တစ်ခါမှ မြင်ဖူးကြားဖူးမှာမဟုတ်တဲ့ ကမ္ဘာပေါ်ရှိထူးဆန်း‌သော တိရစ္ဆာန်(၁၄)ကောင်

သဘာ၀တရားကြီးဟာ အမြဲတမ်းအထူးအဆန်းတွေနှင့်ပြည့်နှက်နေတတ်ပါတယ်။ ကျွန်ုပ်တို့ကမ္ဘာမြေကြီးပေါ်မှာ ထူးဆန်းပြီး ကွဲပြားကြတဲ့ သတ္တဝါများစွာနေထိုင်နေကြသည်မှာ မယုံကြည်နိုင်လောက်အောင်ဆန်းကြယ်လွန်းလှပါတယ်။ယခုဖော်ပြပေးမှာကတော့ကျွန်တော်တို့ကြားဖူးခြင်းမရှိသေးတဲ့ထူးဆန်းတဲ့သတ္တဝါလေးတွေဖြစ်ပါတယ်။

(၁) The Ili Pika

ဒီချစ်စရာကောင်းပြီးမယုံနိုင်လောက်အောင်ထူးဆန်းရှားပါးတဲ့တိရိစ္ဆာန်ကို တော့ ‘မှော်ယုန်’ လို့လည်းလူသိများကြပါတယ်။ Ili Pikaရဲ့ ပုံကို လွန်ခဲ့တဲ့ နှစ် ၂၀လောက်က ပထမဆုံးရိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။သူ့ကို တရုတ်နိုင်ငံ ရှိTain Shanတောင်တန်းတွင် ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

(၂)The Pinocchio frog

ဒီသတ္တဝါ‌လေး ကို ‘Spike-Nosed Tree Frog’ လို့လည်းခေါ်ကြပါတယ်။ ဖားအထီးတစ်ကောင်ဟာ
ဖားမလေးကို ဆွဲဆောင်ဖို့ကြိုးစားနေချိန် ဒါမှမဟုတ် အန္တရယ်ကျရောက်နေတဲ့အချိန်မှာ သူရဲ့‌ရှည်လျားလှတဲ့ Pinocchio နှာခေါင်းဟာ အပေါ်ထောင်နေတတ်ပါတယ်။

(၃)The snub-nosed monkey

ကမ္ဘာပေါ်တွင်အရှားပါးဆုံးသောမျောက်ကို ၂၀၁၀ ခုနှစ်မြန်မာနိုင်ငံမြောက်ပိုင်းတွင်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘာကြောင့်ထူးဆန်းလဲဆိုတော့ သူရဲ့ နှာခေါင်းကြောင့်ဖြစ်ပြီး မိုးရွာလျှင် အမြဲနှာချေတတ်ပါတယ်။

(၄)The pink handfish

လွန်ခဲ့တဲ့နှစ်အနည်းငယ်က သိပ္ပံပညာရှင်များဟာ လက်နှင့်တူသည့်အတောင် ပါရှိသော ငါးမျိူးစိတ် ၁၄မျိူးကိုရှာဖွေတွေ့ရှိခဲ့ပါတယ် ။သို့‌သော် ယခုလက်ရှိအချိန်တွင် မျိူးစိတ် ကိုးခုဟာ မျိူးသုဉ်းပျောက်ကွယ်‌တော့မည့် အန္တရာယ်နှင့်ကြုံတွေ့နေရပါသည်။

(၅)Honduran white bats

အမေရိကန်နိုင်ငံအလယ်ပိုင်းတွင်‌သာ အနည်းငယ်မျှ‌ နေထိုင်ကြသော အဖြူရောင်လင်းနို့ငယ်‌ေလးများဟာ Heliconia အရွက်ထဲတွင်နေထိုင်ကြပြီးအသီးများကို စား၍ရှင်သန်‌ နေကြပါတယ်။သူတို့ဟာ ၁.၅ လက်မ (၄.၇ စင်တီမီတာ) အထိသာကြီးထွားနိုင်ပါသည်။

(၆)The Grimpoteuthis (aka Dumbo Octopus)

ထူးဆန်းပြီး ပင်လယ်၏နက်ရှိူင်းတဲ့နေရာတွင်နေထိုင်သည့် ထိုသတ္တဝါဟာခြေထောက်ကြားရှိ အမြှေးပါးပေါ်တွင် အတောင်နှစ်ချောင်းပါပြီး ထိုကြားထဲတွင်သူ့၏ခြေထောက်များပါရှိပါတယ်။ထိုအတောင်ပံနှစ်ခုဟာ ကျော်ကြားတဲ့ကာတွန်း Dumboရဲ့နားရွက်နှင့်တောင် ဆင်တူလှပါတယ်။

(၇)The salp

ထိုSalps ကောင်များဟာရေထဲတွင်CO2 ကိုစုပ်ယူ‌ေပးသည့် planktonic tunicates ကောင်များဖြစ်ပြီး CO2ကို သူတို့ရဲ့ဖောက်ထွင်းမြင်နိုင်တဲ့ ခန္ဓာကိုယ်မှတစ်ဆင့် စုပ်ယူပေးပါတယ်။ကျွန်တော်တို့လူသားတွေအနေဖြင့် ထိုအကောင်များကို ကျေးဇူးတင်သင့်ပါတယ်။ သူတို့ဟာ လေထဲနှင့် ရေထဲရှိ ကာဗွန်များကိုလျော့ချပေးနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။

(၈)The pink-eyed Caedicia

ထိုကျိုင်း‌ကောင်များတွင် ပန်းရောင်မျက်လုံးများရှိပြီး ပိစိဖိတ်ကုန်းမြင့်ရှိ Muller Range တောင်တန်းတွင်နေထိုင်ကြပါတယ်။

(၉)The Cherax Pulcher

ပြီးခဲ့တဲ့နှစ်လောက်က အင်ဒိုနီးရှားနိုင်ငံတွင် လှပပြီး အရောင်စုံလင်တဲ့ ဂဏန်းတစ်မျိူးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

(၁၀)The Albino Chinese softshell turtle

ထိုလိပ်ငယ်များဟာ ရေအောက်တွင် အသက်ရှူရန် သူတို့ရဲ့ လည်ပင်းရှည်နှင့်ပြွန်ကဲ့သို့နှာခေါင်းများကိုရေပိုက်ခေါင်းအဖြစ်အသုံးပြုကြပါတယ်။

(၁၂)The Nendo tube-nosed fruit bat

၂၀၀၉ခုနှစ်တွင် Papue New Guinea ဒေသရှိ သစ်တောထဲ၌ ထူးဆန်းတဲ့မျက်လုံးနှင့် ပြွန်ကဲ့သို့နှာခေါင်းပါရှိတဲ့ ချစ်စရာလင်းနို့ ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလင်းနို့ဟာ Star War ရုပ်ရှင် ထဲက Jedi Masterနဲ့ ဆင်တူပြီး အင်တာနက်ပေါ်တွင် Yoda batဟုလည်းခေါ်ဆိုကြပါတယ်။

(၁၃)အမေဇုန်မြစ်မှလင်းပိုင်

ထို အမေဇုံမြစ် ရှိ လင်းပိုင်ငယ်လေး ကို ပန်းရောင်မြစ်လင်းပိုင်လို့လည်းခေါ်ကြပြီး သူတို့ဟာ မီးခိုးဖျော့အရောင်ရှိသော်လည်း တစ်ချိူ့အကောင်တွေဟာ အသက်ကြီးလာသောအခါပန်းရောင်ဖြစ်လာကြပါတယ်။ ဒီလင်းပိုင်တွေက လူတွေနဲ့ ခင်မင်မှုမရှိကြသောကြောင့် လေ့ကျင့်သင်ကြား‌ပေးရန် မလွယ်ကူသည့်အတွက် သူတို့ကို ဖမ်းစီး ထိန်းသိမ်းထားပါတယ်။

(၁၄)ဧရာမပြည်ကြီးငါး

ထိုပုံကို ပထမဆုံး မြင်မိရင်တော့ ထိတ်လန့်စေမိမှာပါ။ ဒါပေမယ့်ဒါဟာပိုတို‌ ရှော့ပြုလုပ်ချက်တစ်ခုပါ။ သို့ပေမဲ့ ဒီဧရာမပြည်ကြီးငါးကြီးဟာ အမှန်တကယ် တည်ရှိပြီး အမကောင်များဟာ13မီတာ(၄၃ပေ) ထိကြီးထွားနိုင်ပါတယ်။ အထီး ကောင်များကတော့ ၁၀မီတာ (၃၃ပေ)သာ ရှည်လျားကြီးထွားနိုင်ကြပါတယ်။

Leave a Comment