ကျွန်တော်တို့ကမ္ဘာမြေကြီးရဲ့သက်တမ်းကတော့ ၄ဘီလီယံခန့်ရှိပြီးလူသားများအပါအဝင်အခြားမတူညီတဲ့သတ္တဝါမျိုးကွဲတွေများစွာဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတည်ရှိခဲ့ကြတာကတော့အံ့ဩစရာမရှိပါဘူး။ဒါပေမယ့်ကျွန်တော်လူသားတွေဟာကမ္ဘာမြေကြီးမှာတော့သသက်တမ်းအရှည်ကြာဆုံးတည်ရှိနေတဲ့သတ္တဝါတွေတော့မဟုတ်ပါဘူး။ယနေ့ခေတ်မှာတော့ဒိုင်နိုင်ဆောတွေခေတ်ကတည်းကတည်ရှိခဲ့ကြပြီးယနေ့ထိတိုင်မျိုးမသုဉ်းဘဲတည်ရှိနေကြတဲ့တိရစ္ဆာန်များအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁)ရေမြင်း(နှစ်ပေါင်း ၁၆သန်း)

လေ့လာမှုများအရ ရေမြင်းတွေဟာနို့တိုက်သတ္တဝါတစ်မျိုးဖြစ်ပြီးဝေလငါးတွေနဲ့လည်းဆက်စပ်မှုရှိတယ်လို့ဆိုပါတယ်။ပထမဆုံးသောဝေလငါးကတော့လွန်ခဲ့သောနှစ်ပေါင်း၅၃သန်းကတည်းကတည်ရှိခဲ့တာဖြစ်ပြီးရေမြင်းတွေကတော့လွန်ခဲ့သောနှစ်ပေါင်း၁၆သန်းကမှတည်ရှိထဲ့တာပါ။ဝေလငါးဘိုဘေးတွေနဲ့ရေမြင်းတွေရဲ့ကြားထဲကကွာခြားချက်ကတော့နှစ်ပေါင်း သန်း၄၀ဖြစ်ပါတယ်။
(၂)သားပိုက်ကောင်(နှစ်ပေါင်း သန်း၂၀)

ဩစတြေးလျဟာလွန်ခဲ့သောနှစ်ပေါင်းသန်း၂၀ကတည်းကသားပိုက်ကောင်တွေရဲ့နေအိမ်တစ်ခုပါဘဲ။ပထမဆုံးသားပိုက်ကောင်မျိုးကွဲတွေကတော့ဩစတြေးလျရဲ့ရာသီဥတုဆိုးရွားတဲ့အချိန်မှာသစ်တောတွေထဲမှာနေထိုင်ခဲ့ကြပါတယ်။ယခုအချိန်မှာတွေ့နေရတဲ့သားပိုက်ကောင်တွေနဲ့မတူတဲ့ထိုမျိုးကွဲတွေကတော့လွန်ခဲ့သောနှစ်ပေါင်း ၁၀-၁၅သန်းလောက်ကတည်းကမျိုးတုန်းပျောက်ကွယ်သွားခဲ့ပါပြီ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ထိုမျိုးကွဲတွေဟာယခုသားပိုက်ကောင်တွေလို့ခြေထောက်နှစ်ချောင်းနဲ့သွားခါတာမဟုတ်ဘဲခြေလေးချောင်းနဲ့သွားခါခဲ့ကြတာဖြစ်ပါတယ်။
(၃)ဟိုင်အီးနား(နှစ်ပေါင်း ၂၂သန်း)

ဟိုင်အီးနားတွေဟာလွန်ခဲ့သောနှစ်ပေါင်း ၂၂သန်းကတည်းကတည်ရှိခဲ့ကြပြီးသူတို့ရဲ့မူလအစမျိုးစိတ်များဟာ ယခုအာဖရိကမှာတည်ရှိနေတဲ့civet မျိုးစိတ်တွေနဲ့ဆင်တူပါတယ်။သူတို့ရဲ့မူလအစမျိုးစိတ်တွေရဲ့မေးရိုးနဲ့ခြေထောက်များကတော့ရှည်လျားပါတယ်။
(၄)ကျီးကန်း(နှစ်ပေါင်းသန်း ၃၀)

မူလအစကျီးကန်းဟာလွန်ခဲ့သောနှစ်ပေါင်းသန်း၃၀ကတည်းတည်ရှိခဲ့တာဖြစ်ပြီးသူ့ရဲ့ ဒီအန်အေကိုတော့ဩစတြေးလျနိုင်ငံမြောက်ဘက်ကျွန်းတစ်ကျွန်းပေါ်မှာတွေ့ရှိခဲ့ပါတယ်။
(၅)ကိုလာဝက်ဝံ(ခေါ်)ဩစတြေးလျဝက်ဝံ(နှစ်ပေါင်း သန်း ၃၀)

ကိုလာဝက်ဝံတွေတည်ရှိခဲ့တာယခုဆိုရင်နှစ်ပေါင်း သန်း ၃၀ရှိပါပြီ။ဩစတြေးလျကိုတိုက်ကြီးတစ်ခုအဖြစ်ခွဲခြားပြီးချိန်မှစကာသူတို့ဟာထိုနေရာမှာအသက်ရှင်နေထိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ထိုအချိန်ကာလတုန်းကကိုလာဝက်ဝံမျိုးကွဲများစွာထိုနေရာမှာတည်ရှိနေနိုင်တယ်လို့ယူဆကြပါတယ်။
(၆)ငှက်ကုလားအုပ်(နှစ်ပေါင်းသန်း ၄၀)

ငှက်ကုလားအုပ်များဟာယနေ့ခေတ်မှာ Palaeoits လို့သိကြတဲ့ငှက်များမှဆင်းသက်လာကြတယ်လို့သိရပါတယ်။ရှေးအကျဆုံးငှက်ကုလားအုပ်ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းကိုတော့ ၁၉၃၀ပြည့်လွန်နှစ်တွေတုန်းကဥရောပအလယ်ပိုင်းမှာတွေ့ရှိခဲ့ပြီးလေ့လာချက်များအရသူ့ရဲ့သက်တမ်းဟာနှစ်ပေါင်း သန်း၄၀ရှိတယ်လို့လည်းသိရပါတယ်။ဒါပေမယ့်ယနေ့ခေတ်မှာတွေ့ရတဲ့ငှက်ကုလားအုပ်တွေရဲ့ကျောက်ဖြစ်ရုပ်ကြွင်းကတော့ လွန်ခဲ့သောနှစ်ပေါင်း သန်း၂၀ကနေ ၂၃ ကြားရှိတာကိုတွေ့ရပါတယ်။
(၇)လင်းနို့(နှစ်ပေါင်း ၅၂သန်း)

လင်းနို့တွေရဲ့အရိုးများကြောင့် သူတို့ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေတည်ရှိနိုင်ဖို့ကအလွန်ခက်ခဲလှပါတယ်။ဒါပေမယ့်လို့ရှာဖွေတွေ့ရှိခဲ့တဲ့ကျောက်ဖြစ်ရုပ်ကြွင်းအနည်းငယ်ကတော့ သူတို့ဟာဘယ်အချိန်ကတည်းကတည်ရှိခဲ့ကြလည်းဆိုတာကိုကျွန်တော်တို့သိခဲ့ရပါတယ်။အစောဆုံးလင်းနို့ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းကိုတော့ အမေရိကန်ပြည်ထောင်စု၊ ဝိုင်အမ်တွင်တွေ့ရှိခဲ့ပြီး သူ့ရဲ့သက်တမ်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၂သန်းကဘဲဖြစ်ပါတယ်။
(၈)ဆင်(နှစ်ပေါင်း ၅၅သန်း)

ဆင်တွေဟာအလွန်ကိုဒဏ်ခံနိုင်တဲ့သတ္တဝါတွေဖြစ်ကြပါတယ်။ဆင်မျိုးစိတ်ပေါင်း ၃၀၀ကျော်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း ၅၅သန်းကတည်းကကမ္ဘာကြီးပေါ်မှာစတင်တည်ရှိခဲ့ပါတယ်။ပထမဆုံးဆင်မျိုးစိတ်ကတော့ကြီးမားလွန်းတဲ့ဝက်တစ်ကောင်ပုံစံမျိုးဖြစ်ကာရွံ့နွံထူထပ်တဲ့နေရာတွေမှာနေထိုင်ခဲ့ကြပါတယ်။
(၉)ပင်ကွင်း(နှစ်ပေါင်း ၆၂သန်း)

ရှေးအကျဆုံးပင်ကွင်းကျောက်ဖြစ်ရုပ်ကြွင်းတည်ရှိခဲ့တဲ့သက်တမ်းကတော့လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၂သန်းကဘဲဖြစ်ပါတယ်။ဒါပေမယ့်ယနေ့ကျွန်တော်တို့မြင်တွေ့နေရတဲ့ပင်ကွင်းတွေရဲ့သက်တမ်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀သန်းကဘဲဖြစ်ပါတယ်။ဒီမျိုးစိတ်နှစ်ခုကြားနှစ်ပေါင်းများစွာကွာဟချက်ကယခုအချိန်ထိမေးခွန်းထုတ်စရာတွေအဖြစ်ကျန်ရှိနေပါသေးတယ်။အထူးသဖြင့်ရှေးအကျဆုံးမျိုးစိတ်တွေဟာဘယ်လိုအကြောင်းအရာတွေဖြစ်ပျက်ခဲ့တာလည်းဆိုတဲ့မေးခွန်းတွေဘဲဖြစ်ပါတယ်။
(၁၀)ဂေါ်ရီလာ(နှစ်ပေါင်း ၆၅သန်း)

နို့တိုက်သတ္တဝါတစ်မျိုးဖြစ်တဲ့ဂေါ်ရီလာများဟာလွန်ခဲ့တဲ့နှစ်ပေါင်း ၆၅သန်းကတည်းကကမ္ဘာမြေပေါ်မှာတည်ရှိခဲ့ပြီးရှေးအကျဆုံးဂေါ်ရိလာမျိုးစိတ်တွေဟာယနေ့ကျွန်တော်တို့မြင်တွေ့နေရတဲ့မျိုးစိတ်တေါအဖြစ်ဆင်ကဲ့ပြောင်းလဲလာဖို့နှစ်သန်းပေါင်းများစွာကြာခဲ့ပါသေးတယ်။ယခုအချိန်မှာတော့ ဂေါ်ရီလာမျိုးစိတ်ပေပါင်း ၅၀၀ခန့်ရှိပြီးထိုထက်များပြားလှတဲ့ပမာဏလည်းရှိနေနိုင်ပါသေးတယ်။
*** အသိပေးတားမြစ်ချက် ***
ကျွန်တော်တို့ရဲ့ဝက်ဆိုဒ်စာမျက်နှာဖြစ်သောshweapk.comမှရေးသားထားသောအကြောင်းအရာများသည်ကိုယ်တိုင်ခက်ခဲပင်ပန်းစွာရှာဖွေ၍ဘာသာပြန်တင်ဆက်ကာရေးသားထားတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။သို့ဖြစ်ပါ၍ကျွန်တော်တို့ရဲ့ဝက်ဆိုဒ်စာမျက်နှာ ဖြစ်သော shweapk.comမှအကြောင်းအရာများကို ကူးယူးဖော်ပြခြင်းမပြုပါကြောင်းအသိပေးအကြောင်းကြားအပ်ပါတယ်။အခြားဝက်ဆိုဒ်နဲ့စာမျက်နှာများမှကျွန်တော်တို့ရေးသားထားသောအကြောင်းအရာများကို ကူးယူဖော်ပြနေကြောင်းတွေ့ရှိရပါက သက်ဆိုင်ရာ Facebook နဲ့ Google ကုမ္ဗဏီများထံသို့ IA နှင့်ဝက်ဆိုဒ်များကျသည်အထိreport တင်သွားမှာဖြစ်ကြောင်းအသိပေးအပ်ပါတယ်။