ကမ္ဘာ့အန္တာရာယ်အရှိဆုံးအဝေးပြေးလမ်မကြီးများ

ကျွန်တော်တို့ အားလုံးဟာ တစ်ခါတစ်ရံမှာ လမ်းခရီး၌ ခက်ခဲပြီး မကောင်းတဲ့အချိန်မျိုးကြုံဖူးကြမှာပါ။‌တော်တော်များများဟာ မဆင်မခြင်မောင်းနှင်တဲ့ ကားဆရာများ ၊ စိတ်အနှောက်ယှက်ဖြစ်စေသော လမ်းပိတ်မှုများ နှင့် အဝေးပြေးလမ်းမပေါ်တွင် ပျက်စီးပြိုကြနေတဲ့ အရာများကြောင့် ဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့အများစုဟာ ပြင်းထန်တဲ့ မိုးရွာသွန်းမှု အလွန်မြင့်မားတဲ့ တောင်စောင်းများ နှင့် ရွံ့နွံ ထူထပ်တဲ့လမ်းများကို တော့ကြုံတွေ့ရဖို့ကတော့ခဲယဉ်းပါတယ်။ဒီဆောင်းပါးထဲမှာတော့ကမ္ဘာ့အန္တာရာယ်အရှိဆုံးလမ်းမကြီးများအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

(၁)Kabul မှJalalabad သို့သွားသည့် အဝေးပြေးလမ်းမကြီး

Kabul-Jalalabad အဝေးပြေးလမ်းမကြီးဟာ
Jalalabad မှ အာဖဂန်နစ္စတန်သို့ သွားသောလမ်းမကြီးဖြစ်ပါတယ်။၈၉ မိုင်ရှည်လျားသောထိုအဝေးပြေးလမ်းမကြီးရဲ့ အန္တရာယ်အရှိဆုံးအပိုင်းမှာ ကဘူးလ်မြစ်ဝှမ်း နားတစ်လျောက်ဖြစ်ပါတယ်။ဤနေရာတွင် ကျဉ်းမြောင်းတဲ့ လမ်းအကွေ့များ ၊ ရှေ့ကိုမမြင်ရတဲ့ အတက်ဆင်းများ ကြောင့်
အန္တာရာယ်ရှိလှပါတယ်။
အပေါ်က ပုံတွင် မြင်ရတဲ့အတိုင်း လမ်းမပေါ် ပြိုကျခြင်းဖြစ်ရပ်‌များလည်း များစွာရှိပါတယ်။ ဒီအန္တာရယ်ရှိတဲ့ အဝေးပြေးလမ်းမကြီးတစ်လျောက်တွင် တစ်ဦးမဟုတ် တစ်ဦး ယာဥ်မတော်တဆ ဖြစ်ရပ်များကို ရင်ဆိုင်နေကြရပါတယ်။

(၂)Fairy Mountain Road

ပါကစ္စန်တန်ရှိ ဒီတောင်ပတ်လမ်းဟာ အန္တာရာယ်ရှိသောလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် ဒီလမ်းကို လုံးဝပြင်ဆင်ထိန်းသိမ်းထားခြင်းမရှိပါဘူး။ထို့ကြောင့် လမ်းရဲ့ ဆိုးဝါးဝါးရှိနေတဲ့အမြင့် နှင့် အန္တာရာယ်ရှိသောကြောင့် Fairy Mountain လမ်းမှာ ကမ္ဘာ့အန္တာရာယ်အရှိဆုံး လမ်းများ စာရင်းတွင် အမြင့်မားဆုံး နေရာတစ်ခု အဖြစ်သတ်မှတ်ထားရပါတယ်။
ဤလမ်း၏ အခြားကြောက်စရာကောင်းသောအချက်မှာ လမ်းများချောမွေ့မှုမရှိခြင်း နှင့် လမ်းကိုကျောက်စရစ်တုံးများဖြင့်သာ ပြုလုပ်ထားခြင်းတို့ကြောင့်ဖြစ်ပါတယ်။

(၃)Yungas Road

ဤလမ်းဟာ လူပေါင်း ၂၀၀ မှ ၃၀၀ ၀န်းကျင် အသက်ဆုံးရူံးခဲ့ရတဲ့‌ သေဆုံးမှုများနှင့် အတူ နေရာတိုင်းတွင်အန္တာရာယ် များနှင့်ကြုံတွေ့နေရပါတယ်။ ဘိုလီးဗီးယားရှိလာပါ့စ် မှ ကိုရိုစီယိုသို့ သွားသောခရီးသည်အများစုဟာ ဒီလမ်းမထက်မှာသေဆုံးမှုတွေကိုကြုံခဲ့ရပါတယ်။ ၄၃မိုင်ရှည်လျားတဲ့ ထိုခရီးတွင် ခရီးသွားများဟာ စွန့်စားပြီးသွားလာနေရပါတယ်။

(၄)Zoji La Pass

သဘာဝ ဘူမိဗေဒဆိုင်ရာ အံဩဖွယ်တွေထဲကမှ တောင်တန်းတွေဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ထိုအပြင် တောင်များကြားတွင် ကျောက်တောင်စောင်းများနှင့်အတူ လမ်းများဖောက်ထားခြင်းကလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။Zoji La Pass တောင်ကြားလမ်းကတော့ ဒေသခံတွေ အတွက် ထိုလမ်းဟာ ပုံမှန်သွားလာနေကျ လမ်းတစ်ခုဖြစ်ပါတယ်။ ဒီလိုလမ်းမျိုးကို ခရီးသွားအများစုဟာ ဘာလို့ စွန့်ခွာသွားရတာလဲဆိုတာ ဒေသခံတွေအတွက်တော့ မေးစရာတစ်ခုလိုဖြစ်နေပါတယ်။ Zoji la Passလမ်းဟာ အိန္ဒိယနိုင်ငံထဲကပြည်နယ်တွေဖြစ်တဲ့ Jammu ကနေ Kashmirကိုသွားနိုင်ပြီးလမ်းမကြီးကတော့ အမြင့်ပေ ၁၁,၀၀၀ ခန့်မှာတည်ရှိနေပါတယ်။

(၅)Atlantic Road

ဒီနော်ဝေလမ်းမကြီးဟာ လှပတဲ့ သမုဒ္ဒရာရှုခင်း များစွာကိုကြည့်ရှုနိုင်သော်လည်း ဘေးအန္တရာယ်များစွာရှိနေပါတယ်။ဒီလမ်းဟာ ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးလမ်းများထဲက တစ်ခုဖြစ်စေခဲ့ပါတယ်။ အကြောင်းရင်းကတော့ပရိသတ်တွေသိကြတဲ့အတိုင်းသမုဒ္ဒရာကြီးကိုဖြတ်ကာဖောက်လုပ်ထားတာကြောင့်ဖြစ်ပါတယ်။

Leave a Comment