာ စံချိန်တင်ထားနိုင်တာ ဖြစ်ပါတယ်။

(၂) ကမ္ဘာအရှည်ဆုံး ၀မ်းဝေးပန့်ဆံပင်ထောင်ကေ

ကမ္ဘာအရှည်ဆုံးဆံပင်ထောင်ကေရှိတဲ့ လူဟာ ကားအဆင်းတက် အတော်ကိုခက်ခဲ‌‌စေမှာ အမှန်ပါ။ဂျပန်ဖက်ရှင်ဒီဇိုင်နာ Kazuhiro Watanabe ဟာ သူ့ဆံပင်ကို အမြင့် ၃ ပေ ၈.၆ လက်မထိထောင်ကာဂင်းနစ်စံချိန်တင်ထားခဲ့ပါတယ်။

(၃) အစဉ်အဆက် ဂင်းနစ်စံချိန် အများဆုံး၀င်ထားသူ

အသက်၆၅နှစ်ရှိသော Guinness Rishi သည် ဂင်းနစ်မှတ်တမ်း၀င်နိုင်ရန် အတွက်ကို အလွန်စွဲလန်းနေသော သူ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့စံချိန်ဝင်ထားတဲ့ လက်မှတ်‌များကို Delhi ရှိသူ့နေအိမ်တွင် ဖော်ပြထားပါတယ်။ Rishi ဟာ ဂင်းနစ်စံချိန် ၂၂ ခု‌ တောင်မှတ်တမ်း၀င်ထားတယ်လို့သိရပါတယ်။

(၄) ကမ္ဘာ့တက်တူးအများဆုံးအမျိုးသမီး

ကမ္ဘာပေါ်ရှိ တက်တူးအများဆုံးထိုးထားသော အမျိုးသမီး   Juli Gnuse သည်သူမရဲ့ ကိုယ်ခန္ဓာ၏ ၉၅ ရာခိုင်နှုန်းကို တက်တူးများ ဖုံးအုပ်ထားရှိပြီး တက်တူး ဒီဇိုင်းအားလုံးအတွက် တက်တူးအနုပညာရှင် တစ်ယောက်ထဲကိုသာ အသုံးပြုခဲ့ပါတယ်။

(၅) ကမ္ဘာ့အကြီးဆုံး ရာဘာကြိုးဘောလုံး

အသက် ၂၇ နှစ်ရှိ Joel Waul သည် သူရဲ့နေအိမ်ရှေ့ ကားလမ်းတွင် ၈,၂၀၀ ပေါင်လေးသော ရာဘာကြိုးဘောလုံးကြီး တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ Waul သည်သူရဲ့ဘောလုံးကြီးကို အရွယ်အစားအမျိူးမျိူးသော ‌ရာဘာကြိုးပေါင်း 300,000 ခန့်အသုံးပြုကာ ပြုလုပ်ခဲ့ပြီး ရာဘာကြိုးပစ္စည်းများ ထပ်ရလျှင် ပေါင် 2000 ခန့်ထပ်တိုးပြီး ပြုလုပ်ဖွဲ့စည်းရန် စီစဉ်နေတယ်လို့လည်း သိရပါတယ်။

(၆) ကမ္ဘာ့အကြီးဆုံးဟမ်ဘာဂါ

အလေးချိန်ပေါင် ၅၉၀ ရှိတဲ့ ကမ္ဘာ့အကြီးဆုံးဟမ်ဘာဂါကြီးကို ကနေဒါနိုင်ငံ၊ တိုရွန်တိုရှိ Yonge Dundas ရင်ပြင်တွင် .စုရုံးပြုလုပ်ခဲ့ပြီး စံချိန်တင်နိုင်ခဲ့ကြပါတယ်။

Leave a Comment