ကမ္ဘာတစ်ဝှမ်းမှထူးထူးဆန်းဆန်းမင်္ဂလာဆောင်ဓလေ့များ

ကမ္ဘာတစ်ဝှမ်းတွင် လူသိများပြီးပြုလုပ်လေ့ ရှိတဲ့ မင်္ဂလာဆောင် ရိုးရာတစ်ခုရှိပါတယ်။ အဲ့တာကတော့ သတို့သားနဲ့ သတို့သမီးဟာ ပန်းစည်းကို နောက်က လူပျို အပျိုတွေထဲ ပစ်ထည့်သည့်ရိုးရာပဲဖြစ်ပါတယ်။အချို့သော ဓလေ့ထုံးတမ်းများဟာ နိုင်ငံနှင့် ယဉ်ကျေးမှုအရ ကျင့်သုံးလေ့ ရှိပါတယ်။

(၁)သစ်ခုတ်ဖြတ်ခြင်း ဂျာမနီ။

ရှေးဂျာမန် မင်္ဂလာပွဲ တွေဟာ သစ်တုံးကို လက်ကိုင်နှစ်ဖက်ပါသော လွှဖြင့် သတို့သား သတို့သမီးတို့ ဖြတ်ရတဲ့ ဓလေ့ရှိပါတယ်။ ဒီအပြုအမူဟာ အိမ်ထောင်သည် ဇနီးမောင်နှံတို့ အတူတကွ အလုပ်ကြိုးစားခြင်းနှင့် သူတို့ရဲ့ အိမ်ထောင်ရေးတွင် ကြုံတွေ့နိုင်သည့် အတားဆီးများကို ကျော်လွှားနိုင်ခြင်းတို့ကို ပြသခြင်းအဓိပ္ပါယ်ဖြစ်ပါတယ်။

(၂)ဆူဒန်နိုင်ငံ ကလေးနှစ်ယောက် ရိုးရာ

ဆူဒန်နိုင်ငံရှိ Nuer မျိုးနွယ်တွင် သတို့သားသည် တိရိစ္ဆာန်များနှင့်တင်‌တောင်း ပြီး လက်ထပ်နိုင်ပါတယ်။ ဇနီးသည်က လည်း ကလေးနှစ်ယောက် မွေးဖွားပေးနိုင်မှသာ မင်္ဂလာဆောင်ပွဲဟာပြီးပြည့်စုံပါတယ်။အကယ်၍ ဇနီးက ကလေးတစ်ဦးတည်း သာမွေးဖွားပါကလင်ယောက်ျားကကွာရှင်းရန်တောင်းဆိုနိုင်ပါတယ်။လင်ယောကျာ်းသေဆုံးလျှင် သူ၏ အစ်ကိုဖြစ်သူက ဇနီးသည် ၏ လင်ယောကျာ်းအသစ်အဖြစ်လက်ခံရပါတယ်။

(၃)ဂွာတီမာလာ က ခေါင်းလောင်းဖြင့် နှုတ်ဆက်ကြိုဆိုခြင်း

ဂွာတီမာလာတွင် မင်္ဂလာဆောင်အခမ်းအနားပြီးနောက်ခင်ပွန်း၏ အိမ်တွင် ဧည့်ခံပွဲတစ်ခုကိုကျင်းပလေ့ရှိပါတယ်။ခင်ပွန်းရဲ့ မိခင်ဟာ ဇနီးမောင်နှံအတွက် ရိက္ခာနှင့် ဆန်များ ပေါများစေရန်အတွက် အဖြူရောင် ခေါင်းလောင်းတီးပြီး ဇနီးမောင်နှံကို နှုတ်ဆက်ပေးရပါတယ်။

(၄)ရိုမေးနီးယားနိုင်ငံက အပျော်ပြန်ပေးဆွဲခြင်း

ရိုမေးနီးယားနှင့်အခြားဥရောပနိုင်ငံများတွင် မင်္ဂလာပွဲအခမ်းအနားမတိုင်မီ ပြန်ပေးဆွဲပုံစံဖြင့် လှောင်ပြောင်ခြင်းများကိုပြုလုပ်နိုင်ပါတယ်။သူငယ်ချင်းများ ၊ မိသားစု သို့မဟုတ် ငှားရမ်းထားတဲ့ သူများက သတို့သမီးကို သရုပ်ဆောင်ပြန်ပေးဆွဲပြီး သတို့သားက ပြန် ရွေးဖို့ငွေနှင့် စားစရာများဖြင့် ပြန်လည်ကယ်ရမှာဖြစ်ပါတယ်။

(၅)ဂျူးလူမျိုးတို့၏ဓလေ့အရဖန်ခွက်ကိုခွဲခြင်း

ဂျူးလူမျိုးများ၏ မင်္ဂလာဆောင်ပွဲအပြီးတွင် သတို့သားနဲ့သတို့သမီးဟာ အိတ်ထဲက ဖန်ခွက်ကို မြေပြင်ပေါ်သို့ချပြီးကွဲပစ်လေ့ရှိပါတယ်။၎င်းတွင်အဓိပ္ပာယ်အမျိုးမျိုးရှိသည့် အနက်မှတစ်ခုမှာအိမ်ထောင်ရေးတစ်‌ေလျာက် တွင် ခံစားရသော ဝမ်းနည်းပူဆွေးမှုပျော်ရွှင်မှုကို အေးအတူပူအမျှ လက်တွဲသွားရန်ကတိဝတ်ပြုခြင်းဖြစ်ပါတယ်။

Leave a Comment