ကမ္ဘာတစ်လွှားမှ ထူးခြားပြီးလှပလွန်းတဲ့ ဟိုတယ် (၁၀)ခု

များသောအားဖြင့်ကျွန်တော်တို့ဟာ ဟော်တယ်များမှာ အချိန်တွေများစွာ ကုန်ဆုံးလေ့မရှိကြပါဘူး။ကျွန်တော်တို့ရဲ့ ခရီးစဉ်တွေမှာ ပျော်ရွှင်ချမ်းမြေ့ကာ သွားလာနိုင်စေဖို့အတွက် ညဘက်တွေ ခဏတာအိပ်စက်အနားယူခြင်းနဲ့ လေးလံလှသော ခရီးဆောင်အိပ်တွေကို အခန်းထဲမှာ ထားခဲ့နိုင်ဖို့အတွက် ဟိုတယ်ကိုအသုံးပြုကြပါတယ်။ဒါပေမယ့် အချို့ ဟော်တယ်များဟာအလွန်ကိုထူးခြားလွန်းလှပြီးသင့်အနေနဲ့ သွားရောက်လည်ပတ်ခဲ့မယ်ဆိုပါက အလွန်ကိုအံ့ဩမိပါလိမ့်မယ်။ဒီဆောင်းပါးလေးမှာတော့ သင့်ရဲ့ အားလပ်ရက်တွေမှာ အပန်းဖြေဖို့ သင့်တော်လှတဲ့ ဟော်တယ် ၁၀ခုအကြောင်းကိုဖော်ပြပေးသွားမှာလည်းဖြစ်ပါတယ်။

(၁) ချောက်ကမ်းပါးတွေကြားမှ Amangiriဟော်တယ်( Utah, USA)

Credit Photo

ဒီဟော်တယ်ဟာ တည်ဆောက်ထားတာမဟုတ်ဘဲ သဘာဝကပေးတဲ့ အရာတစ်ခုလို့တောင်ထင်ချင်စရာပါ။ဒီဟော်တယ်မှာ သင့်အနေနဲ့ တည်းခိုဖြစ်ခဲ့မယ်ဆိုပါက ဘေးပတ်ပတ်လည်မှာ ဝန်းရံထားတဲ့ သဲခုံတွေ၊ကုန်းပြင်မြင့်တွေနဲ့ တောင်တန်းတွေရဲ့ အလှအပတွေကို ခံစားရစေမှာလည်းဖြစ်ပါတယ်။တည်းခိုကအနေနဲ့ကတော့ တစ်ညကို ၂၆၆၀ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။

Credit Photo

(၂)Sheraton Huzhou နွေဦးအပန်းဖြေနေရာ(ဟူချောင်,တရုတ်)

Credit Photo

ဒီဟော်တယ်ကတော့ ဇိမ်ခံဟော်တယ်တစ်ခုဖြစ်ပြီး သူရဲ့ ထူးခြားလှတဲ့ ပုံစံကြောင့် မြင်းခွာဟော်တယ်နှင့် ဒိုးနတ်ဟော်တယ်လို့လည်းခေါ်ကြပါတယ်။သူ့ရဲ့ ထူးခြားလှတဲ့ ဒီဇိုင်းနဲ့ ဖန်းတီးနိုင်မှုကြောင့် ၂၀၁၃ခုနှစ်မှ Emporis Skyscraper Awards မှ ချီးမြှင့်သောဆုတွင် တတိယရရှိခဲ့ပါတယ်။တည်းခိုခကတော့ တစ်ညကို ၂၁၄ဒေါ်လာကျသင့်မှာလည်းဖြစ်ပါတယ်။

(၃)Propeller Island City Lodge(ဘာလင်၊ဂျာမနီ)

Credit Photo

ဒီဟော်တယ်ကတော့ အနုပညာလက်ရာတွေနဲ့ ဖန်တီးထားတဲ့ ဟော်တယ်တစ်ခုလည်းဖြစ်ပါတယ်။ဒိဟော်တယ်မှာတော့ အခန်းတွေများစွာရှိပြီး အခန်းတစ်ခုခြင်းစီမှာတော့ ထူးခြားလှတဲ့ အနုပညာလက်ရာတွေရှိပါတယ်။ယခုချိန်မှာတော့ ဒီဟော်တယ်ဟာ ပြုပြင်မှုတွေ ပြုလုပ်နေတာကြောင့် ပိတ်ထားပါတယ်။

Credit Photo

(၄)စက်လုံးပုံ ဟိုတယ်( ဗန်ကူးဗားကျွန်း၊ ဗြိတိသျှကိုလံဘီယာ၊ ကနေဒါ)

Credit Photo

သစ်ပင်ပေါ်မှာ စက်လုံးပုံအခန်းကိုတည်ဆောက်ထားတဲ့ ဟော်တယ်တစ်ခုဖြစ်ပြီး သင့်ကလေးဘဝတုန်းက စိတ်ကူးခဲ့ရတဲ့ သစ်ပင်အိမ်ပေါ်မှာ နေနိုင်မယ့်ဟော်တယ်တစ်ခုလည်းဖြစ်ပါတယ်။ဒီဟော်တယ်ရဲ့ နည်းလမ်းကတော့ ထူးခြားလှပြီး သဘာဝကအရာတွေနဲ့ပါချိတ်ဆက်ထားတာပါ။(ဥပမာ အပင်ကိုသုံးထားခြင်း)

Credit Photo

(၅)Bivacco Gervasutti ဆေးတောင့်ဟော်တယ်(ဖရီဘိုဇီ ရေခဲမြစ်၊မွန့်ဘရန့်၊အီတလီ)

Credit Photo

ဒီဟော်တယ်ရဲ့ နာမည်ကတော့ Alpine တောင်တက်သူ Giusto Gervasutti ရဲ့ နာမည်ကိုပေးထားတာဖြစ်ပါတယ်။ ဒီဟော်တယ်ကတော့ တောင်တက်ခြင်း၊လျောစီးခြင်းနဲ့ နှင်းလျှော်စီးခြင်းကိုကြိုက်သူတွေအတွက် အလွန်နာမည်ကြီးတဲ့ ဟော်တယ်တစ်ခုဖြစ်ပြီး ဆေးတောင့်ပုံဒီဟော်တယ်ဟာ ချောက်ကမ်းပါးရဲ့ အစွန်းနားမှာတည်ရှိပါတယ်။

Credit Photo

(၆)Neemrana ခံတပ်နန်းတော် ဟိုတယ်(Neemrana၊အိန္ဒိယ)

Credit Photo

ထိုဟော်တယ်ဟာ Rajasthan ရှိ ၁၅ရာစု၏ရှေးဟောင်းအမွေအနှစ်ဟော်တယ်တစ်ခုဖြစ်ပြီး ဒေလီမှာ ရှိတဲ့ ရှေးအကျဆုံးအပန်းဖြေနေရာတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ထိုဟော်တယ်ဟာ အပန်းဖြေနေရာတစ်ခုတင်မဟုတ်ဘဲ ဥယျာဉ်တွေ၊ရေကူးကန်တွေနဲ့ ဇစ်လိုင်းတွေပါတည်ရှိလို့နေပါတယ်။

Credit Photo

(၇) Seven ဟော်တယ်(ပဲရစ်၊ပြင်သစ်)

Credit Photo

ဒီဟော်တယ်လေးမှာ သင့်အနေနဲ့ တည်းခိုခဲ့ပါက သင့်ဘဝကိုမှော်အတတ်အချို့ကိုယူဆောင်လာပေးမှာပါ။ ဘာကြောင့်လဲဆို သူရဲ့ ထူးခြားလှတဲ့ လေထဲမှာ ပျံနေတဲ့ ပုံစံအိပ်ယာခင်းဒီဇိုင်းက သင့်အနေနဲ့ ရုပ်ရှင်ကားထဲကလို သို့မဟုတ် အိမ်မက်ထဲကလိုခံစားရစေမှာဘဲဖြစ်ပါတယ်။

Credit Photo

(၈) Sextantio Le Grotte della Civita ဟော်တယ်(မာတီရာ၊အီတလီ)

Credit Photo

ဒီဟော်တယ်ကတော့ ယူနက်စကိုစာရင်းဝင် ဂူရဲ့ ဝင်္ကပါအတွင်မှာတည်ရှိပါတယ်။သူတို့နေဟာဒီဂူကိုပြုပြင်မွန်းမံကာ ဟော်တယ်အဖြစ်ပြောင်းလဲခဲ့ကြပြီး ဒီဟော်တဘ်မှာ သင်တည်းခိုမယ်ဆိုပါက အီတလီရဲ့ နည်းပညာအကြောင်းတွေကို အနည်းငယ်သိလာမှာပါ။

Credit Photo

(၉)Faralda ကရိန်းဟော်တယ်(အမ်ဟတာဒမ်၊နဘ်သာလန်)

Credit Photo

၎င်းဟာဟော်တယ်တစ်ခုအတွက် ပုံမှန်မဟုတ်တဲ့ နေရာတစ်ခုဖြစ်သော်လည်း အခြားစေဟာ်တယ်များနည်းတူ သက်တောင့်သက်သာနေနိုင်ပါတယ်။ ထိုဟော်တယ်ရဲ့ ထူးခြားလှတဲ့ အချက်ကတော့ ကရိန်းရဲ့ထိပ်ဆုံးကနေ ဘန်းဂျီကြိုးနဲ့ ခုန်ဆင်းလို့ရတာဘဲ ဖြစ်ပါတယ်။(ခြေထောက်မှာ ကြိုးဆွဲကာခုန်ချခြင်း)

Credit Photo

(၁၀)သစ်ပင်ဟိုတယ်(Tällberg ၊ ဆွီဒင်)

Credit Photo

သိပ္ပံကိုမြတ်နိုးတဲ့လူတွေအတွက်ကတော့ ဒီနေရာကိုအလွန်သဘောကျကြမယ်ထင်ပါတယ်။နောက်ပြီး ဒီဟော်တယ်ဟာ နောက်ထပ် သစ်ပင်အိမ်ပေါ်မှာနေရတဲ့ ဟော်တယ်တစ်လုံးလည်းဖြစ်ပါတယ်။ဒါပေမယ့်လို့ ဒီဟော်တယ်ရဲ့ အခန်းတွေကတော့ UFO ပုံစံဖန်တီးထားတာလည်းဖြစ်ပါတယ်။

Credit Photo

Leave a Comment