ကျွန်ုပ်တို့၏နေ့စဉ် ဘ၀တွင် တွေ့မြင်နေရသောအရာများဟာ ဘာကြောင့် လိုအပ် ပြီး ဘယ်လို အကြောင်းကြောင့် ရှိနေတာလဲဆိုတာ မစဉ်းစားမိပဲဖြစ်နေကြမှာပါ။
(၁) R ပုံစံ သင်္ကေတ
တစ်ချိူ့ ကုန်ပစ္စည်းအမှတ်တံဆိပ်များရဲ့ ဘေးပတ်လည် တစ်နေရာမှာရှိတဲ့ Rပုံစံ သင်္ကေတ အကြောင်း စဉ်းစားမိပါသလား အဖြေကတော့ရိုးရှင်းပါတယ်။ ဆိုလိုတာက ထိုတံဆိပ်ပါတဲ့ ကုန်ပစ္စည်းတွေဟာ US မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ကုန်ပစ္စည်းရုံးတွင် တရား၀င် မှတ်ပုံတင်ထား ခြင်းဖြစ်ပါတယ်။ ထိုသို့ မှတ်ပုံတင်ခြင်းဟာ ကုန်အမှတ်တံဆိပ်ပိုင်ရှင်များအား သူတို့ရဲ့ထုတ်ကုန်များပေါ်တွင် ® အသုံးပြုခွင့်သာမကဘဲ ကုန်အမှတ်တံဆိပ်ကို အတုပြုလုပ်ရန် ကြိုးစားသူများကို တရားစွဲဆိုပေးနိုင်လို့ဘဲ ဖြစ်ပါတယ်။
(၂) Nail cuticles
သင်ဟာ သင့်လက်များကို ကောင်းမွန်စွာဂရုစိုက်ပါက လက်သည်းခြေသည်းတွင် တွေ့ရသော အရေပြား အမာကျောအလွှာဖြစ်သည့် cuticle ဆိုတာဘာလဲ သိပါလိမ့်မယ်။ လူအများစုက ထိုအရာကို လှအောင် ဖယ်ရှားပစ်ကြပါတယ် ဒါပေမဲ့ အဲ့လိုမလုပ်သင့်ပါဘူး။
ဒီအရေပြားအသေးတစ်ဝိုက်ဟာ တကယ်တော့ လက်သည်းကနေ ရောဂါပိုးမကူးစက်နိုင်အောင် ကာကွယ်ထားတာဖြစ်ပါတယ်။ သူ့ကိုဖယ်ရှားပစ်လိုက်တဲ့အခါမှာ သင့်လက်သည်းတွင် အနာအသေးစားလေးများ ကျန်ခဲ့ပါလိမ့်မယ်။ ထိုအနာများဟာ ဘတ်တီးရီးယားပိုးမွှားများကို မသိမသာကူးစက်စေနိုင်ပါတယ်။ သင်ရဲ့ cuticles ကိုဖြတ်တောက်ခြင်းဟာ လက်သည်းအလှပြုပြင်နည်းတစ်နည်း ဖြစ်ပေမဲ့ လက်သည်းများအတွက် အကျိူးမရှိပဲ ရောဂါပိုး၀င်ရောက်သည့် အန္တရယ်ဖြစ်စေနိုင်တဲ့ ဆိုးကျိုးကိုလည်း ထည့်တွက်ရမှာပါ။
(၃) နားကြပ်အပေါက်ပေါ်က အရစ်များ
နားကြပ်ပေါက်တွေမှာ အရစ် 2ခု ဒါမှမဟုတ် 3ခု ပါရှိတာကို သင်သတိထားမိမှာပါ။ သူတို့ဟာ အလှသဘောပါ၀င်တာ မဟုတ်ပါဘူး။
အရစ်တိုင်း မှာ နားကြပ်နှစ်ဖက်ရဲ့ ဝါယာကြိုးများရှိပြီး နှစ်ဖက်လုံးရဲ့ဝါယာကြိုးများ မရှိပါက အသံကို တစ်ဖက်တည်းကနေပဲ နားထောင်နိုင်ပါလိမ့်မယ်။
(၄) ဂေါက်သီးလုံးပေါ်က အစက်ပြောက်လေးများ
ပထမတုန်းကတော့ ဂေါက်သီး တွေကို လုံး၀ချောမွေ့ အောင်ပြုလုပ်ခဲ့ကြပါတယ်။ သို့သော် အချိန်ကြာလာသည့်နှင့်အမျှ ဂေါက်သီး သမားများဟာ ကစားပွဲအမျိူးမျိူးတွင်စမ်းသပ်ကစားကြည့်ရာ ဟောင်းပြီးပျက်စီးနေတဲ့ဂေါက်သီးများကသာ ကစားရတာအကောင်းဆုံးဖြစ်နေတာကို တွေ့ခဲ့ကြပါတယ်။ ထို့ကြောင့်သူတို့ဟာ ဂေါက်သီးဟောင်းများကိုပဲ နှစ်ချီ အသုံးပြုလာကြပါတယ်။ ထုတ်လုပ်သူများကထို သဘောသဘာဝကို သတိပြုမိပြီး ထိုကဲ့သို့ချိုင့်အစက်လေးတွေပါတဲ့ ဂေါက်သီးလုံးများကို စတင်ထုတ်လုပ်ခဲ့ကြပါတယ်။
(၅) နေကာမျက်မှန်များ
နေကာမျက်မှန်ရှိ မှန်များသည် ရည်ရွှယ်ချက်တစ်ခုတည်းနဲ့ ထုတ်လုပ်ထားတာမဟုတ်ပါဘူး။ သို့ပေမယ့် သူတို့က အဲ့လောက်မရိုးရှင်းကြပါဘူး။ Arctic လူမျိုးများဟာ သူတို့၏မျက်လုံးများကို တောက်ပနေသော ဆီးနှင်းဖြူများမှ ကာကွယ်ရန်နည်းလမ်းတစ်ခုအဖြစ် မျက်မှန်အနက်များကိုတီထွင်ခဲ့ကြပါတယ်။ ထိုနောက်ပိုင်း မျက်မှန်နက်များကို 12 ရာစုတွင် တရုတ်တရားသူကြီးများအကြား ကျယ်ပြန့်စွာအသုံးပြုလာကြပြီး အထူးသဖြင့် တရားသူကြီးများဟာ မျက်မြင်သက်သေများမှ သူတို့ရဲ့စိတ်ခံစားချက်ကို ဖတ်ရရှုနိုင်ဖို့ မျက်လုံးများကို ဖုံးကွယ်နိုင်ရန် ၀တ်ဆင်အသုံးပြုလာကြပါသည်။
(၆) အသီးပေါ်က စတေကာများ
အသီးများပေါ်ရှိ စတစ်ကာများဟာ
တိုင်းပြည်နှင့်ထုတ်လုပ်သူကိုအမှတ်အသားပြုသော်လည်းစတစ်ကာများရှိနံပါတ်များဟာဘာကို ဆိုလိုလည်း ဆိုတာကိုဖော်ပြထားပါတယ်။အကယ်လို့များ ဂဏန်း ၄ လုံး ပါရှိ၍ ပထမဂဏန်းဟာ ၄ဖြစ်နေလျှင် အသီးကိုပိုးသတ်ဆေးများဖြင့်ပက်ဖြန်းထားခြင်းဖြစ်ပါတယ်။သို့သော် ဂဏန်း 5လုံးပါရှိ၍ ပထမ ဂဏန်းဟာ ၉ဖြစ်ပါက အသီးကို သဘာ၀အတိုင်း စနစ်တကျစိုက်ပျိူးထားခြင်းဖြစ်ပါတယ်။ထို့နောက် ဂဏန်း5လုံးပါရှိ၍ ပထမဂဏန်းဟာ ၈ဖြစ်ပါက အသီးဟာ မျိူးဗီဇ အသစ်ပြုပြင်ပြောင်းလဲထားခြင်းဖြစ်ပါတယ်။