ဂျပန်နိုင်ငံနှင့် ပတ်သက်တဲ့စိတ်ဝင်စားစရာကောင်းသောအချက်များ

ဂျပန်နိုင်ငံဟာ လူများကိုဆွဲဆောင် နှစ်သက်‌စေတဲ့ နီယွန်မီးတွေ ၊ စက်ရုပ်နှင့် ကာတွန်း အပြင်ဆင်ပုံစံမျိုးစုံ ဖြင့်ပြည့်နှက်နေပါတယ်။ သို့ပေမဲ့ ဒီ ကျွန်းနိုင်ငံလေးဟာ ဒီထက်မကပါဘဲစိတ်ဝင်စားဖို့ကောင်းလှတဲ့အချက်များစွာရှိနေပါသေးတယ်၊ထိုအချက်တွေကိုတော့ ယခုဆောင်းပါးထဲမှာထုတ်နုတ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁)ရှီမာဘရာမြို့ ရှိရေနုတ်မြောင်း ကရေများဟာ အလွန်ကြည်လင်သန့်ရှင်းသောကြောင့် Koi ငါးများစွာနေထိုင်အသက်ရှင်နေတာကိုတွေ့နိုင်ပါတယ်။

(၂)ဂျပန်ကျောင်းသားများဟာနေ့စဉ်ကျောင်းဆင်းချိန်တိုင်းကိုယ့်ရဲ့စာသင်ခန်းကိုသန့်ရှင်းရေးလုပ်ပြီးမှအိမ်ပြန်ကြပါတယ်။

(၃)ဂျပန်နိုင်ငံဟာအလွန်ကိုသန့်ရှင်းသော နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

(၄)ဂျပန်နိုင်ငံတွင်အနုပညာလက်ရာပန်းချီများဖြင့် အလှဆင်ပုံဖော်ထားသော ရေမြောင်းအဖုံး ၆,၀၀၀ ကျော်အထက်ရှိပါတယ်။

(၅)ရေကိုခြွေတာစွာအသုံးပြုစေတဲ့နည်းလမ်းတစ်ခုအဖြစ် လက်ဆေးခွက်တစ်ခါတည်းတွဲပါသော ဘိုထိုင်အိမ်သာများကိုဂျပန်မှာအသုံးများကြပါတယ်။

(၆)ဂျပန်နိုင်ငံကဘောလုံးပရိသတ်များဟာ ပွဲအပြီးတွင် အားကစားကွင်းကို သန့်ရှင်းရေးလုပ်ပေးသွားကြပါတယ်။

(၇)ဂျပန်နိုင်ငံရှိ အိမ်သာအများစုတွင် ကလေးငယ်ကို ထားရှိရန်အတွက် ခုန်များကိုတပ်ဆင်ပေးထားပါတယ်။(ကလေးတစ်ဖက်နဲ့အိမ်သာတက်ချင်သူတွေအတွက်အဆင်ပြေစေရန်ရည်ရွယ်ချက်ဖြစ်ပါတယ်။)

(၈)ဂျပန်နိုင်ငံရှိ အချို့ဟော်တယ်များ၌ကုတင်နှစ်လုံးရှိတဲ့အခန်းများအတွက် တစ်ခြမ်းမှောင်တစ်ခြမ်းလင်းလုပ်လို့ရတဲ့ မီးအိမ်ကိုထားထားပါတယ်။(တစ်ဖက်ကအိမ်နေပြီးနောက်တစ်ဖက်ကအိပ်သေးတဲ့အခါအဆင်ပြေစေဖို့ရည်ရွယ်တာဖြစ်ပါတယ်။)

(၉)ဂျပန်ရှိ သိပ္ပံ ပညာရှင်များဟာ ရေခဲမုန့်ကို နာရီအနည်းမျှအရည်မပျော်ဘဲထားနိုင်မယ့်နည်းကိုတီထွင်ပေးခဲ့ပါတယ်။

(၁၀)ဂျပန်နိုင်ငံရှိအချို့သော ရေချိုးခန်းများဟာ အခန်းတွင် လူဝင်နေကြောင်းကိုဒီဂျစ်တယ် screen ဖြင့်ပြသပေးတဲ့နည်းပညာတွေကိုတပ်ဆင်ထားပါတယ်။

(၁၁)ဂျပန်တွင်အလုပ်များ၌ ခဏတာအိပ်စက်ခြင်းကို လက်ခံထားပေးကြပါတယ်။

(၁၂)ဂျပန်နိုင်ငံတွင် ကားများကို ပါကင်ထိုးရာ၌ မျဉ်းအတွင်းတွင် နောက်ပြန်ဆုတ်ထိုးကြပါတယ်။

(၁၃)ဂျပန်ပြည်သူများဟာ တစ်ခုခုအတွက် စည်းစနစ်တကျနှင့် အချိန်ကြာရှည်စွာ စိတ်ရှည်ရှည် စောင့်ဆိုင်းနိုင်ကြပါတယ်။

(၁၄)ဂျပန်နိုင်ငံ တွင် ယုန်ရာပေါင်းများစွာရှိတဲ့ ကျွန်းတစ်ကျွန်းလည်းရှိပါသေးတယ်။

(၁၅)ဂျပန်နိုင်ငံရှိ atmစက်ဘေးမှာတော့ အအေးဘူး၊ရေဘူးနဲ့ ခွက်များထားရှိနိုင်ရင် ခွက်အထိန်းများပြုလုပ်ထားပေးပါတယ်။

(၁၆)ဂျပန်နိုင်ငံတွင် လူ၂၃ယောက်ကို တစ်ခါတည်းရောင်းချပေးနိုင်တဲ့အအေးနဲ့စားသောက်ကုန် စက်ကြီးတွေရှိပါတယ်။

(၁၇)လေယာဉ်တက်ရန် အဆင်သင့်မဖြစ်မခြင်း ပြေးလမ်းက ဝန်ထမ်းများဟာ လေယာဉ်အားလက်ပြနှုတ်ဆက်ကြပါတယ်။

(၁၈)ဂျပန်တွင် လေးထောင့်ပုံစံဖရဲသီးကို စတိုးဆိုင်များတွင် ဝယ်ယူလို့ရပါတယ်။(သို့ပေမယ့်ဈေးတော့ကြီးပါတယ်။)

(၁၉)ဂျပန်နိုင်ငံတွင် လူကူးမျဉ်းကြား ၃၀၀ကျော်ရှိပါတယ်။

(၂၀)ခရီးတိုထွက်သောသူများအတွက် အကြိုက်များသည့် Capsule ပုံ ဟိုတယ်များစွာလည်းရှိပါတယ်။

Leave a Comment