ကိုယ်ပြောချင်တဲ့စကားကို စိတ်ဝင်စားလာအောင် ဘယ်လိုမျိုး စတင်သင့်သလဲ

ကိုယ်ပြောချင်တဲ့အကြောင်းအရာက စိတ်ဝင်စားဖို့ကောင်းပေမယ့် ကိုယ်က သူတစ်ပါးစိတ်ဝင်စားအောင်မပြောနိုင်ဘူးဆိုရင်တော့ သင့်မှာ အားနည်းချက်တွေ ရှိနေလို့ပါ။ ဒါဆိုရင် ဘယ်လိုပုံစံမျိုးက လူစိတ်ဝင်စားတတ်သလဲ? စဉ်းစားမရဖြစ်နေပြီလား။ ဒါဆိုရင် မစဉ်းစားပါနဲ့တော့ ဒါလေးကို ဆုံးအောင်ဖြတ်လိုက်မယ်ဆိုရင် သင့်စိတ်ထဲမှာ ဘယ်လိုမျိုး စိတ်ဝင် စားအောင်လုပ်ရမလဲဆိုတာ နားလည်သွားနိုင်ပါတယ်။

၁။ ရူပအလှထက် အခြားအရည်အချင်းတစ်ခုခုကို ချီးမွမ်းပါ။

5.jpg

လူတွေက သူတို့ကို ချီးမွမ်းတာကို အမြဲလိုလိုသဘောကျတတ်ကြပါတယ်။ တကယ်လို့သာ ဒီလိုချီးမွမ်းမယ်ဆိုရင်ရူပအလှအပထက် သူတို့ရဲ့ အရည်အချင်းကိုချီးမွမ်းတာက ပိုပြီးတော့ စိတ်ဝင်စားမှုကို ခံရနိုင်ပါတယ်။

၂။ ဟာသလေးတွေနဲ့ ရောနှောပြောပါ။

3.jpg

လူတွေက စိတ်ဝင်စားမှုကိုရအောင် တစ်ခါတစ်ရံမှာ ဟာသလေးတွေနဲ့ ပြောရတာရှိပါတယ်။ ကိုယ်ပြောချင်တာကလူအများက ကိုယ်စကားကိုပဲ စိတ်ဝင်စားအောင်ပြောချင်တယ်ဆိုရင် ဟာသလေးတွေ၊ ပြက်လုံးလေးတွေနဲ့ ပြောတာမျိုးလုပ်သင့်ပါတယ်။ တစ်ခုသတိထားရမှာက ကိုယ်ပြောချင်တဲ့ စကားက အရေးကြီးတယ်ဆိုရင်တော့ ဟာသလေးတွေနဲ့ ရောပြီမပြောသင့်ပါဘူး။

၃။ တိုးတက်နေတဲ့ ခေတ်ကြီးရဲ့ ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေစွာ ပြောပါ။

4.jpg

တိုးတက်နေတဲ့ခေတ်ကြီးမှာ ကိုယ်က လိုက်လျောညီထွေအောင် မပြောတတ်၊ မနေတတ်ဘူးဆိုရင် သင်ကလည်း လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံရမှာမဟုတ်ပါဘူး။ ဒါကြောင့် နည်းပညာတွေ တိုးတက်လာသလို အရာရာတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ မှီအောင်လိုက်နိုင်မှသာလျှင် သင့်ပြောတဲ့စကားကိုလည်း လူအများက စိတ်ဝင်စားမှာဖြစ်ပါတယ်။

၄။ အပြုံးမပျက်အောင်နေပါ။

6.jpg

သင့်မျက်နှာမှာ အကြောင်းအမျိုးမျိုးကြောင့် အပြုံးမရှိတာမျိုးမဖြစ်အောင် ဂရုစိုက်ပါ။ ဘယ်သူမဆို မျက်နှာသုန်မှုန်နေတဲ့သူကို မပြောချင်မဆိုချင်ဖြစ်တတ်ကြပါတယ်။ သူပြောလာမယ့်စကားကိုလည်း စိတ်မဝင်စားဖြစ်တတ်တာကြောင့် သုန်မှုန်နေတာမျိုးမဖြစ်အောင် ဂရုစိုက်သင့်ပါတယ်နော်။

၅။ တတ်နိုင်သမျှ အကူအညီပေးပါ။

7.jpg

ဘယ်သူမဆို ကိုယ့်ကို အကူအညီပေးထားတဲ့သူရဲ့စကားကို နာခံတတ်ကြပါတယ်။ ဒါအပြင် သူတို့ရဲ့ သွန်သင်ဆုံးမမှုကိုလည်း လိုက်နာတတ်ကြပါတယ်။ သူတို့ကို အကူအညီပေးထားတာကြောင့် ကိုယ်ပြောတဲ့စကားကစိတ်ဝင်စားဖို့မကောင်းရင်တောင် အကူအညီပေးထားတဲ့ အခံကြောင့် လက်ခံစကားပြောတာမျိုးတော့ လုပ်ကြပါတယ်။

credits : myanmaplatform

Leave a Comment