ကမ္ဘာပေါ်ရှိ ခွန်အားအကြီးမားဆုံး သတ္တဝါများ စုစည်းမှု

ပုံသဏ္ဍာန်မျိုးစုံ အရွယ်အစားမျိုးစုံ ရှိကြတဲ့ တိရိစ္ဆာန်တွေအားလုံးဟာ ခွန်အားနေရာမှာလည်း မတူညီဘဲ ကွဲပြားခြားနားတတ်ကြပါတယ် ။ ဘယ်တိရိစ္ဆာန်က အသန်မာဆုံးလဲလို့ သတ်မှတ်တဲ့နေရာမှာတော့ ခွန်အားဆိုတာကို သင်ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုလဲ အပေါ်ပဲ မူတည်ပါတယ်။ သင့်အနေနဲ့ သူ့တို့ သယ်ဆောင်နိုင်တဲ့ အလေးချိန်ပေါ်မူတည်ပြီး သတ်မှတ်တာလား တိုက်ခိုက်နိုင်တဲ့ စွမ်းအားကို မူတည်ပြီး သတ်မှတ်မှာလား။ ဒီနှစ်မျိုးထဲမှာ ဘယ်သူက ခွန်အားအကြီးဆုံးသတ္တဝါလဲ ဆိုတာတော့ အောက်မှာဖော်ပြထားတဲ့ စာစုလေးတွေကို ဆက်လက်ဖတ်ရှုလေ့လာသွားလိုက်ပါဦးနော်။

1. နွားချေးပိုးထိုးကောင်

နွားချေးပိုးထိုးကောင်တွေဟာ ကမ္ဘာပေါ်မှာ အသန်မာဆုံး အင်းဆက်တွေဖြစ်ပါတယ် ။ သူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၁၀၀ ဆ ရှိတဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်ပါတယ် ။

2. Rhinoceros Beetle

ဒီအင်းဆက်တော့ သူတို့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၈၅၀ ဆထိလေးသော အရာများကို မနိုင်ပါတယ်။

3. ပုရွက်နီ ကောင်

ဒီသေးငယ်တဲ့ ပုရွက်နီကောင်လေးတွေဟာ သူတို့ခန္ဓာကိုယ်အလေးချိန်ထက် အဆ ၅၀လေးသော အရာတွေကို ပါးစပ်မှာကိုက်ပြီး သယ်ဆောင်နိုင်ပါတယ် ။ ဒါဟာ လူတစ်ယောက် ထရပ်ကားတစ်စီးကို ပါးစပ်နဲ့ ကိုက်ပြီး သယ်သလိုပါပဲ။

4. ဂေါ်ရီလာ

ဂေါ်ရီလာတစ်ကောင်ဟာ သူ့ခန္ဓာကိုယ်အလေးချိန် ပေါင် ၅၀၀ ထက် ဆယ်ဆလေးသောအရာတွေကို မ နိုင်ပါတယ်။ ။ ဒါဟာ လူအယောက် ၃၀ ရဲ့ အလေးချိန်နဲ့ ညီမျှနေပါတယ် ။

5. လင်းယုန်ငှက်

လင်းယုန်ငှက်တွေဟာ ပျံသန်းနေရင်းနဲ့တင် သူ့ခန္ဓာကိုယ်အလေးချိန်ထက် လေးဆလောက်လေးတဲ့ ပစ္စည်းတွေကို သယ်ဆောင်သွားနိုင်ပါတယ် ။ ကမ္ဘာကြီးပေါ်က အသန်မာဆုံး ငှက်တစ်ကောင်ပေါ့

6. ကျား

ကြောင်မျိုးနွယ်စုရဲ့ အကြီးမားဆုံး အနွယ်ဝင်ဖြစ်တဲ့ ကျားတစ်ကောင်ဟာ ပေါင် ၅၀၀ လောက်ရှိတဲ့ သူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ နှစ်ဆ သယ်ဆောင်နိုင်ပြီး ၄၅ ပေါင် အလေးချိန်ရှိတဲ့ အစာကို တစ်ညထဲနဲ့ စားသုံးနိုင်ပါတယ်။

7. အာဖရိက ဆင်

ဆင်တွေဟာ လူပေါင်း အယောက် ၁၃၀ကို မ နိုင်တဲ့ အရည်အချင်းရှိသော အသန်မာဆုံး နို့တိုက်သတ္တဝါဖြစ်ပါတယ် ။ အဲ့ဒိပမာဏဟာ ပေါင်ချိန် ၁၄၀၀၀ နဲ့ ညီမျှပါတယ်။

8. အပြာရောင်ဝေလငါး

အပြာရောင် ဝေလငါးတွေဟာ သူတို့ရဲ့ ကြီးမားသန်မာလှတဲ့ ကြွက်သားတွေကြောင့် အသန်မာဆုံး သတ္တဝါတွေထဲက တစ်ကောင်အဖြစ် သိထားကြတာပါ ။ တန် ၂၀၀ လောက်ထိ လေးပြီး ဒီလိုကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီး သွားလာနိုင်ဖို့ အတွက် အတော်လေး အားစိုက်ထုတ်ရပါတယ်

9. နွားထီး

နွားထီးတွေဟာ သူ့ခန္ဓာကိုယ်ထက် တစ်ဆခွဲလောက် လေးတဲ့ အရာတွေကို အေးအေးဆေးဆေး ဆွဲနိုင်ပါတယ်

10. မြောက်အမေရိကတိုက် ဝက်ဝံ

ဒီဝက်ဝံတွေဟာ ပေါင် ၁၁၀၀ ကျော်လောက်ကို မ နိုင်ပါတယ်။

Leave a Comment