ကမ္ဘာကျော်အထိမ်းအမှတ်အဆောက်အဦး များရဲ့နောက်ကွယ်ကဇာတ်လမ်းများ

ရှေးအတိတ်ကာလ ရဲ့ ကြီးမားသော အထိမ်းအမှတ်အဆောက်အအုံများ ၏ နောက်ကွယ်၌ မည့်သည့်အတွေးအခေါ် အိုင်ဒီယာများရှိခဲ့သည်ကို သင်စဉ်းစားဖူးပါသလား။ဒီဆောင်းပါးထဲမှာတော့နောက်ကွယ်ကထိုဇာတ်လမ်းတွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁)အီဂျစ်နိုင်ငံက Giza ပိရမစ်များ

အီဂျစ်ရှိပိရမစ်များဟာ မူလအစတွင် တောက်ပပြီးရောင်ပြန်ဟပ်သည့် အဖြူ‌ရောင်ထုံးကျောက် အလွှာ‌များဖြင့်ဖုံးအုပ်ထားပါတယ်။ယခုလို ပြုလုပ်ခဲ့ခြင်းဟာ တကယ့်ကိုပြောင်လက်ပြီး သိသာစွာ မြင်ယောင်မိစေပြီး ဖာရိုဘုရင်ရဲ့ ထူးခြားသော အမှတ်အသားတစ်ခုဖြစ်ပါလိမ့်မယ်။ ( သို့မဟုတ် ကြီးမားသော ဆိုလာ ဘက်ထရီများဖြစ်လိမ့်မည်ဟု အချို့ ကျွမ်းကျင်သူများကပြောခဲ့ပါတယ်)။ ဒီပိရမစ်များကို အစ္စရေးတောင်ပေါ်(သို့မဟုတ်) အာကာသ မှပင်မြင်တွေ့‌ရပါတယ်။ ကံမကောင်းစွာဖြင့် ၁၃၀၁ ခုနှစ်တွင်ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပိရမစ်၏အပြင်ဘက်အဖြူ‌ရောင် ကျောက်တုံးများပျက်စီးခဲ့ရပါတယ်။

(၂)စပိန်နိုင်ငံရှိ Sagrada Família ခရစ်ယန်ဘုရားကျောင်း


ဒီနာမည်ကြီး ကျော်ကြားတဲ့ ချာ့ချ်ဘုရားကျောင်း ကို ၁၈၈၂ တွင်စတင်တည်ဆောက်ခဲ့ပါတယ်။၎င်းချာ့ချ်ကျောင်းကို ပြုလုပ်ခဲ့သူ Antoni Gaudí၏ တွက်ချက်မှုအရဆောက်လုပ်ရေးဟာ ၁၉ ရာစုအကုန်ပိုင်း၌ရရှိနိုင်သောနည်းပညာကို အသုံးပြုပြီး အပြီးသတ်ရန် ရာစုနှစ် ၃-၄ ရာစုနှစ်ကြာလိမ့်မည်ဟုဆိုပါတယ်။တည်ဆောက်ရေးစီမံကိန်း ဟာ ဆောက်လုပ်ရေးတွင် ကုန်ကျမည့်ငွေကြေးများ နှင့် အလုပ်သမားများကို အလှူခံရသောငွေ၊ရန်ပုံငွေများဖြင့်သာ ထောက်ပံ့နေရသောကြောင့် စီမံကိန်းသာ အလွန်ကြာရှည်နေရခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်စရာကောင်းတာက ယနေ့ခေတ် နည်းပညာကို သုံးပြီးဆောက်လုပ်ရေးကို ၂၀၂၆ မှာပြီးအောင်လုပ်ဖို့စီစဉ်ထားကြပါတယ်။

(၃)အီတလီနိုင်ငံရှိ The Colosseum


ကျော်ကြားသော Colosseum ကို အေဒီ ၁ ရာစုတွင်တည်ဆောက်ခဲ့ပါတယ်။ ဒီအဆောက်အဦးကြီးဟာ ရှေးနှစ်ပေါင်းတစ်ထောင်‌ကျော်ကြာရှိပြီဖြစ်တဲ့ ရှေးခေတ်ကမ္ဘာက ခမ်းနားထည်ဝါသော ဗိသုကာ လက်ရာများ နှင့် အနည်းငယ်ပျက်စီးနေပင်မဲ့ မူရင်းအသွင်အပြင်ကိုထိန်းထားနိုင်ခဲ့ပါတယ်။ ၁၄ ရာစုအလယ်ပိုင်းတွင် ရောမမြို့၌ ပြင်းထန်သောငလျင်တစ်ခု‌ကြောင့် အဆောက်အုံ၏ အထူးသဖြင့် တောင်ဘက်ခြမ်းတွင်တစ်စိတ်တစ်ပိုင်းပြိုကျစေခဲ့ပါတယ်။ပြီးနောက် Colosseum ဟာ ဆောက်လုပ်ရေးပစ္စည်းအသစ်များဖြင့် ပုံစံတစ်မျိုးကို စတင်မြင်တွေ့ခဲ့ရပါတယ်။ကံမကောင်းတဲ့ အဖြစ်ပျက်ဆိုးစမ်းသပ်ချက်များ ခံခဲ့ရပင်မဲ့လည်း ဗိသုကာ လောကတွင် အံဖွယ်တစ်ခုဖြစ်နေဆဲပင်ဖြစ်ပါတယ်။

(၄)အိန္ဒိယမျှော်စင် (The Indian tower)

အိန္ဒိယတာဝါဟာ မွန်ဘိုင်းမြို့တွင် ဆောက်လုပ်တဲ့အလွန်မြင့်မားသောမိုးမျှော်တိုက်ကြီးတစ်ခုဖြစ်ပါတယ်။၎င်းဟာ ဒူဘိုင်းရှိ Burj Khalifa ပြီးလျှင် ကမ္ဘာပေါ်တွင်ဒုတိယအမြင့်ဆုံးအဆောက်အအုံဖြစ်လာလိမ့်မည်ဟုမျှော်မှန်းထားပါတယ်။Georgio Armani ကိုယ်တိုင်အတွင်းပိုင်းဒီဇိုင်းများအတွက် စီမံလုပ်ကိုင်ခဲ့ပါသည်။ သို့သော် ၂၀၁၁ ခုနှစ်တွင်ဆောက်လုပ်ရေးလုပ်ငန်းကိုရပ်ဆိုင်းခဲ့ရပါတယ်။

(၅)ဂရိနိုင်ငံ ရှိ The Parthenon

ပါဖုန်နွန်သည် ရှေးဟောင်းအဆောက်အအုံများထဲမှကျွန်ုပ်တို့အတွက် ထင်ရှားအကျော်ကြားဆုံးဗိသုကာအထိမ်းအမှတ်အဆောက်အဦးတစ်ခု ဖြစ်ပါတယ်။ဘုရား‌ကျောင်းကို ရှေးခေတ်ဂရိလူမျိုးများက အေသင်မြို့၏တည်နေရာတွင်နတ်ဘုရားမ အသီနာအတွက် တည်ဆောက်ခဲ့ကြပြီး အလွန်ရူပ်ထွေးတဲ့ သမိုင်းကြောင်းရှိပါတယ်။ ရံဖန်ရံခါတွင်ရက်စက်ကြမ်းကြုတ်သော အာဏာရှင်များ၏လက်စားချေမှုများ၊ ပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုများ၊ စစ်တပ်တိုက်ခိုက်မှုများ၊ လုယက်ခြင်းများ၊ မီးလောင်ခြင်း၊နှင့် အရင်တစ်ချိန်က ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၊ ဗလီဝတ်ပြုကျောင်းတော်အဖြစ် အမျိုးမျိုး ဖြစ်ပျက်ခဲ့ရပါတယ်။ကံမကောင်းစွာဖြင့်ယ‌နေ့ခေတ် တွင်ဘုရားကျောင်းဟာ တစ်စိတ်တစ်ပိုင်းပျက်စီးနေသောအခြေအနေတွင်ရှိနေပါတယ်။

Leave a Comment