ကမ္ဘာပေါ်ရှိအသက်အပြင်းဆုံးတိရစ္ဆာန်များ

အသတ်ခံရရင်တောင်အသက်ပြန်ရှင်နိုင်သည့်သတ္တဝါတွေအကြောင်းကို သိပ္ပံပညာရှင်များကစိတ်၀င်တစားလေ့လာပြီးလျှို့ဝှက်ချက်ကိုရှာဖွေကြခဲ့ပါတယ်။ရာစုနှစ်များစွာလေ့လာပြီးလူတွေရိုက်နှက်၊သတ်ပစ်ခဲ့သော်လည်းသေပြီးနောက်အသက်ပြန်ရှင်နိုင်သည့်သတ္တဝါများအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ၀မ်းတွင်းကပ်ပါးကောင်များ (Flatworms)

credit photo

ကမ္ဘာမြေပေါ်ကတီကောင်များ မျိုးပွားပုံနှင့် ပတ်သက်ပြီးရှေးတုန်းကပြောဆိုကြတဲ့စကားတစ်ခု ကြားဖူးကြပါသလား။ အကယ်၍  တီကောင်များကို ထက်ပိုင်း ဖြတ်တောက်လိုက်ပါက တီကောင်နှစ်ကောင် ပြန်လည်မျိုးပွားနိုင်တယ်ဆိုတာပါ။အမှန်တကယ်တော့ ထိုစကားက တီကောင်တွေတွက် မမှန်ပါဘူး။ သို့ပေမယ့် Flatworms ကပ်ပါးကောင်တွေတွက်ကတော့ ထိုအကြောင်းအရာနှင့် နှိုင်းယှဉ်ကြည့်ပါက အမှန်တကယ် အနှောင့်အယှက်ဖြစ်စေပါတယ်။ ထိုကပ်ပါးကောင်များသည် ဖြတ်တောက်ခံရပြီးနောက် သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပြန်လည်တည်ဆောက်နိုင်ကြပါတယ်။

credit photo

အကယ်၍ တစ်၀က်စီဖြတ်တောက်လိုက်ပါက ဦးခေါင်းပါရှိတဲ့ အပိုင်းက အမြီးပြန်ပေါက်လာပြီး အမြီးပါရှိတဲ့အပိုင်းကတော့ ခေါင်းပြန်လည် ပေါက်လာနိုင်ပါတယ်။ အပိုင်း ၂၀ ဖြတ်တောက်လဲ ကပ်ပါးကောင် ၂၀ ပြန်လည်ပေါက်ဖွားလာနိုင်ပါတယ်။ ၎င်းကို တက္ကသိုလ်သိပ္ပံပညာရှင်များမှ တီထွင်ခဲ့ခြင်းဖြစ်ပြီး အကောင်ပေါင်း ၂၀၀၀၀ ကျော်ကိုဖန်တီးကာ သူတို့အားလုံး၏ ကိုယ်ခန္ဓာနှင့် ကိုယ်တွင်းအင်္ဂါများသည် အသက်မရှင်သေးသည့် မူရင်းတစ်ခုထဲမှ ဖြစ်ကြပါတယ်။

(၂) မြွေများ

credit photo

မြွေပေါက်ခံရခြင်းမှ ရှောင်ရှားရန်အတွက် မြွေကိုခေါင်းဖြတ်သတ်ပစ်ခြင်းက အကောင်းဆုံးနည်းလမ်းဟု ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ မြွေများ၏ဦးခေါင်းတွင် အစွယ်နှင့် သေစေနိုင်သော အဆိပ်အိတ်များပါရှိပြီး အကယ်၍သင့်ကို ကိုက်လိုက်ပါက ထိုအဆိပ်များကိုဖယ်ရှားပြီး ကယ်နိုင်ပါတယ်။ အကယ်၍သင်သည် မြွေ၏ခေါင်းကိုဖြတ်၍ ခေါင်းကိုသူ့၏ခန္ဓာကိုယ်နှင့် နီးကပ်စွာထားမိပါက သင်ကို နာကျင်စေပြီး သေစေနိုင်သော အဆိပ်များပေးနိုင်ပါတယ်။

credit photo

(၃) ပင်လယ်လိပ်များ

credit photo

ပင်လယ်လိပ်များဟာ ကာလအကြာကြီး ရေငုပ်နိုင်ပါတယ်။ ၎င်းတို့သည်အရေပြား၊ လည်ချောင်းနှင့် စသည်တို့က ရေမှတစ်ဆင့် အောက်စီဂျင်ကို ရရှိနိုင်သည့်အပြင် သူတို့၏ခန္ဓာကိုယ်သည် အောက်စီဂျင်မပါဘဲ စွမ်းအင်ထုတ်လုပ်ရန် အံ့သြဖွယ်ကောင်းသည့် စွမ်းအားဖြင့် ကြာရှည်စွာ ရှင်သန်နိုင်ကြပါတယ်။ သူတို့ရဲ့ နှလုံးတွင် ကိုယ်ပိုင်လောင်စာအိတ်များရှိပြီး ထိုလောင်စာအိတ်ထဲမှ စွမ်းအင်များကုန်ဆုံးသွားသည့်အချိန်မှသာ သေဆုံးကြပါတယ်။

credit photo

(၄) ယင်ကောင်များ

credit photo

ယင်ကောင်များသည်အေးခဲသောအပူချိန်တွင် အသင်ရှင်နိုင်သည့်အပြင် သွက်လက်တက်ကြွစွာလှုပ်ရှားနိုင်ပါတယ်။ ထို့အပြင်ယင်ကောင်မများသည် ခေါင်းဖြတ်သတ်ခံရပြီး ရက်အနည်းငယ်အကြာထိ အသက်ရှင်နိုင်ကြပါတယ်။ ထို့အပြင် သူတို့သည် အလိုအလျောက် လမ်းလျှောက်နိုင်ခြင်းကြောင့် ယင်ကောင်မများကို ခေါင်းဖြတ်သတ်ခြင်းက အများကြီးပြောင်းလဲမပေးနိုင်ပါဘူး။

credit photo

Leave a Comment