ယခုဆောင်းပါးထဲမှာတော့ ကမ္ဘာပေါ်မှာတည်ရှိတဲ့ထူးခြားတဲ့သယ်ယူပို့ဆောင်ရေးနည်းလမ်းတွေအကြောင်းကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။
(၁)အီတလီနိုင်ငံ ဗင်းနစ်မြို့ရှိ Traghetto
၃.၅ ကီလိုမီတာရှည်သောဗင်းနစ်၏ Grand တူးမြောင်း တစ်လျှောက်မှာတံတားသုံးစင်းသာရှိ တာမို့ သင်အနေနဲ့ဘယ်လိုဖြတ်ပြီးသွားလာရမယ်ထင်ပါသလဲ?။သေချာတာကတော့ Traghetto(အီတလီဘာသာစကားဖြစ်ပြီး ကူးတို့လှေ ဟုခေါ်ခြင်း)ဖြင့်သယ်ယူပို့ဆောင်တဲ့နည်းလမ်းတစ်ခုသာရှိမယ်ထင်ပါတယ်။ထိုဂွန်ဒိုလာကဲ့သို့ဦးကော့ပဲ့ကော့လှေများသည်တူးမြောင်းတစ်ဖက်မှတခြားတစ်ဖက်ခြမ်းသို့ခရီးသည်များကိုအခကြေးငွေသက်သာစွာဖြင့်ပို့ဆောင်ပေးပါတယ်။ဆင်းသက်မှုကိုဦးတည်နေတဲ့အဝါရောင်သင်္ကေတပြထားသော မည်သည့်Traghettoကိုမဆို တူးမြောင်းတလျှောက်ရှိ ဆိပ်ခံခုနှစ်ခုတွင်စီးနှင်းနိုင်ပါတယ်။လှေတစ်စီးတွင်ဂွန်ဒိုလာကဲ့သို့လှော်ခတ်သူနှစ်ယောက်ရှိပြီး တစ်ယောက်က လှေဦးခေါင်းဘက်တွင် လှော်ခတ်ပြီး ကျန်တစ်ယောက်ကတော့ ခရီးသည်တွေရဲ့အနောက်တခြားတစ်ဖက်ကနေလှော်ခတ်ပါတယ်။Venetianပုံစံစီးချင်ရင်တော့ ခရီးတိုအတွက်သာ ရှိပါတယ်။
(၂)ကမ္ဘာဒီးယားနိုင်ငံရှိ ဝါးရထား
ထူးဆန်းတဲ့အတွေ့ကြုံကိုခံစားလိုသူများဟာကမ္ဘာဒီးယားနိုင်ငံရဲ့ ဝါးရထားကို စီးလိုကြပါတယ်။ ခရီးသည်များဟာ ဝါးအခင်းတွင် ထိုင်စေပြီး လျှပ်စစ်အင်ဂျင်နဲ့ပြုလုပ်ထားတဲ့ ယာယီ ဝါးရထားလေးဟာ တစ်နာရီကို ကီလိုမီတာ ၄၀ခန့် အမြန်နှုန်းဖြင့်သွားပါတယ်။ဒေသခံတွေဟာ Battambag ဘူတာကနေ နောရီကို လှည့်ပတ်ကြည့်ရူဖို့ အသုံးပြုတာကြောင့် ရထားစီးဖို့ဈေးသက်သာစေပါတယ်။
(၃)Monte toboggan, Madeira
Monte toboggans ဟာ ၁၉ ရာစုတွင် Monte မှ Funchal တောင်သို့ဆင်းရာတွင်အလွယ်တကူရောက်ရှိနိုင်တဲ့အရာဖြစ်ပါတယ်။ယနေ့တွင် သူတို့ဟာ ဒေသခံများရဲ့စီးပွားရေးထက် နိုင်ငံခြားလည့်လှည်သူများကို ပိုမိုဆွဲဆောင်ပါတယ်။Nossa Senhora do Monte ဘုရားကျောင်းကိုသွားတဲ့လှေကားအောက်ခြေကနေ လူများကို လှည်းများဖြင့်သယ်ယူပို့ဆောင်ပေးပါတယ်။သင်ဟာ wicked sledge တက်လျှင် ရိုးရာအဖြူရောင်များကို ဝတ်ဆင်သည့် လူနှစ်ဦးဟာ တစ်နာရီ ၄၈ကီလိုမီတာနှုန်းဖြင့် funchalသို့လမ်းကျဉ်းကျဉ်းလေးများကနေ သင့်ကို လမ်းပြပို့ဆောင်ပေးပါလိမ့်မယ်။ထူးခြားပြီး အံဩစရာကောင်းတဲ့ အတွေ့ကြုံကိုရရှိစေမှာ ဖြစ်ပါတယ်။
(၄)ဖိလစ်ပိုင်နိုင်ငံရှိ jeepney
ဖိလစ်ပိုင်တွင် ‘အငြင်းပွားဖွယ်စရာလမ်းရဲ့ဘုရင်’ အဖြစ်လူသိများသော Jeepney ဟာကြီးမားသောယာဉ်ကြီးဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီးတွင်အမေရိကန်စစ်တပ် ဟာ ဖိလစ်ပိုင်မှထွက်ခွာသွားသည့်အခါဒေသခံများအား ဂျစ်စ်ကား များစွာကို လက်ဆောင်ချန်ထားပေးခဲ့ပါတယ်။ဖိလစ်ပိုင်လူမျိုးများဟာ သူတို့ကို အရိပ်ရရှိဖို့အတွက် ခေါင်မိုးများကိုဖြည့်စွက်တပ်ဆင်ပြီး ပြည်သူ့ သယ်ယူပို့ ဆောင်ရေးအတွက် ပြန်လည်ပြောင်းလဲထူထောင်ခဲ့ပါတယ်။ယနေ့ခေတ်တွင်တောက်ပပြီး အလှဆင်ထားသော jeepney များဟာဖိလစ်ပိုင် ယဉ်ကျေးမှုရဲ့ သင်္ကေတတစ်ခုလိုဖြစ်နေပြီး နိုင်ငံအတွင်းလူကြိုက်အများဆုံးဖြစ်ပါတယ်။
(၅)ထိုင်းနိုင်ငံရှိ Longtailလှေ
Longtail လှေများဟာထိုင်းနိုင်ငံ၏အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်။ မူလ က အဲ့ဒီလှေများကို ဘန်ကောက်တစ်လျောက်တွင် ဖြတ်သန်းသွားဖို့ တူမြောင်းများ၌ အသုံးပြုခဲ့ပါတယ်။ တူးမြောင်းများဟာ လှေများနှင့်ပြည့်နက်နေသောကြောင့် လမ်းများကို အစားထိုးခဲ့သော်လည်း Longtailလှေဟာ ထိုင်းနိုင်ငံအတွင်းတွင် များစွာဆက်လက်ဖွံဖြိုးဆဲဖြစ်ပါတယ်။နာမည်အတိုင်းလှေဟာ ရှည်လျားပြီးပါးလွှာပါတယ်။ဒေသခံများကထိုလှေများကို အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးတစ်ခုအဖြစ်အသုံးပြုကြပြီး ထိုတိုင်းပြည်သို့အလည်သွားသောအခါ မမေ့နိုင်သောအတွေ့အကြုံတစ်ခုအဖြစ်ကျန်ရစ်စေခဲ့မှာလည်းဖြစ်ပါတယ်။