“ဓာတ်ပုံတစ်ပုံဟာ စကားလုံးထောင်နဲ့ချီပြီး တန်ဖိုးရှိပါတယ်” ဆိုတဲ့ စကားစုကို ကျွန်မတို့ အရင်က ကြားဖူးခဲ့ကြပါတယ်။ တစ်စက္ကန့် အတွင်းမှာတင် အကြောင်းပြချက်တစ်ခုကြောင့် ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတွေမှာ သတင်းအချက်အလက်တွေအများကြီး ပါဝင်တတ်ကြပါတယ်။ အချိန်တွေကို ရပ်တန့်လိုက်ခြင်းအားဖြင့် ဓာတ်ပုံဆရာများဟာ ကျွန်မတို့တစ်ခါမှ မရောက်ခဲ့ဘူး မကြုံတွေ့ခဲ့ဘူးတဲ့ အချိန်တွေ နေရာတွေကို ပြန်လည်ခေါ်ဆောင်သွားပေးတတ်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက် အချိန်နေရာဒေသအသီးသီးမှာ ရိုက်ကူးထားသော ဓာတ်ပုံလေးများကို မှတ်တမ်းတင်ထားသည့် အင်စတာဂရမ်ရှိ Historical Pix ဆိုတဲ့အကောင့်လေးမှ ဓာတ်ပုံများကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
1. ၁၉၄၅ အဏုမြူဗုံးကြောင့် သေဆုံးသွားတဲ့ညီငယ်လေးကို မြှုပ်နှံဖို့ နာဂါဆာကီရှိ သင်္ချိုင်းတစ်ခုစီ ကျောပိုးပြီးခေါ်ဆောင်လာတဲ့ ဂျပန်ကလေးတစ်ယောက်

2. ၁၉၆၁ အသစ်ဆောက်လုပ်ထားတဲ့ဘာလင်တံတားကိုဖြတ်ပြီး မိသားစုနဲ့ ပြန်လည်ပေါင်းစည်းရအောင် အမိန့်ကိုဖီဆန်ပြီး ကလေးငယ်လေးကို ကူညီပေးနေတဲ့ အရှေ့ဂျာမန်စစ်သားတစ်ဦး

3. ၁၉၄၅ စင်္ကာပူမှာရှိတဲ့ ဂျပန်ထောင်က လွှတ်လာတဲ့ သြစတေးလျစစ်သားများ

4. ၁၉၂၀ ကျော်ကာလမှ Rwandan ရိုးရာ ဆံပင်ကေ

5. ဗီယက်နမ်စစ်ပွဲအတွင်း စစ်သားတစ်ယောက်ဦးထုပ်မှ စာသား

6. ၁၉၆၇ ခုနှစ် အသက်ကယ်အနမ်း ဓာတ်လိုက်သွားတဲ့သူငယ်ချင်းကို အသက်ရှူထောက်ကူနည်းနဲ့ ကယ်တင်နေပုံ

7. ပထမကမ္ဘာစစ်အတွင်း မျက်နှာဒဏ်ရာရ ပျက်ဆီးကုန်သော စစ်သားများအား မျက်နှာဖုံးပုံစံ ဖန်တီးပေးခဲ့သည် အန်နာ ကိုလီမန် လက်ဒ် (အမေရိကန်ရုပ်လုံးပညာရှင်)

8. ၁၉၁၀ ခုနှစ် ပြင်သစ် Paris မြို့မှ ကားပြပွဲ

9. ၁၈၈၉ ခုနှစ် ဆီးရီးယားမှာ ဘယ်သွားသွားအတူရှိကြပြီး အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ လမ်းမလျှောက်နိုင်သူနဲ့ မျက်မမြင်

10. ၁၉၈၀ ခုနှစ်တုန်းက မီးတောင်ပေါက်ကွဲနေချိန် ရိုက်ကူးထားတဲ့ဓာတ်ပုံ

11. ၁၈၆၀ ခုနှစ်ဝန်းကျင်က ဆာမူရိုင်းတပ်သားတစ်ဦး

12. ၁၉၅၄ ခုနှစ် New York မြို့က Grand Central ဘူတာရုံ

13. ၁၉၆၁ ခုနှစ် ဟောလိဝုရုပ်ရှင်တစ်ခုအတွက် ကြောင်ရွေးပွဲအတွက် တန်းစီနေကြပုံ

14. ၁၈၈၈ ခုနှစ် New York မြို့ နှင်းမုန်တိုင်း

15. ၁၉၁၀ လူးဝစ်ဟိုင်း ဓာတ်ပုံများထဲမှ ကလေး မိုင်းတွင်းလုပ်သားများဓာတ်ပုံ
( ကလေးလုပ်သားဥပဒေ အမေရိကတွင်ပေါ်ပေါက်လာခြင်း၏အစ)
