ကမ္ဘာပေါ်ရှိအကြီးမားဆုံးမိချောင်းမျိုးစိတ်များ

မိကျောင်းများဟာ ကြီးမားတဲ့တွားသွားသတ္တဝါများဖြစ်ကြကာ အရွယ်အစားကြီးပြီးသန်မာကြပါတယ်။ သူတို့ဟာ ကြီးမားပြီးကြောက်စရာကောင်းတဲ့ကုန်း‌ေနရေနေသတ္တဝါအဖြစ်သိကြပါတယ်။ယနေ့ အင်တာနက်ခေတ်မှာတော့ မိကျောင်းပုံများကို ဒစ်ဂျစ်ဒယ်နည်းပညာဖြင့် ပုံမုန်ထက်ပိုကြီးသလိုထင်မြင်လာစေအောင်ဖန်တီးတတ်ကြပါတယ်။ ဒါကြောင့်မလို့ အကြီးဆုံးမိကျောင်းတွေဟာ ဘယ်လောက်ကြီးမားကြပါသလဲ။ ခုကတော့ အကြီးဆုံးမိကျောင်းအဖြစ် မှတ်တမ်းတင်ထားတဲ့ မိကျောင်း ၅ကောင်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁)Yai မိကျောင်း (၅.၅ မီတာ / ၁၈ပေ)

ယိုင်း(Yai)သည်estuarine-Siamese မျိူးစပ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ တိရိစ္ဆာန်ရုံရှိ the Samut Prakan မိကျောင်းကန်တွင်တည်ရှိပါတယ်။ ယိုင်း(Yai)ရဲ့အရှည်ဟာ ၅.၅ နှင့် ၆မီတာကြားတွင်ရှိပါတယ်။ ယိုင်းဟာ Gomekမိကျောင်းကဲ့သို့ပင် ငြိမ်သက်ပြီးသည်းခံနိုင်စွမ်းရှိပါတယ်။ သူ့ကို အစာကျွေးသူနဲ့ ထိန်းသိမ်းသူများ ဟာ သူ့ကို ကြောက်စရာမလိုပဲ အစာကျွေးနိုင် ၊ သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။ လာရောက်လည်ပတ်ကြတဲ့သူများတောင် သူနဲ့နီးကပ်နေနိုင်ပြီး ရင်းနှီးကြပါတယ်။

(၂)Brutus (၅.၆ မီတာ / ၁၈ပေ ၄လက်မ)

Brutusလို့ ခေါ်တဲ့ ဆားငန်ရေနေ မိကျောင်းဟာ ခြေလက်အင်္ဂါသုံးချောင်းသာရှိပါတယ်။ သူ့ကို ဩစတြေးလျနိုင်ငံ ၊ မြောက်ပိုင်း အဒလိတ်မြစ်၌ မကြာခဏတွေ့ရလေ့ရှိပါတယ်။ Brutusရဲ့ရှေ့ခြေထောက်တစ်ချောင်းမရှိရတဲ့အကြောင်းဟာ ငါးမန်းကြီးတစ်ကောင်နဲ့တိုက်ခိုက်ထားခြင်းကြောင့်ဖြစ်တယ်ဟု ပြောကြပါတယ်။ သူနဲ့တိုက်ခိုက်တဲ့ငါးမန်းကြီးဟာ ဘယ်လောက်ကြီးမားလဲဆိုတာ လူတိုင်းသိချင်နေကြပါတယ်။ Brutusကိုရှေးကထင်ခဲ့သည့်အတိုင်း ၅.၆ မီတာ (၁၈ပေ ၄လက်မ)ခန့်ရှည်လျားပါတယ်၊ အလေးချိန်ကတော့ တစ်တန်၀န်းကျင်ရှိပါတယ်။

(၃)Bujang Senang(၅.၈၈ မီတာ / ၁၉ပေ ၃လက်မ)

Bujang Senangဟာ ရေငန်နေမိကျောင်းမျိုးဖြစ်ပြီး ဘိုနီယို (Borneo)တွင်နေထိုင်ပါတယ်။ ဒေသခံတွေပြောကြားချက်အရ အဲ့မိကျောင်းဟာ လူစားတတ်ပြီး (တစ်ချို့လူများဟာ အဲ့မိကျောင်းကို နှစ်ပေါင်းသုံးဆယ်အကြာလိုက်လံရှာဖွေ ၊ သတ်ဖြတ်ခဲ့ပါသေးတယ်)။ အစပိုင်းတွင် မိကျောင်းဟာ ၂၅ပေခန့်ရှိပါတယ်။ Bujang Senangကို ၁၉၉၂ ၊မေလ၂၀ရက်နေ့တွင် အသတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ အသတ်ခံရပြီးနောက်မှာ သူ့ရဲ့အရှည်ဟာ အလွန်ခန့်မှန်းရခက်နေပါတယ်။ သူဟာ အရှည် ၁၉ပေ၃လက်မ (၅.၈၈ မီတာ)ရှိပြီး တစ်တန်အလေးချိန်ရှိပါတယ်။

(၄)Dominator(၆.၁မီတာ / ပေ၂၀)

Dominatorကို တရား၀င်တိုင်းတာထားခြင်းမရှိသော်လည်း အရှည်ဟာ ပေ၂၀(၆.၁မီတာ) နှင့် တစ်တန်ကျော်အလေးချိန်ရှိသည်ဟု ခန့်မှန်းရပါတယ်။ သူဟာ ဩစတြေးလျနိုင်ငံမြောက်ပိုင်း ၊ အဒလိတ်မြစ်တွင်Brutusနဲ့ အတူ ရေငန်ရေထဲမှာ မျှဝေနေထိုင်ကြပါတယ်။

(၅)Lolong (၆.၁၇ မီတာ /၂၀ပေ ၃လက်မ)
ကမ္ဘာ့အကြီးဆုံးမိကျောင်းကြီး

အရှည်အတိုင်းတာ (၆.၁၇ မီတာ) ၂၀ပေ ၃လက်မရှိပြီး အလေးချိန်ဟာ ၂.၃၇၀ပေါင် (၁၀၇၅ကီလိုဂရမ်)ရှိပါတယ်။ Lolongဟာ အကြီးမားဆုံးကိုယ်ခန္ဓာနဲ့ မိကျောင်းကြီးဖြစ်ပါတယ်။ နှာခေါင်းထိပ်မှ အမြီးအထိ အတိုင်းအတာအရ အရှည်လျားဆုံးသော မိကျောင်းတစ်ကောင်လည်းဖြစ်ပါတယ်။ Lolong အင်ဒို ပစိဖိတ် တွင်နေထိုင်သော ရေငန်မိကျောင်းဖြစ်ပါတယ်။သြစတြေးလျမိကျောင်းကျွမ်းကျင်သူဒေါက်တာအာဒံဘရတ်တွန်က Lolong ကို ၂၀၁၁ နိုဝင်ဘာလတွင်တိုင်းတာခဲ့ပါတယ်။ ပြီးနောက် မှာတော့သူ့ကို ကမ္ဘာ့အရှည်ဆုံးအကြီးဆုံး မိကျောင်းအဖြစ် အတည်ပြုပြောကြားခဲ့ပါတယ်။

Leave a Comment