ရှည်လျားသောဦးချိုရှိတဲ့နွားတစ်ကောင်၊ တင်းနစ်ဘောလုံးများစွာကို ကိုက်ထားနိုင်တဲ့ခွေး အစရှိတဲ့ ကမ္ဘာ့ဂရင်းနစ်စံချိန်တွေ တင်ရှိထားတဲ့တိရစ္ဆာန်လေးတွေ များစွာရှိကြပါတယ်။ အချို့တိရစ္ဆာန်လေးတွေကတော့ ထူးခြားတဲ့ရုပ်ပိုင်းဆိုင်ရာသွင်ပြင်လက္ခဏာတွေကြောင့် မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတာဖြစ်ပြီး တချို့တိရစ္ဆာန်လေးတွေကတော့ စက်ဘီးစီးတာ ကြိုးခုန်တာ စတာတွေကြောင့် လူသိများကြပါတယ်။ ဂင်းနစ်မှတ်တမ်းစံချိန်များဟာ လူသားတွေမှာသာမကဘဲ တိရစ္ဆာန်များအပေါ်မှာလည်း သက်ရောက်မှုရှိတာတွေ့ရပြီး ထိုထဲကမှ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကမ္ဘာ့အမွေးအထူဆုံးယုန်
Franchesca လို့အမည်ရတဲ့ ထိုယုန်လေးကတော့ ကယ်လီဖိုးနီးယားပြည်နယ် မောဂန်ဟေးမှ Betty Chu ဆိုသူကပိုင်ဆိုင်တာဖြစ်ပြီး သူ့ရဲ့အမွေးကတော့ ၃၆ စင်တီမီတာတောင် ရှည်လျားပါတယ်။ ထိုယုန်လေးကတော့ အင်္ဂလိပ် Angora ယုန်မျိုးဖြစ်ကာ သူ့ကို Pekingese ခွေးအမျိုးအစားနဲ့ မကြာခဏမှားတတ်ကြပါတယ်။ ထိုယုန်လေးကတော့ ၂၀၁၄ ခုနှစ်မှာ ဂရင်းနစ်စံချိန်တင်နိုင်ခဲ့တာဘဲဖြစ်ပါတယ်။
(၂)ကမ္ဘာ့အကြီးဆုံးမိချောင်း
ဂရင်းနစ်မှတ်တမ်းများအရ ဩစတြေးလျနိုင်ငံ Great Barrier Reef ရှိတောရိုင်းတိရစ္ဆာန်ဥယျာဉ်မှာနေထိုင်တဲ့ ရေငံမိချောင်း Cassius သည်ဖမ်းဆီးရမိတဲ့ မိချောင်းတွေထဲမှ ာအကြီးဆုံးဖြစ်ပါတယ်။ ၎င်းဟာ ၅.၄၅ မီတာရှည်ကာ ping-pong စားပွဲနှစ်ခုအရွယ်အစားခန့်ရှိပါတယ်။ Cassius ဟာသက်ရှိထင်ရှားရှိနေတဲ့ ကမ္ဘာ့အကြီးဆုံးမိချောင်းကြီးဖြင့် ၂၀၁၁ ခုနှစ်မှာစံချိန်တင်နိုင်ခဲ့ပါတယ်။
(၃) ကမ္ဘာ့အသေးဆုံးမြင်းကလေး
ကမ္ဘာ့အသေးဆုံးမြင်းလေးကတော့ Bombel ဖြစ်ပြီးပိုလန်နိုင်ငံကဖြစ်ပါတယ်။ ထိုမြင်းလေးဟာ ပိုလန်နိုင်ငံနဲ့ ကမ္ဘာ့အသေးဆုံးဂရင်းနစ်စံချိန်တင်ထားတဲ့ မြင်းလေးဖြစ်ပါတယ်။ သူ့ရဲ့ အမြင့်ဟာ ၅၆.၇စင်တီမီတာ (၁ပေနဲ့ ၈လက်မ) သာရှိပါတယ်။
(၄) ကမ္ဘာ့အပုဆုံးနွားကလေး
Heikens Ark Jupiter လို့ခေါ်တဲ့ ထိုနွားကလေးဟာ ကမ္ဘာ့အပုဆုံးနွားလေး တစ်ကောင်ဖြစ်ပြီး သူ့ရဲ့အရပ်ကတော့ ၂၈.၆လက်မသာရှိပါတယ်။ ထိုနွားကလေးကိုတော့ ကမ္ဘာ့အပုဆုံးအဖြစ် ၂၇ ဧပြီလ ၂၀၁၈ ခုနှစ်ကအတည်ပြု ပေးခဲ့တာဖြစ်ပါတယ်။
(၅) ကမ္ဘာ့ဦးချိုအရှည်ဆုံးနွား
တက္ကဆက်ပြည်မှ Poncho Via လို့ခေါ်တွင်တဲ့ ထိုနွားထီးကြီးဟာ ကမ္ဘာ့ဦးချိုအရှည်ဆုံးဖြစ်ပြီး အရှည်အားဖြင့် ၁၀ ပေရှိပါတယ်။ထိုအရှည်ဟာ စန္ဒယားကြီးရဲ့ အကျယ်ထက် နှစ်ဆတောင်ပိုပါတယ်။
(၆) ကမ္ဘာ့အရပ်အရှည်ဆုံးခွေး
ဂရင်းနစ်ကမ္ဘာ့မှတ်တမ်းအရ ၂. ၂၈ မီတာရှိသော ယူကေမှ ဖရက်ဒီလို့ခေါ်တဲ့ ထိုခွေးဟာ ကမ္ဘာ့အရပ်အရှည်ဆုံးခွေး အဖြစ်သတ်မှတ်ခြင်းခံ ထားရပါတယ်။ ၂၀၂၀ ခုနှစ်မေလမှာတော့ ဖရက်ဒီဟာအသက်၈နှစ်ပြည့်ခဲ့ပြီး မွေးတိုခွေးကြီးမျိုးထဲမှာ အသက်အကြီးဆုံးခွေးအဖြစ် နောက်ထပ်မှတ်တမ်းတစ်ခု ထပ်ဝင်သွားခဲ့ပါတယ်။
(၇) စကူတာစီးတာအကျွမ်းကျင်ဆုံးခွေး
နော်မန်လို့ခေါ်တဲ့ Briard ခွေးတစ်ကောင်ဟာ စကူတာစီးရာမှာကျွမ်းကျင်လွန်းတာကြောင့် ကမ္ဘာ့စံချိန်နှစ်ခုရရှိထားပါတယ်။နော်မန်ဟာမီတာ ၃၀အကွာအဝေးကို တခြားခွေးတွေထက်ပိုမြန်အောင်စကူတာစီးကာသွားနိုင်ပါတယ်။နော်မန်ဟာ ထိုမီတာ၃၀အကွာအဝေးကို ၂၀၁၃ဇူလိုင်လကသူ့ရဲ့စကူတာစီးကာ ၂၂.၇၇စက္ကန့် နဲ့၂၀၁၄ခုနှစ်ကာ စက်ဘီးစီးကာ ၅၀စက္ကန့်နဲ့စံချိန်နှစ်ခုတင်နိုင်ခဲ့ပါတယ်။၂၀၁၇ခုနှစ်မှာတော့ နော်မန်မှာ lymphomaရောဂါရှိနေကြောင်း ဂင်းနစ်မှတ်တမ်းဆောင်းပါးကဖော်ပြထားပါတယ်။
(၈) ကမ္ဘာအသက်အကြီးဆုံးကြက်တူရွေး
ထိုကြက်တူရွေးကတော့ အသက်၈၅ နှစ်၂၀၁၆ခုနှစ်မှာ သေဆုံးခဲ့တာဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံး ကြက်တူရွေးအဖြစ် စံချိန်တင်ထားပါတယ်။
(၉) ကမ္ဘာ့အသက်အကြီးဆုံးကုန်းနေသတ္တဝါ
၂၀၁၉ ခုနှစ်ဂရင်းနစ် မှတ်တမ်းဖော်ပြချက်အရ ဂျော်နသန် လို့ခေါ်တဲ့လိပ်ကြီးဟာ အသက်၁၈၈နှစ်ရှိပြီဖြစ်ကာ ကမ္ဘာ့အသက်အကြီးဆုံး ကုန်းနေသတ္တဝါကြီးလည်းဖြစ်ပါတယ်။ ဂျော်နသန်ဟာ ၁၈၃၂ ခုနှစ်ဝန်းကျင်က မွေးဖွားခဲ့တာဖြစ်ပြီး ကမ္ဘာစစ်နှစ်ခုလုံးလည်းမှီခဲ့သလိုအီဖယ်တာဝါဖွင့်ပွဲတောင် မှီခဲ့တယ်လို့သိရပါတယ်။
(၁၀) ကမ္ဘာ့အပြေးအမြန်ဆုံးလိပ်
ဘာတီ လို့ခေါ်တဲ့လိပ်ကြီးဟာ ကမ္ဘာ့အပြေးအမြန်ဆုံးလိပ်ဖြစ်ပြီး တစ်နာရီကို ပျှမ်းမျှ ၀.၆ မိုင်လောက်ထိပြေးနိုင်ပါတယ်။ ထိုအချက်ဟာ ပုံမှန်ယုန်တစ်ကောင်ထက်ကို နှစ်ဆပိုပြီးပြေးနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဘာတီ ဟာမီတာ ၁၀၀ ကို၆မိနစ်အတွင်း ပြေးနိုင်ပါတယ်။