ကမ္ဘာပေါ်ရှိအမြင့်ဆုံး ရုပ်ထုများနဲ့ ရုပ်ပွားတော်များ

ရုပ်ထုတွေဟာ ရှေးတစ်ချိန်က သမိုင်းဝင်အဖြစ်ပျက် နှင့် ကိုးကွယ်ရာ ထုံးတမ်းစဉ်လာအရ သမိုင်း ၊ ဘာသာရေး နှင့် ယဉ်ကျေးမှု အနုပညာများကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ အချို့ရုပ်ထုတွေဟာ စစ်ပွဲအောင်နိုင်ခြင်း ပြုလုပ်ထားကြပြီး ပြတိုက်များတွင် လည်း ထားရှိတတ်ကြပါတယ်။ခုဖော်ပြပေးမှာက ကမ္ဘာ အမြင့်ဆုံး ရုပ်ထုနဲ့ ရုပ်ပွားတော် တွေအကြောင်းပဲဖြစ်ပါတယ်။

(၁)အိန္ဒိယနိုင်ငံ ရှိ စည်းလုံးခြင်းရဲ့ ရုပ်ထု

Statue of Unity, India

သူဟာအိန္ဒိယနိုင်ငံရဲ့ ပထမဆုံးပြည်ထဲရေး၀န်ကြီးဖြစ်ပြီးအိန္ဒိယ၏ Iron Man ဟုလည်းလူသိများကြပါတယ်။ထိုရုပ်ထုဟာရုပ်ထုသက်သက်မဟုတ်ဘဲ ပြတိုက် ၊ ပြခန်း နှင့် ပြုပြင်ထိန်းသိမ်းထားတဲ့ပစ္စည်းများထားတဲ့နေရာ ၊ ရှူခင်းကြည့်ရှူရန်နေရာ နှင့် အသံဖြင့်ပြသသည့်အခန်းများ နှင့် အခြားနေရာ များစွာရှိပါတယ်။ရုပ်ထု၏ အမြင့်နှင့် ထုထည်ကြီးမားသောကြောင့် ကီလိုမီတာ 700ပတ်လည် အတွင်း မည်သည့်နေရာမဆို ရုပ်ထုကို ကောင်းစွာမြင်ရပါတယ်။

ရုပ်ထုအမြင့်: ၁၈၂ မီတာ (၅၉၇ ပေ)
ရုပ်ထု၏ အခြေ- မီတာ ၂၄၀ (ပေ ၇၉၀)
ပြီးစီးသည့်နှစ် – ၂၀၁၈
တည်နေရာ – ကီဗေးဒီယာကိုလိုနီ၊ ဂူဂျာရတ်၊ အိန္ဒိယ။

 

(၂)တရုတ်နိုင်ငံရှိ Spring Temple ဗုဒ္ဓရုပ်ပွားတော်။

Spring Temple Buddha, China

ဒီဗုဒ္ဓရုပ်ပွားတော်ဟာ တောင်ကုန်းငယ်တစ်ခုပေါ်တွင်တည်ရှိပါတယ်။၎င်းကို ထုထည်အသေးများအဖြစ်ခွဲထားပြီး  ပေါင်းစပ် တည်ဆောက်ထားပါတယ်။လှပတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဟာ ကမ္ဘာလှည့်ခရီးသည်များအတွက်ကျော်ကြားသောနေရာတစ်ခုဖြစ်ပါတယ်။ရုပ်ထုကို ကြေးနီသွန်း အပိုင်းအစ ၁၁၀၀ ဖြင့်တည်ဆောက်ခဲ့ပြီး စုစုပေါင်းအလေးချိန်မှာတန်ချိန် ၁၀၀၀ ဖြစ်ပါတယ်။ရုပ်ထုတော်၏အနီးနားတွင် Tianrui Hot Springရှိပြီး ရုပ်ပွားတော်၏ အမည်ကိုလည်း အဲ့ဒီရေပူစမ်း ကနေရရှိခဲ့ပါတယ်။

»ရုပ်ထုအမြင့်: ၁၅၃ မီတာ (၅၀၂ ပေ)
»ရုပ်ထု၏ အခြေ – ၂၀၈ မီတာ (၆၈၂ ပေ)
»ပြီးစီးသည့်နှစ် – ၂၀၀၈
»တည်နေရာ: Fodushan ရှုခင်းသာဒေသ၊ တရုတ်နိုင်ငံ Henan။

 

(၃)မြန်မာနိုင်ငံရှိ လေးကျွန်းစင်္ကြာ ဗုဒ္ဓရုပ်ပွားတော်

Laykyun Sekkya Buddha, Myanmar

ထိုဗုဒ္ဓရုပ်ပွားတော်ကိုတော့ Abbot Ven မှတည်ဆောက်ခဲ့ပြီး ဗုဒ္ဓဘာသာကိုကိုးကွယ်သူများအတွက် အဓိကအားဖြင့်ဘာသာရေးအရအရေးပါတဲ့ရုပ်ပွားတော်တစ်ဆူဖြစ်ပါတယ်။ရုပ်ပွားတော်အတွင်းတွင် ဓာတ်လှေကားများပါရှိပြီး လာရောက်ဖူးမြော်သူများ နှင့် ခရီးသွားများဟာ ၂၇ထပ်ထိ လည်ပတ်ကြည့်ရှူနိုင်ပြီး မြို့နှင့် ရူခင်းအလှကို ခံစားနိုင်ပါတယ်။လေးကျွန်းစကြာ ရုပ်ပွားတော်၏၈၉မီတာအကွာခန့်တွင် လှဲလှောင်းနေသော လှောင်းတော်မူရုပ်ပွားတော်ကိုလည်း လာရောက်လည်ပတ်ဖူးမြော်နိုင်ပါတယ်။ရုပ်ပွား‌တော်၏ ပတ်ဝန်းကျင်ဒေသဟာ ဗောဓိ ညောင်ပင် ၉၀၀၀ နှင့်ပြည့်နှက်နေသောဥယျာဉ်တစ်ခုလည်းရှိပါတယ်။

ရုပ်ထုအမြင့်: ၁၁၆ မီတာ (၃၈၁ ပေ)
ရုပ်ထုအခြေ: ၁၂၉.၂ မီတာ (၄၂၄ ပေ)
ပြီးစီးသည့်နှစ် – ၂၀၀၈
တည်နေရာ – မုံရွာခရိုင်၊မြန်မာနိုင်ငံ

 

(၄)တရုတ်နိုင်ငံရှိကွမ်ရင်မယ်တော်ရုပ်ထု

Guanyin of Nanshan, China
‌ဒီကွမ်ရင်မယ်တော် ရုပ်ထုဟာ တရုတ်နိုင်ငံ၏ဒုတိယအမြင့်ဆုံးရုပ်ထုဖြစ်ပြီးတရုတ်ပြည်ရဲ့ သာယာလှပသည့်အပူပိုင်းဒေသကျွန်းတွင်တည်ရှိပါတယ်။သနားကြင်နာခြင်းကို ပြသတဲ့ကွမ်ရင်မယ်တော် ရုပ်ထုတစ်ခုဖြစ်ပြီး ရုပ်ထုစုစုပေါင်းမျက်နှာမူရာဘက် ၃ခုရှိကာတစ်ဖက် ဟာ တရုတ်နိုင်ငံကုန်းတွင်းပိုင်းကိုမျက်နှာမူကာ ရုပ်ထုရဲ့ မျက်နှာတွေကတော့ တောင်တရုတ်ပင်လယ်ကိုမျက်နှာမူထားကြပါတယ်

ရုပ်ထုအမြင့်: ၁၀၈ မီတာ (၃၅၄ ပေ)
ပြီးစီးသည့်နှစ် – ၂၀၀၅
တည်နေရာ: Sanya, China of Hainan။

 

(၅)ဂျပန်နိုင်ငံရှိ Ushiku Daibutsu

Ushiku Daibutsu, Japan

ဒီရုပ်ပွားတော်ဟာ ကမ္ဘာပေါ်တွင် စတုတ္ထအမြင့်ဆုံးရုပ်ထုဖြစ်ကာShinra ၏ မွေးဖွားရာနေရာ အဖြစ် မှတ်သားတည်ဆောက်ခဲ့ပြီး သန့်ရှင်းစင်ကြယ်‌သော ဗုဒ္ဓဘာသာကို တည်ထောင်ရာအဓိက နေရာဖြစ်ပါတယ်။ကြာပန်းပုံအောက်ခြေခုံကနေ ရပ်တော်မူနေပုံတည်ထားကိုးကွယ်ထားကာ ပန်းခြံနှင့်မြို့၏မြင်ကွင်းကျယ် ကိုကြည့်ရှုရန်အတွက် ရုပ်တုအတွင်းရှိဓာတ်လှေကားဖြင့်တက်ကာ လှပတဲ့ရှုခင်းတွေကိုကြည့်ရှုနိုင်ပါတယ်။

ရုပ်ထုတော်အမြင့် – မီတာ ၁၀၀ (ပေ ၃၃၀)
ရုပ်ထုအခြေ: မီတာ ၁၂၀ (၃၉၀ ပေ)
ပြီးစီးသည့်နှစ် – ၁၉၉၃
တည်နေရာ: Ushiku, Japan of Ibaraki ။

Leave a Comment