တိရိစ္ဆာန်တွေကဘယ်နှစ်ရက်ကြာအောင်ကိုယ်ဝန်ဆောင်ကြသလဲ?

ပျမ်းမျှအားဖြင့်လူသားတို့ရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာရက်ပေါင်း ၂၈၀ခန့်လောက်ရှိပါတယ်။ထိုရက်တွေမှာတော့မိခင်များဟာမိမိတို့သားသမီးများအတွက်နာမည်ပေးရန်၊လိုအပ်တဲ့ပစ္စည်းများစုဆောင်းရန်အတွက်အချိန်ကောင်းစွာလုံလောက်ပါတယ်။သို့သော်လည်းတိရစ္ဆာန်များကတော့ သူတို့ရဲ့သားသမီးတွေမွေးဖွားဖို့အတွက်ရက်အနည်းငယ်လအနည်းငယ်လောက်သာအချိန်ရပါတယ်။ယခုဆောင်းပါးထဲမှာတော့ တိရစ္ဆာန်လေးတွေဟာရက်ဘယ်လောက်ကြာအောင်ကိုယ်ဝန်ဆောင်ကြသလဲဆိုတာကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁)အ​မေရိကန်သားပိုက်​ကောင်ငယ်( ၁၂ ရက်)

ဗာဂျီးနီးယား သားပိုက်​ကောင် အငယ်စား ဟုလူသိများသည့် အ​မေရိကန်သားပိုက်​ကောင်မျိုးစိတ်ဟာတိရစ္ဆာန်မျိုးစိတ်တွေထဲမှာကိုယ်ဝန်ဆောင်တာသက်တမ်းအတိုဆုံးလည်းဖြစ်ပါတယ်။အမေရိကန်သားပိုက်ကောင်ရဲ့ကိုယ်ဝန်ဆောင်တဲ့ကာလသက်တမ်းကတော့ ၁၂ရက်ထဲဖြစ်ပါတယ်။

(၂)ပူး ( ရက် ၆၀ )

ကိုယ်ဝန်ရှိနေတဲ့ပူးတစ်ကောင်ဟာ ၅၉ရက်မှ ၇၂ ရက်အတွင်း​ အ​မွေးထူး​သော အ​ကောင်ပေါက်ငယ်​လေး ၁ ​ကောင်မှ ၈ ​ကောင်အထိ​မွေးဖွားတတ်ပါတယ်။

(၃)​ကြောင် ( ၆၃ ရက် )

ကြောင်တစ်ကောင်ရဲ့ကိုယ်ဝန်ဆောင်ချိန်ကတော့ သက်တမ်း ၄လခန့်ရှိပါတယ်။

(၄)​ခွေး ( ၆၅ ရက် )

ခွေးတစ်ကောင်ရဲ့ကိုယ်ဝန်ဆောင်ချိန်ဟာ ထို​ခွေးရဲ့အရွယ်အစား၊ သားပေါက်အရေအတွက်နှင့်အသက်ပေါ်မူတည်ပါတယ်။ခွေးကြီးလေလေခွေးပေါက်စများများ​မွေးလေလေဖြစ်ပါတယ်။ပျှမ်းမျှအားဖြင့်တော့ ၆၅ရက်လောက်ကိုယ်ဝန်ဆောင်တတ်ကြပါတယ်။

(၅)ရက်ကွန်း ( ၆၅ ရက် )

ရက်ကွန်းတွေရဲ့ပုံမှန်မိတ်လိုက်တဲ့ရာသီကတော့ဆောင်းရာသီကာလဘဲဖြစ်ပါတယ်။ပြီးရင်တော့သူတို့ရဲ့ကိုယ်ဝန်ကိုနွေဦးရာသီတွေမှာမွေးဖွားတတ်ကြပါတယ်။ပျှမ်းမျှအားဖြင့်သူတို့ရဲ့ကိုယ်ဝန်ဆောင်ချိန်ကတော့ ၆၅ရက်ခန့်ဖြစ်ပါတယ်။

(၆)ကျား ( ရက်​ပေါင်း ၁၁၀ )

ကျားများ၏ကိုယ်ဝန်ဆောင်ကာလဟာပုံမှန်အားဖြင့် ၁၆ ပတ်ခန့်ရှိပါတယ်။ကျားပေါက်​လေးတွေမွေးလာတဲ့အခါမှာသူတို့ဟာမျက်စိကန်းနေပြီးသူတို့အစားမာတွေကို မစားနိုင်တဲ့ ပထမ ၂ လမှာသူတို့မိခင်တွေကိုအများကြီးမှီခိုနေရပါတယ်။

(၇)ဝက် ( ၁၁၅ ရက် )

ဝက်များသည်တစ်နှစ်လျှင်နှစ်ကြိမ်၊ တစ်ကြိမ်လျှင်အ​ကောင်​ရေ ၁၀ ကောင်အထိမွေးနိုင်ပါတယ်။ရက်ပေါင်း ၃၆၅ ရက်အတွင်း ဝက်တစ်ကောင်ဟာသားပေါက် ၂၀လောက်ထိမွေးဖွားနိုင်ပါတယ်။

(၈)ပန်ဒါဝက်ဝံ ( ၁၃၅ ရက် )

ပန်ဒါများကိုမျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များဟုသတ်မှတ်ရသည့်အကြောင်းရင်းတစ်ခုမှာအခြားတိရစ္ဆာန်များကဲ့သို့လျင်မြန်စွာမျိုးပွားနိုင်ခြင်းမရှိခြင်းကြောင့်ဖြစ်ပါတယ်။ သူတို့ကများသောအားဖြင့် ၂ နှစ်လျှင်တစ်ကြိမ် ကလေးတစ်ကောင်သာမွေးဖွားပါကြတယ်။

Leave a Comment