ကိုဗစ်လူနာများ နှစ်ကြိမ် ပိုးမတွေ့စောင့်စရာမလိုဘဲ ရောဂါသက်သာပါက ၄ ရက်အတွင်း ဆေးရုံက ဆင်းခွင့်ပြုသွားမယ် လို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားလိုက်ပါတယ်။
ဒေါက်တာခင်ခင်ကြီးက “ ကွာရတင်း နှစ်ပတ်ဖြစ်သွားပါပြီ။ ဆေးရုံဆင်းတာကိုလည်း အရင်ကလို နှစ် ကြိမ်ပိုးမတွေ့ စောင့်စရာ မလိုဘဲ ရောဂါ သက်သာပြီး ၄ ရက်ဆိုရင် ဆင်းခွင့်ပြုသွားမယ်” လို့ ဆိုပါတယ်။
ယနေ့ စက်တင်ဘာ ၇ ရက်နေ့ နေ့လယ် ၁ နာရီခွဲအထိ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်အတည်ပြုလူနာ ၁၄၆၄ ဦးရှိကာ ရောဂါကင်းစင်သူ ၃၈၅ ဦးအထိရှိပြီ ဖြစ်ပါတယ်။
Credits : myanmaplatform