နေ့စဉ်နေတိုင်းတွင် ကျွန်တော်တို့ရဲ့ ပတ်၀န်းကျင်က မြင်နေရတဲ့ အရာများ အသုံးဆောင်များစွာရှိနေပေမဲ့ ဘာအတွက် အသုံးပြုထားကြလဲဆိုတာ လူတော်တော်များများ မသိကြပါဘူး။ဒီဆောင်းပါးမှာတော့ထိုအရာတွေရဲ့လျှို့ဝှက်ချက်များကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁)အကျီ အနောက်ဘက်က အဝတ်စချိတ်ပုံစံအရာ

ဒီအရာအတွက် ခိုင်လုံတဲ့ရှင်းပြချက် သုံးခုရှိပါတယ်။အသိသာဆုံးမှာ ပထမတစ်ခုက အင်္ကျီကိုချိတ်ဆွဲထားရန်ဖြစ်ပါတယ်။ဒုတိယတစ်ခုမှာ အရင်ခေတ်က အကျီတွင် ဖြုတ်နိုင်တပ်နိုင်တဲ့ လက်ကိုင်ပုဝါများ အ၀တ်စများကိုချည်နှောင်နိုင်ဖို့ ရည်ရွှယ်ခဲ့တာဖြစ်ပါတယ်။တတိယ စိတ်ကူးမှာ ရိုမန်ဆန်လှပါတယ်။အမေရိကန်ကျောင်းသားများဟာ မိန်းကလေးများနှင့်ချိန်းတွေ့လျှင် ကောင်မလေးအတွက် အကျီအပိုယူလာပေးရန်အတွက်ဖြစ်ပါတယ်။
(၂)Laptopရဲ့ပါဝါအားသွင်းကြိုးက ဆာလင်ဒါအတုံး

သင်လက်တော့ပ်ကိုအသုံးပြုသည့်အခါတွင် ပါဝါကြိုးက အဲ့ဒီအရာကိုသတိထားမိမှာပါ ။ဒီအရာဟာ သေးငယ်သော်လည်း’ferrite bead’ အလွန်အရေးကြီးတဲ့ကိရိယာ ဖြစ်ပါတယ်။၎င်းဟာ အီလက်ထရောနစ်ဆားကစ်များတွင်ကြိမ်နှုန်းမြင့်ဆူညံသံများကို လျော့ချပေးပါတယ်။ဒီဇိုင်းဟာမယုံနိုင်လောက်အောင်ရိုးရှင်းပြီး ၎င်းတွင်ferriteအတွင်း၌ ကေဘယ်ကိုကြိုးဖြင့်ရစ်ပတ်ထားကာ ထည့်သွင်းထားပါတယ်။
(၃)လေယာဉ်၏ပြတင်းပေါက်ရှိ အပေါက်သေးလေး

လေယာဉ်ပျံပြတင်းပေါက်များကို ပြုလုပ်ရန် ပလတ်စတစ် (perspex)နှစ်ခုကို အသုံးပြုရပါတယ်။လေယာဉ်အတွင်းခန်းနှင့်အပြင်ဘက် ကြားတွင် ဖိအားသိသိသာသာကွာခြားချက်ကြောင့် အတွင်းမှန်ဖန်သားပြား ကိုကွဲအက်သွားစေနိုင်ပါတယ်။ဒီသေးငယ်တဲ့အပေါက်လေးဟာ လေများကို ပြတင်းပေါက်နှင့် လေယာဉ်ခန်းကြားရှိ ဧရီယာထဲရွှေ့လျားစေပြီး ၎င်းတို့ကြားရှိ လေဖိအားကို မျှတစေပါတယ်။
(၄)ခဲဖျက်၏အပြာရောင်အပိုင်း

ခဲဖျက်၏အပြာရောင်ဘက်မှာ အမှန်တကယ်တော့ ထူတဲ့စာရွှက်တွင် ဖျက်ဖို့အတွက်ဖြစ်ပါတယ်။ ပန်းရောင်ဘက်ခြမ်းဟာ ဖျက်သည့်အခါတွင် အရာနဲနဲကျန်ရှိနေတတ်ပြီး အပြာဘက်ကတော့ ရေးခြစ်ထားသည်များကို လုံး၀ဖယ်ရှားပစ်နိုင်ပါတယ်။
(၅)သင့်ဖိနပ်အပေါ်က အပေါက်နှစ်ပေါက်

လူအနည်းစုသာလျှင် သူတို့ရဲ့ အားကစားဖိနပ်ရှိ အပိုအပေါက်နှစ်ပေါက်ကို အာရုံစိုက်မိကြပါတယ်။သို့ရာတွင်၎င်းတို့ ဟာအလွန်အသုံးဝင်သောရည်ရွယ်ချက်ဖြင့်ဒီဇိုင်းထုတ်ထားသောကြောင့် သိသင့်ပါတယ် ။သူတို့ကသင့်အားကစားလုပ်နေတဲ့အချိန်မှာသင့်ရဲ့ခြေချင်းဝတ်တွေကိုသင့်ခြေထောက်နှင့်ဖိနပ်မှ ပွတ်တိုက်တာကိုကာကွယ်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်