အကယ်၍သာ ဇီဝဗေဒသင်ခန်းစာကို သင်ကြားပို့ချပေးနေတဲ့ ဆရာဆရာမများကသာ ဤတိရိစ္ဆာန်လေးများနဲ့ သူတို့ရဲ့ထူးခြားလှတဲ့ အလေ့အထတွေအကြောင်းကို ပြောပြနေမယ်ဆိုပါက ဘယ်သူမှ ထိုအတန်းကို ပြေးတော့မှာမဟုတ်ပါဘူး။ ယခုဆောင်းပါးလေးထဲမှာတော့ သိပ္ပံပညာရှင်များကိုယ်တိုင် အံ့ဩရတဲ့ တိရိစ္ဆာန်လေးများနဲ့ ပက်သက်တဲ့ အချက်အလက်တွေကို စုစည်းဖော်ပြပေးသွားမှာပါ။ ဒီအကြောင်းအရာတွေကို သင်ဖတ်ပြီးတဲ့အခါမှာ သူတို့ဟာ ဘယ်လောက်ထိ ထူးခြားနေလည်းဆိုတာကို သိမြင်ရမှာဖြစ်ပါတယ်။
(၁) ကြွက်များကို သူတို့နေထိုင်ရာတွင်းထဲကနေ ထွက်လာဖို့ မြက်ပင်တွေကို မီးရှို့ကြတဲ့ သိန်းငှက်များ
ဒီအချက်ကိုတော့ သင်တို့အနေနဲ့ ယုံကြည်ချင်မှ ယုံပါလိမ့်မယ်။ ဒါပေမယ့်လို့ အချို့ငှက်များက တောမီးလောင်ကျွမ်းပြန့်ပွားတဲ့ နေရာမှာတစ်စိတ်တစ်ဒေသကနေ ပါဝင်နေတာကို တွေ့ရပါတယ်။ ဩစတြေးလျနိုင်ငံမှာ သတ္တဗေဒပညာရှင်တွေရဲ့ ပြောကြားချက်အရ သိန်းငှက်ငယ်လေးများနဲ့ အချို့ငှက်များဟာ မီးလောင်ကျွမ်းနေတဲ့ သစ်သားချောင်းများကို သူတို့ရဲ့ ခြေသည်းများနဲ့ ကုပ်၍သယ်ဆောင်ကာ ခြောက်သွေ့နေသော မြက်ပင်တွေအပေါ်ကို ပစ်ချနေတာကို တွေ့မြင်ရတယ်လို့ဆိုပါတယ်။ ဒီလိုမြက်ပင်တွေကို မီးရှို့တာဟာ ပုန်းအောင်းနေကြတဲ့ သူတို့ရဲ့ သားကောင်တွေထွက်လာစေအောင် လုပ်ဆောင်ကြတာလည်း ဖြစ်ပါတယ်။
(၂) တစ်ကိုယ်လုံးခဲနေတဲ့ အနေအထားနဲ့ အချိန်ကြာကြာနေနိုင်သော ဖား
Alaskan တောဖားတစ်ကောင်ဟာ သူကိုယ့်သူခြောက်လကနေ ခုနှစ်လထိ အေးခဲနေတာကို တွေ့ရပါတယ်။ သစ်တောတစ်ခုလုံး ဆီးနှင်းများဖုံးအုပ်လာတဲ့အချိန်မှာ ထိုဖားရဲ့ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း အေးခဲသွားပြီး ၎င်းရဲ့အဆုတ်နဲ့ နှလုံးတို့ဟာလည်း အလုပ်လုပ်တာရပ်တန့်သွားပြီး သူရဲ့သွေးလည်ပတ်မှုလည်းပဲ ရပ်တန့်သွားပါတယ်။ ဒါပေမယ့် ထိုဖားမှာတော့ cryoprotectant လို့ခေါ်တဲ့ ယန္တာရားတစ်ခုရှိပြီး ၎င်းဟာ သွေးနဲ့ခန္ဓာကိုယ်အတွင်းက အခြားအရည်တွေရဲ့ ရေခဲတာတွေကို လျော့ချပေးကာ သူ့ဟာအေးခဲနေတဲ့အချိန်မှာ အသက်ရှင်နိုင်ဖို့ကို ကူညီပေးပါတယ်။ နွေဦးကာလ ရောက်လာတဲ့အခါမှာတော့ ထိုဖားဟာ ပြန်လည်နိုးထလာကာ ကောင်းကောင်းအသက်ရှင်နိုင်ပါတယ်။
(၃) အရမ်းအေးတဲ့ ဆောင်းရာသီမှာ အသက်ရှင်နိုင်ဖို့ အီသနော (အရက်) ဓာတ်ကို ထုတ်လွှတ်တဲ့ငါး
ရွှေငါးလေးတွေဟာ အရမ်းအေးလာပြီလို့ ခံစားရတဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ်ကနေ အီသနောဓာတ်ကို ထုတ်လွှတ်ပါတယ်။ ငါးရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ထူးကဲတဲ့ပရိုတိန်းတစ်မျိုးဟာ လတ်တစ်အက်စစ်ကို အရက်တွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။ မြင့်မားစွာပါဝင်တဲ့ အရက်ဓာတ်တွေဟာ ငါးရဲ့ပါးလွှာတဲ့ ဆဲလ်အမြှေးပါးတွေ ပေါက်ထွက်တဲ့အန္တာရာယ်ကနေ ထိန်းသိမ်းထားပေးပြီး ရေခဲတွေအရည်ပျော်သည့်တိုင်အောင်အသက်ရှင်နိုင်ပါသေးတယ်။
(၄) ကြီးမားလွန်းလှတဲ့ ငါးမန်းတွေဟာ ကျွန်တော်တို့ကိုမကိုက်ပါဘူး
ထိုငါးမန်းအမျိုးစားကြီးကတော့ ဝေလငါးပြီးရင် ဒုတိယအကြီး ဆုံးငါးမျိုးစိတ်လည်းဖြစ်ပါတယ်။ ထိုကြီးမားတဲ့ ငါးမန်းတွေနဲ့ ဝေလငါးတွေဟာ ငါးကြီးတွေနဲ့လူသားတွေကို မြိုချလိမ့်မယ်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ သူတို့တွေဟာ အန္တာရာယ်မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေဟာ plankton တွေကိုသာ စားသောက်လို့ဘဲ ဖြစ်ပါတယ်။
(၅) ခိုအာလာဝက်ဝံတွေရဲ့ လက်ဗွေဟာ လူသားတွေရဲ့ လက်ဗွေနဲ့ ချွတ်စွတ်နီးပါး တူပါတယ်
ဩစတြေးလျသုတေသီများဟာ ခိုအာလာဝက်ဝံတွေမှာ လူသားတွေနဲ့ တူတဲ့လက်ဗွေရာရှိကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူတို့လက်ဗွနှစ်ခုဟာ မိုက်ခရိုစကုပ်အောက်မှာ ယှဉ်ကြည့်တာတောင် အလွန်ဆင်တူတာကြောင့် သုတေသီများဟာ သူတို့နှစ်ဦးရဲ့ လက်ဗွေတွေကို ခွဲခြားနိုင်ဖို့ ပြဿနာတွေရှိနေခဲ့ပါတယ်။