ကျွန်ုပ်တို့နေထိုင်သော လှပတဲ့ကမ္ဘာဟာ မဖော်ပြနိုင်သောရှုခင်းများ၊ လှပသောသမုဒ္ဒရာများနှင့်ရင်သပ်ရှုမောဖွယ်ကောင်းသောနေရာများနှင့် ပြည့်နှက်နေသည်မှာ အံ့သြစရာမဟုတ်ပါ။ သို့သော် လူဦးရေတိုးတတ်လာသည်နှင့်အမျှ တစ်ချိန်ကသာယာလှပသည့် ထိုနေရာများသည် လူတို့ကြောင့် အလျှင်အမြန်ပျက်စီးလာနေပါတယ်။ ကမ္ဘာပေါ်ကဘီလီယံနှင့်ချီတဲ့ လူတွေရဲ့နေ့စဉ်စွန့်ပစ်ပစ္စည်းများ၊အမှိုက်များ၊စက်ရုံ၊အလုပ်ရုံများနှင့် အင်ဂျင်တပ်ကား၊ဆိုင်ကယ်များကထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်များက သဘာဝပတ်ဝန်းကျင် ကို ဆိုးရွားစွာထိခိုက်ပျက်စီးစေရုံသာမကဘဲ လူများ တိရိစ္ဆာန်များနှင့် ကမ္ဘာပေါ်က သက်ရှိများရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနေပါတယ်။ ယခုဖေါ်ပြပေးမဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာကြီးညစ်ညမ်းလာမှုဖြစ်ပေါ်လာတဲ့ အကျိုးဆက်များအကြောင်းဖြစ်ပါတယ်။

ကမ္ဘာကြီးညစ်ညမ်းလာမှုဟာ ကမ္ဘာပေါ်က လူနှင့်တိရစ္ဆာန်သန်း ၁၀၀ ကျော်ကိုအကျိုးသက်ရောက်စေသည့် အကြီးမားဆုံးသတ်ဖြတ်မှုများထဲမှတစ်ခုဖြစ်သည်။

သမုဒ္ဒရာထဲသို့ နှစ်စဉ်စွန့်ပစ်သောအမှိုက်များသည် ပေါင် ၁၄ ဘီလီယံခန့်ရှိသည်။ ထိုအထဲမှာ ပလတ်စတစ်သည် အများဆုံးဖြစ်သည်။

လေထုညစ်ညမ်းမှုသည် နှစ်စဉ်နှစ်တိုင်း ပင်လယ်ပျော်ငှက်တစ်သန်း နှင့် နို့တိုက်သတ္တဝါသန်း ၁၀၀ ကျော်ကိုသေစေနိုင်သည်။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ စွန့်ပစ်ပစ္စည်းအများဆုံး စွန့်ပစ်တဲ့နိုင်ငံဖြစ်ပြီး မသန့်စင်သောမိလ္လာနှင့်စက်မှုစွန့်ပစ်ပစ္စည်းများကို တစ်နှစ်လျှင် ဂါလံတစ်ထရီလီယံခန့် ရေထဲသို့စွန့်ပစ်သည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုများသောကြောင့် နှစ်စဉ် ငါးနှစ်အောက်ကလေးငယ် သုံးသန်းကျော်သေဆုံးကြသည်။

လက်ရှိအချိန်တွင် ကမ္ဘာပေါ်တွင် ကားအစီးရေသန်း ၅၀၀ ကျော်ရှိပြီး ၂၀၃၀ တွင် ၁ ဘီလီယံအထိတိုးလာလိမ့်မည်။ ဆိုလိုသည်မှာလေထုညစ်ညမ်းမှုသည်နှစ်ဆကျော်ဖြစ်လိမ့်မည်။

အိန္ဒိယတွင်ညစ်ညမ်းသောရေကြောင့် ဖြစ်သောရောဂါများကြောင့် နှစ်စဉ်ကလေးငယ် ၁၀၀၀ ခန့်သေဆုံးလျက်ရှိသည်။




ကမ္ဘာကြီးညစ်ညမ်းလာမှုဟာ လူသားများနှင့်ကမ္ဘာပေါ်က သက်ရှိတိုင်းအတွက် အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေပါတယ်။

ကျနော်တို့လူသားတွေ အတူတကွစုစည်းပြီး ကမ္ဘာကြီးရဲ့ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်အောင် တစ်ခုခုလုပ်ဆောင်ဖို့အချိန်ရောက်နေပါပြီ။

တစ်နေ့တာအသုံးပြုခဲ့တဲ့ ပစ္စည်းများကို စွန့်ပစ်မှုလျော့ချခြင်း ( ဥပမာ-ပလက်စတစ်အသုံးပြုမှု ) ကလဲ ကမ္ဘာကြီးညစ်ညမ်းမှုကို အတော်အသင့်လျော့ချပေးနိုင်ပါတယ်။

ဤကဲ့သို့သော ရုပ်ပုံများကိုတွေ့ရခြင်းသည် အလွန်ဝမ်းနည်းဖွယ်ဖြစ်သည်။ အထူးသဖြင့်ကျွန်ုပ်တို့ဟာ ကမ္ဘာကြီးပျက်စီးမှုများကိုဖြစ်ပေါ်စေသောအဓိက တာဝန်ရှိသူများဖြစ်သည်။




နေ့စဉ်စွန့်ပစ်ပစ္စည်းများနှင့် ပလက်စတစ်အသုံးပြုမှု လျော့ချခြင်းဖြင့် ကမ္ဘာကြီးညစ်ညမ်းလာမှုကို ကာကွယ်လိုက်ပါ။ သာယာလှပသော ကမ္ဘာကြီးပြန်ဖြစ်လာစေဖို့ လူသားအားလုံးအတူတကွ ပူးပေါင်းပြီး လုပ်ဆောင်ကြစေလိုပါတယ်။