စွန့်ပစ်ပစ္စည်းများဖြင့် လက်ရာမြောက်သောဂျိုဟန်နက်ဘော့မြို့ ပုံစံတူအားဖန်တီးခဲ့သူ

Mulalo Nego Negondeni ဟာ တောင်အာဖရိကရှိ Limpopo ပြည်နယ် Mukula ကျေးရွာတွင်နေထိုင်လျက်ရှိသောအသက် ၂၆ နှစ်အရွယ်အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ လွန်ခဲ့သော ၁၃နှစ်ကာလ အတွင်းမှာ သူဟာ အိမ်အနောက်ဘက်၌ Negoမြို့လို့အမည်ပြောင်ပေးထားတဲ့ ဂျိုဟန်နက်ဘော့စ်မြို့ ပုံစံအငယ်စားကို စွန့်ပစ်ပစ္စည်းများကိုအသုံးပြုကာတည်ဆောက်နေခဲ့ပြီးရရှိလာခဲ့တဲ့ရလာဒ်ကတော့အလွန်အံ့အားသင့်စရာကောင်းခဲ့ပါတယ်။

ဒီမြို့ငယ်လေးကိုတည်ဆောက်ဖို့အတွက် သူဟာ ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများ(Recycle) ၊ဘိလပ်မြေ ၊မြေကြီး ၊ ပလတ်စတစ် ၊ ကတ်ထူပြား ၊ ဝါယာကြိုး နှင့် သဲများကို အသုံးပြုခဲ့ပါတယ်။ထိုမြို့ပုံစံတူ ကိုဖန်တီးရန် အတွက်သူဟာ စွန့်ပစ်ပစ္စည်းအမျိုးမျိုးကို အသုံးပြုခဲ့ရပါတယ်။

Mulaloဟာ ယခုလိုမြို့ပုံစံတူ ဖြစ်ပေါ်လာအောင်ဖန်တီးနိုင်ဖို့ အတွက်အချိန်၁၂နှစ်ပေးခဲ့ရပါတယ်။အစပိုင်းကာလတွေမှာတော့ သူဟာ ရွံ့ဖြင့် အားကစားရုံကိုတည်ဆောက်ခဲ့ပြီး မိုးရွာတဲ့အခါမှာ ပျက်စီးသွားခဲ့တာကြောင့် ခိုင်ခံပြီးသေချာအောင် ပြန်လည်တည်ဆောက်ရမယ်ဆိုတာကိုသူကောင်းကောင်းသဘောပေါက်သွားခဲ့ပါတယ်။ ဒါကြောင့်မလို့ အားကစားရုံကို တည်ဆောက်ဖို့အတွက် ပစ္စည်းများကို ရှာဖွေနေရတာကြောင့် အချိန်ကြာသွားစေခဲ့ပါတယ်။

Mulaloဟာ ရုပ်မြင်သံကြားအစီစဉ်တစ်ခု၌ FNB အားကစားရုံတည်ဆောက်တာကိုကြည်ပြီး သူ့ရဲ့စီမံကိန်းအသေးစားကိုစတင်ခဲ့ပါတယ်။သူဟာ အားကစားကွင်းကို အလွန်နှစ်သက်သွားပြီး နေ့တိုင်းမြင်နိုင်ရန် ပုံစံတူတစ်ခုကို တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Mulaloဟာ တောင်အာဖရိကတွင် ဘောလုံးပြတိုက်ကြီးဖွင့်ချင်‌သော ကြီးမားတဲ့ ရည်ရွယ်ချက်တစ်ခုရှိပါတယ်။အောက်ဘက်မှာတော့သူဖန်တီးထားတဲ့ Nego city ရဲ့ပုံရိပ်တွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။

၂။

၃။

၄။

၅။

၆။

၇။

၈။

၉။

၁၀။

Leave a Comment