ကမ္ဘာကြီးပေါ်မှာ တိရိစ္ဆာန်မျိုးကွဲတွေ သိပ်များလွန်းတာကြောင့် သိပ္ပံပညာရှင်တွေဟာလည်း မျိုးစိတ်အသစ်တွေကို ဆက်ပြီး ရှာဖွေတွေ့ရှိတုန်းပါပဲ။ သူတို့ထဲကတချို့ဟာ ပုံသဏ္ဍာန်မမှန် ထင်ရှားတဲ့အရောင်မရှိတာမျိုးရှိပေမယ့် သူတို့အသက်ရှင်ရပ်တည်နိုင်အောင် ထူးခြားတဲ့ လက္ခဏာရပ်တွေက ကူညီပေးကြပါတယ်။ အခုတစ်ခါမှာဆိုရင်တော့ စာဖတ်သူပရိသတ်ကြီးအတွက် တစ်ပိုင်းတစ်စ ဒါမှမဟုတ်လုံး၀ကြည့်လင်ပြီး ထိုးဖောက်မြင်ရတယ့် အံ့ဩစရာသတ္တဝါဆန်းလေးတွေအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။
၁။ Pharaoh ပုရွက်ဆိတ်
ဒီပုရွက်ဆိတ်အမျိုးအစားကတော့ သေးငယ် ကြည်လင်ပြီး အဝါ ဒါမှမဟုတ် အညိုဖျော့ရောင်ရှိတဲ့ အင်းဆက်အမျိုးအစားဖြစ်ပြီး အိမ်တွေ အဆောက်အဦးတွေမှာ အသိုက်ဖွဲ့တတ်ပါတယ်။ သူတို့ဟာ အစားအစာမျိုးစုံကို စားသုံးပြီး ပစ္စည်းအမျိုးမျိုးကိုလည်း စားသောက် ဖျက်ဆီးတတ်ပါတယ်
၂။ ကြည်လင်နေတဲ့ ရေဘဝဲ
ဒီရေနက်မှာနေလေ့ရှိတဲ့ ရေဘဝဲတွေဟာ သူတို့ တစ်ကိုယ်လုံးကို ထိုးဖောက်မြင်နိုင်ရုံတင်မက အာရုံကြော မျက်လုံး အစာခြေစနစ်ကိုပါ အတိုင်သား မြင်ရနိုင်ပါတယ်။နေရောင် လုံး၀မကျရောက်နိုင်တဲ့ ရေနက်ပိုင်းမှာနေလေ့ရှိပါတယ်။
၃။ ဆူးတောင်မဲ ရေခဲငါး
အရမ်းရှားပါးတဲ့ ကြေးခွံမပါတဲ့ ငါးအမျိုးအစားဖြစ်ပါတယ်။ ကြေးခွံအစား သူတို့မှာ သွေးကြောတွေပြေးနေတဲ့ အရေခွံထူထူကြီးပါရှိပြီး သွေးမှာလည်း ဟေမိုဂလိုဘင်မပါတဲ့ အတွက်ကြောင့် အနီရောင် မဟုတ်ဘဲ အရောင်အဆင်းမဲ့ပါတယ်။ အဲဒါကြောင့်ပဲ ဒီငါးဟာ တစ်ပိုင်းတစ်စ ကြည်လင်နေတဲ့ ငါးဖြစ်နေတာပါ။
၄။ ဂရီတာ အိုတို လိပ်ပြာ
ဂရီတာ အိုတိုလို့ခေါ်တဲ့ တောင်ပံအကြည်လေးတွေနဲ့ လိပ်ပြာကတော့ သားကောင်ဖမ်းဖို့နဲ့ ပတ်ဝန်းကျင် ရန်ကနေ ပုန်းအောင်းနိုင်ဖို့အတွက် သူတို့ရဲ့ တောင်ပံလေးတွေကို အသုံးချတတ်ပါတယ်။ ဒါကို တချို့သော မျိုးရင်းလိပ်ပြာတွေမှာပဲ ရှားပါးစွာ မြင်ရတတ်ပြီး အသားစားသတ္တဝါတွေရန်ကနေ ရှောင်ဖို့အတွက် အသုံးချကျပါတယ်။
၅။ ပင်လယ် ဆီးဖြူ
Pluerobrachia bachei လို့ခေါ်တဲ့ ပင်လယ်ဆီးဖြူဆိုတဲ့အကောင်လေးတွေဟာ သေးငယ်လွန်းလှပြီး အနောက်မြောက် ပစိဖိတ်သမုဒ္ဒရာရဲ့ ကမ်းရိုးတန်းမှာ တွေ့ရှိရတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ၉၉%ဟာ ရေဓာတ်ဖြစ်ပြီး အာရုံခံ အတံ နှစ်ခုပါရှိပါတယ်။
၆။ ပေါ်တူဂီ man o’war
ဒီသတ္တဝါကတော့ ရေငံနေ ဟိုက်ဒရိုဇိုးရန်း ဖြစ်ပြီး အတ္တလန်တစ်ပင်လယ်နဲ့ အိန္ဒိယပင်လယ်တို့မှာ တွေ့ရတတ်ပါတယ်။ ဒီအကောင်အမျိုးအစား တိုက်ခိုက်ခြင်းခံရရင် သတ္တဝါအကြီးကြီးတွေတောင်မှ သေနိုင်ပါတယ် ။ သူတို့ဟာ ရေပေါ်ပေါ်စေဖို့ ခန္ဓာကိုယ်ထဲမှာ ဂတ်စ်တွေရှိနေတတ်ပါတယ်
၇။ သရဲပုစွန်
ဒီပုစွန်တွေကတော့ ရေချိုရော ရေငံမှာရော နေထိုင်ပြီး တော်တော်လေးကို သေးငယ်ကြပါတယ်။ ၂.၅ စင်တီမီထိသာ ကြီးနိုင်ပြီး အရမ်းကို ကြည်လင်တဲ့အတွက် ပတ်ဝန်းကျင်က အရာများနဲ့အတူ ရောထွေးပြီး ကိုယ်ယောင်ဖျောက်နေတတ်ပါတယ်။
၈။ ပင်လယ်နတ်သမီး
ပင်လယ်နတ်သမီးတွေဟာ မြောက်ဘက်စက်ဝန်းက ရေခဲ ပင်လယ်မှာ နေထိုင်ပြီး အလွန့်အလွန် သေးငယ်ကြပါတယ် ။ အခွံမာသတ္တဝါမဟုတ်ဘဲ တောင်ပံပုံစံနှစ်ခုပါရှိပြီး သေးငယ်ကြည်လင်တဲ့ ခန္ဓာကိုယ်တွေ ပိုင်ဆိုင်ထားတဲ့ သတ္တဝါတွေပါ။ သူတို့ဟာ သေးငယ်တဲ့ ဂုံးလေးတွေကို စားသုံးကြပါတယ်။
၉။ လက်ပ်တို ခပ်ဖလက်စ်
သူတို့ကတော့ ငါးရှဉ့်သားလောင်းတွေပါ ။ တခြား ငါးတွေနဲ့ မတူတာက ငါးရှဉ့်တွေဟာ သုံးလကနေ တစ်နှစ်အထိ သားလောင်း ဘ၀မှာ နေတတ်ကြပြီး ဒီသားလောင်းတွေရဲ့ ခန္ဓာကိုယ်ဟာ အင်မတန်က ကြည်လင်လှပြီး ဘေးဘက်မှာ ပြားကာ အစွယ်လိုသွားတွေ ရှိတတ်ပါတယ်။ အရွယ်မရောက်မချင်း သူတို့မှာ သွေးနီဥတွေ မရှိကြပါဘူး
၁၀။ မသေမျိုး ဂျယ်လီငါး
ဒီ ဂျယ်လီငါး (ခ) ရေခူအမျိုးအစားကိုတော့ မသေမျိုးဖြစ်သတ်မှတ်ထားတာပါ။ သူတို့ဟာ ပင်လယ် ကြမ်းပြင်ကို မှီတွယ်ပြီး သားလောင်းဘ၀နဲ့ အုပ်စုဖွဲ့နေထိုင်ကြပါတယ်။ သားလောင်းဘ၀ကနေ အရွယ်ရောက်လာပြီးတော့မှ ရေခူအနေနဲ့ ရေထဲမှာ လွတ်လွတ်လပ်လပ် သွားလာကြပါတယ်။ ရေခူတစ်ကောင် နေမကောင်းတာတို့ တိုက်ခိုက်ခံရတာတို့ အသက်ကြီးလာတာတို့ဖြစ်ရင် သူဟာ သားလောင်းဘ၀ကို ပြန်သွားပြီး အသစ်ပြန်လည်မွေးဖွားနိုင်ကြပါတယ်။
၁၁။ ကြည်လင်နေတဲ့ ဖား
ဒီဖားတွေဟာ အမေရီက တောင်ပိုင်း အလယ်ပိုင်းတွေမှာရှိတတ်ပြီး စိမ်းဝါရောင် အရေပြားနဲ့ တစ်ပိုင်းတစ်စကြည်လင်နေတဲ့ ခန္ဓာကိုယ်ရှိတာကြောင့် ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါ အကုန်လုံးကို ထိုးဖောက်မြင်ရမှာပါ။
၁၂။ သရဲ ငါးခူ
ဒီငါးကတော့ ငါးခူအနွယ်ဝင်ဖြစ်ပြီး လုံး၀ကို ကြည်လင်နေတဲ့ခန္ဓာကိုယ်ရှိပါတယ်။ ငါးသေးသေးလေးတွေဟာ အကြေးခွံလဲမရှိသလို အရောင်လဲ မရှိတာကြော်င့ သူ့ရဲ့ အရိုးအပြင် နှလုံးခုန်နေတာကိုပါ မြင်တွေ့ရမှာပါ။