ကျောင်းတွင်မသင်ကြားခဲ့ရသောကမ္ဘာကြီးနဲ့ပတ်သက်တဲ့အကြောင်းရာများ

ကျွန်ုပ်တို့ဟာ ကမ္ဘာပေါ်တွင်နေထိုင်တဲ့လူသားများဖြစ်သောကြောင့် ကမ္ဘာဂြိုလ်၏ပုံမှန်မဟုတ်တဲ့အရာများကို သေချာသိဖို့လိုအပ်ပါတယ်။အံဩစရာကောင်းတာက ကျွန်ုပ်တို့ဟာ ကမ္ဘာဂြိုလ်အကြောင်းထက် အာကာသ အကြောင်းကို အများကြီးပိုသိပါတယ်။ဥပမာအနေဖြင့် ကျွန်ုပ်တို့ဟာ ကမ္ဘာလုံးကို အပြာရောင်ဂြိုလ်ဖြစ်သည့်ဟုဆိုကြသော်လည်း သိပ္ပံပညာရှင်များက ကမ္ဘာသည် အမြဲ အပြာရောင်မဟုတ်ကြောင်းပြောဆိုခဲ့ပါတယ်။

(၁)လဟာ ကမ္ဘာရဲ့အစိတ်ပိုင်းတစ်ခုဖြစ်နိုင်ပါတယ်။

© depositphotos.com

သိပ္ပံပညာရှင်များက လဟာ ကျွန်ုပ်တို့ ကမ္ဘာလုံးနှင့် အခြားကြီးမားတဲ့ ဥက္ကာခဲတိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာသည်ဟုဆိုကြပါတယ်။တိုက်မိခြင်းကြောင့် မြေကြီးအနည်းငယ်ပဲ့သွားပြီး နောက်ပိုင်းတွင် ကမ္ဘာကို လည်ပတ်နေသော ဂြိုလ်တစ်ခုဖြစ်လာခဲ့ပါတယ်။

(၂)ကမ္ဘာရဲ့သံလိုက်စက်ကွင်းဟာ ပြောင်းလဲနေ

© depositphotos.com

ကျွန်ုပ်တို့ကမ္ဘာမြေကြီးရဲ့သံလိုက်စက်ကွင်းဟာ စဉ်ဆက်မပြတ်အသုံးပြုနေကြပါတယ်။သိပ္ပံပညာ သုတေသန အရ ၁၉ရာစုကတည်းက မြေပြင် မိုင် ၆၀၀ခန့်‌ ရွေ့လျားခဲ့ပြီး တောင်ဘက်ခြမ်း၏အလယ်ဗဟိုဟာ တောင်သမုဒ္ဒရာ အထက်တွင်ရှိနေပါတယ်။တစ်နှစ်ပြီးတစ်နှစ်လှုပ်ရှားမှုအရှိန်ဟာ အမြင့်မားဆုံးထိ တိုးပွားလျက်ရှိပြီး ထိုနောက် ‌လှုပ်ရှားမှုဟာ တစ်ဖန်ပြန်ပြီးနှေးကွေးပါလိမ့်မည်။

(၃)ထူးဆန်းတဲ့ ‌ဆွဲငင်အား

© depositphotos.com

ကမ္ဘာလုံးဟာ ပြီးပြည့်စုံစွာ မလုံးဝန်းသောကြောင့် ဒြပ်ထုများဟာလည်း ညီမျှမှုမရှိကြပါဘူး။ကမ္ဘာ၏ဒြပ်ထုကွဲပြားခြားနားမှုဟာ မြေကြီးပေါ်ရှိနေရာအမျိုးမျိုးတွင်မြေထုဆွဲအားအတက်အကျကိုဖြစ်ပေါ်စေပါတယ်။ဤအကွဲလွဲချက်များထဲမှတစ်ခုမှာကနေဒါနိုင်ငံ ၏ Hudson ပင်လယ်အော်ပဲဖြစ်ပါတယ်။အဲ့ဒီနေရာရဲ့ ကမ္ဘာ ဆွဲငင်အားဟာ အခြားနေရာများထက် နိမ့်ပါတယ်။

(၄)ကမ္ဘာတွင် လ နှစ်ခုရှိနိုင်ပါတယ်

© depositphotos.com

သိပ္ပံပညာရှင်အချို့က ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ဟာ ဒုတိယ လ ဂြိုလ်ရှိသည်ဟုယုံကြည်ကြပါတယ်။ သုတေသနအရ ကမ္ဘာပတ်ပတ်လည်တွင်လှည့်ပတ်နေတဲ့အခြားဂြိုလ်အရာဝတ္ထုတစ်ခုရှိပါသေးတယ်။သို့သော် အဲ့အရာဟာ အမြဲတမ်းတည်ရှိနေခြင်းမဟုတ်ပဲ ယာယီဂြိုလ် သာဖြစ်ပါတယ်။ကမ္ဘာမြေရဲ့ မြေထုဆွဲငင်အားဟာ တစ်ခါတစ်ရံတွင်ကြီးမားတဲ့ဂြိုဟ်မွှားများကိုဆွဲဆောင်နိုင်ပြီး ၎င်းတို့ဟာ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ကိုအချိန်အတိုင်းအတာတစ်ခုအထိ လှည့်ပတ်သွားတတ်ကြပါတယ်။

(၅)လ ပေါ်က ငလျင်လှုပ်ရှားမှု

လပေါ်ရှိ ငလျင်လှုပ်ရှားမှုကို လ ငလျင်ဟု သိကြပြီး သိပ္ပံစိတ်ကူးယဉ် မဟုတ်ပါဘူး။သို့သော်၎င်းတို့ဟာ ကျွန်ုပ်တို့ရဲ့ ကမ္ဘာဂြိုဟ်ကဲ့သို့မကြာခဏဖြစ်ပျက်လေ့မရှိပါဘူး ၊ များသောအားဖြင့်လဂြိုလ်၏ အလယ်ဗဟိုကို နီးကပ်လေလေ လှုပ်ရှားမှုပိုမိုများလေ ဖြစ်ပါတယ်။သိပ္ပံပညာရှင်များက ၎င်းဟာ နေနှင့်ကမ္ဘာ၏ ဆွဲအားစွမ်းအားများကြောင့်ဖြစ်သည်ဟုယုံကြည်ကြပါတယ်။

Leave a Comment