ကမ္ဘ့ာအကြီးဆုံးမြွေမျိုးစိတ်(၆)မျိုး

(၆)ဘရားဇီးမြစ်ရှိအနာကွန်ဒါမြွေကြီး

တံငါသည်တစ်ဦးဟာ ထိုအနာကွန်ဒါမြွေကြီး၏အမြီးကိုကိုင်ပြီး မြစ်ထဲမှဆွဲထုတ်ရန်လုပ်နေသောဗီယိုအား youtubeပေါ်သို့တင်ခဲ့ပါတယ်။ထိုထိတ်လန့်စရာဗီဒီယိုမှာတော့ မြွေကြီးကလှေပတ်လည်တွင်ကူးနေတာပဲဖြစ်ပါတယ်။မြွေကိုမြစ်မှဆွဲတင်ပြီးလွတ်လပ်စွာသွားလာလှုပ်ရှားမှုကိုဖျက်စီးခဲ့သောထိုတံငါသည် ဟာတောရိုင်းတိရစ္ဆာန်များကိုလိုင်စင်မရှိဘဲလိုက်လံဖမ်းဆီးခဲ့မှုကြောင့်တရားရုံးကတရားဆွဲခဲ့ပါတယ်။

(၅) The Nabau

Nabauဟာနဂါး၏ ဦး ခေါင်းနှင့်နှာခေါင်းလိုအရာများပါရှိပြီးပေ ၁၀၀ ခန့်ရှည်သောမြွေပဲဖြစ်ပါတယ်။Nabau တွေ့ရှိသည့် Baleh မြစ်တစ်လျှောက်တွင်နေထိုင်သောလူများက ၎င်းကို
ဂြိုလ်ဆိုးသတ္တဝါအဖြစ်ယုံကြည်ကြပါတယ်။ကယ်ဆယ်ရေးအဖွဲ့၏ရဟတ်ယာဉ်တစ်စီးဟာ မြစ်တစ်လျှောက်ကူးနေသည့်ထိုသတ္တဝါကြီးရဲ့ဓာတ်ပုံကိုရိုက်ယူခဲ့ပြီးထိုပုံကအစစ်လားဆိုတာကို ဝေဖန်နေခဲ့ကြပါတယ်။ဒေသခံများကတော့ ရှေးဟောင်းမြွေနဂါးပုံစံကနေ ထိုမြွေအဖြစ်သို့ပြောင်းလဲသွားသည်ဟု ယုံကြည်နေကြပါတယ်။

(၄)Medusa

Medusa လို့အမည်မှည့်ထားတဲ့၂၅.၂ ပေရှည်သောထိုမြွေကိုမစ်ဆူရီပြည်နယ်၊ ကန်ဇက်တွင်တွေ့ရှိခဲ့ပါတယ်။ဤပိုက်ကွန်သဏ္ဌာန်Medusaမြွေသည် ထိန်းသိမ်းထားခံရသည့် အရှည်ဆုံးမြွေတစ်‌ကောင်ဖြစ်ခဲ့ပါ‌ သေးတယ်။ထိန်းသိမ်းထားသည့်သူကထိုမြွေအား ယုန်များ၊၀က်များ၊သမင်များကို ရက်သတ္တပတ်များစွာကျွေးမွေးခဲ့ရပါတယ်။

(၃)မလေးရှားနိုင်ငံမှာဖမ်းမိခဲ့သည့်စပါးအုံးမြွေကြီး

Penang ကျွန်းတွင်ကြီးမားသောစပါးအုံးမြွေကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်ဖမ်းမိခဲ့ပါတယ်။အရှည် ၈ မီတာနှင့်အလေးချိန် ၂၅၀ ကီလိုဂရမ်ရှိသောကြောင့် Medusaထက်လေးလံသည်ဟု ယုံကြည်ခဲ့ကြပါတယ်။ကံမကောင်းစွာပဲ ဖမ်းမိပြီးသုံးရက်အ‌ကြာမှာတော့ ထိုမြွေဟာသေဆုံးခဲ့ပါတယ်။

(၂)Titanaboa

Titanoboa

လွန်ခဲ့သောနှစ်ပေါင်းသန်း၆၀ခန့်လောက်က ဒိုင်နိုဆောများမျိုးသုန်းပျောက်ကွယ်သွားပြီးနောက် သိပ္ပံပညာရှင်များသည် ကြီးမားသောမြွေကြီးများက ကမ္ဘာကြီးကိုစိုးမိုးခဲ့သည်ဟု ယုံကြည်ခဲ့ကြပါတယ်။ထိန်လန့်အံ့ဩဖွယ်ကောင်းသော Titanaboaမြွေကြီးကို ကိုလံဘီယာကျောက်မီးသွေးတွင်းမှ သိပ္ပံပညာရှင်များကတွေ့ရှိခဲ့ပါတယ်။ထို့‌နောက်သူတို့ဟာ
ကိုလံဘီယာမိုးသစ်တောတွင် Titanaboaမြွေ၏ နေထိုင်မှုဘဝကိုလေ့လာတွေ့ရှိခဲ့ပါတယ်။ထိုနေရာတွင်နေထိုင်သည့်နောက်ပိုင်းတွင်Titanaboaသည် မျိုးသုန်းတော့မည့်အန္တရာယ်နှင့်ကြုံတွေ့နေရပါတယ်။သို့သော်နောက်ပိုင်းတွင် ကြည့်ရှုသူများအား အံ့ဩသွားစေရန် မြွေ၏အမြင်အာရုံကိုထင်ဟပ်စေသည့် ရုပ်ကြွင်းများနှင့်သက်ရှိပုံတူများကို အမျိုးသားပြတိုက်တွင် သမိုင်းတစ်ခုအဖြစ်ပြသခဲ့ပါတယ်။

(၁)ဧရာမမြွေဓာတ်ပုံ

ကွန်ဂိုနိုင်ငံတွင် တိုက်စစ်လေယာဉ်မှူးနှင့်တပ်ဖွဲ့မှူးတို့က သူတို့၏ရဟတ်ယာဉ်ကို ‌အခြေချဖို့လုပ်နေစဉ်တွင်မြွေကြီးတစ်ကောင်မြေ၌ လှည့်ပတ်နေသည်ကိုတွေ့ရှိခဲ့ကြပါတယ်။ထို့‌နောက်သူတို့အဖွဲ့‌ သားတွေကို ပတ်ပတ်လည် ဓာတ်ပုံရိုက်ရန်ညွှန်ကြားခဲ့ပါတယ်။မြွေဟာရဟတ်ယာဉ်ကိုတိုက်ခိုက်ရန်ကြိုးပမ်းခဲ့ပေမဲ့သူတို့ဟာလွတ်မြောက်ခဲ့ပါတယ်။နောက်ပိုင်းတွင် ဓာတ်ပုံများကို စီအိုင်အေဌာနချုပ်သို့ပေးပို့သောအခါမြွေသည် ပေ ၂၀၀ ရှည်လျားကြောင်းသိရှိခဲ့ရပါတယ်။

Leave a Comment