ဒီဆောင်းပါးမှာတော့ ကမ္ဘာ့အရှားပါးဆုံး တွားသွားသတ္တဝါများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) Round Island စပါးကြီးမြွေ
အဆိုပါ Round Island စပါးကြီးမြွေ (Casarea dussumieri) သည် Bolyeridae မျိုးစိတ်ကနေ ကွဲထွက်လာတဲ့ နောက်ဆုံးမျိုးစိတ်ဖြစ်ပြီး ၎င်းဟာစပါးကြီးမြွေ စစ်စစ်လည်း မဟုတ်ပါဘူး။ တကယ်တော့ ဒီမျိုးစိတ်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၅ သန်းခန့် ဒိုင်နိုဆောများ မျိုးသုဉ်းမသွားမီ ကာလလောက်ကတည်းက အခြားမြွေများမှ ခွဲထွက်လာသော မျိုးစိတ်တစ်ခုလည်း ဖြစ်ပါတယ်။
(၂) Abingdon ကျွန်းရှိဧရာမလိပ်ကြီး
ဂင်းနစ်ကမ္ဘာ့မှတ်တမ်းများအရ Abingdon ကျွန်းရှိ ဧရာမလိပ်ကြီး (Geochelone elephantopus abingdoni) များဟာ တရားဝင်ကမ္ဘာ့အရှားပါးဆုံး တွားသွားသတ္တဝါများလည်း ဖြစ်ပါတယ်။။ ၎င်းတို့ကို (Pinta Giant Tortoise) ဟုလည်းလူသိများပါတယ်။
(၃) နားရွက်မရှိသောဖွတ်
နားရွက်မရှိသောဖွတ်၏ သိပ္ပံနည်းကျအမည်မှာ Lanthanotus borneensis ဖြစ်ပြီး Borneo ဘာသာပြန်ကျမ်းမှ ရှာဖွေတွေ့ရှိခဲ့ပါတယ်။၁၈၇၇ ခုနှစ်နဲ့ မကြာသေးမီ နှစ်များအကြားမှာ သိပ္ပံပညာရှင်များနှင့် စုဆောင်းသူများက နမူနာ အကောင် ၁၀၀ ထက် မနည်းဖမ်းမိခဲ့ကြပါတယ်။
(၄) Mary မြစ်မှ လိပ်(ပန့်ခ်လိပ်)
Mary မြစ်မှာတွေ့ရတဲ့ လိပ် (Elusor macrurus) သည် ထူးခြားတဲ့ လိပ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ၎င်းရဲ့ထူးခြားပြောင်မြောက်သော အစိမ်းရောင် mohawk ကြောင့် “ပန့်ခ်လိပ်” ဟု အမည်ပေးထားကြပါတယ်။ ဤထူးခြားသော သတ္တဝါသည် သြစတြေးလျ Queen Island ၏ မေရီမြစ်မှာ တည်ရှိပါတယ်။
(၅) Psychedelic Rock အမည်ရှိ တောက်တဲ့
Psychedelic Rock တောက်တဲ့များဟာ ခန့်မှန်းခြေအားဖြင့် (Cnemaspis psychedelica) အရွယ်ရောက်တဲ့ အကောင်ပေါင်း ၅၀၀ ခန့် လောက်သာ တောရိုင်းထဲတွင် ကျန်ရှိနေပါတော့တယ်။ သူတို့ကို ဗီယမ်နမ် က သေးငယ်တဲ့ Hon Khoai ကျွန်းတွင်သာ တွေ့ရှိရပြီး ဒီအလွန်ရှားပါးသော အကောင်ဟာ အဓိကအားဖြင့် သူတို့နေထိုင်ရာ နေရာဆုံးရူံးရခြင်းနှင့် မျိုးပွားနှုန်းနည်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ သူ့ရဲ့အဓိက ထင်ရှားသော အချက်မှာ ရှည်လျားသော သူ့ရဲ့အမြှီးဖြစ်ပြီး ထိုးဖောက်နိုင်တယ်လို့ ဩစတြေးလျ Geographic ရဲ့ ပံပိုးပေးသူ ပညာရှင် Bec Crew က ပြောကြားခဲ့ပါတယ်။