ကြောက်စရာကောင်းတဲ့ဖြစ်ရပ်မှန်သရဲဇာတ်လမ်းများ

ယခုဖော်ပြပေးမယ့်သရဲဇာတ်လမ်းများဟာ ကျွန်တော်တို့အတွက်စိတ်မနှလုံးမချမ်းမြေ့စရာတွေဖြစ်နိုင်တဲ့ဆိုတဲ့အကြောင်းကိုအရင်ဦးစွာသတိပေးပါရစေ။သင်လဲဘဲဒီလိုကြောက်စရာကောင်းတဲ့နေရာတွေမှာနေထိုင်ကောင်းနေထိုင်နေနိုင်ပါတယ်။ဘာလို့ဆိုသရဲတစ္ဆတွေဆိုတာအချိန်မရွေးနေရာဒေသမရွေးရှိနေတတ်ကြလို့ပါ။ဒါဆိုရင်တော့ယခုဖော်ပြပေးမယ့်သရဲဇာတ်လမ်းတွေကဘာတွေဖြစ်မလဲဆိုတာဆက်လက်ဖတ်ရှုကြည့်လိုက်ရအောင်။
(၁)Sloss Furnaces | Birmingham, Alabama

credit photo

Birmingham, ALကိုတော့ ၁၈၇၁ခုနှစ်မှာတည်ထောင်ခဲ့ပြီး အမေရိကန်ပြည်တွင်းစစ်ကြီးအပြီး ၅နှစ်အကြာမှာတော့ပြိုကျနေတဲ့အခြေခံအဆောက်အဦးတွေကိုပြန်လည်ပြုပြင်ဖို့အတွက် သံတန်ချိန်များစွာလိုအပ်ခဲ့ပါတယ်။ဝယ်လိုအားကိုဖြည့်ဆည်းနိုင်ဖို့အတွက် ဗိုလ်မှူးကြီး ames Withers Sloss ဟာ Sloss Furnaces သံ စက်ရုံကိုစတင်တည်ထောင်ခဲ့ပါတယ်။တစ်နှစ်အကြာမှာကုမ္ဗဏီဟာအလုပ်သမားရာပေါင်းများစွာကိုအလုပ်တွေပေးနိုင်ခဲ့ပါတယ်။ပေါက်ကွဲအားပြင်းထန်လှတဲ့မီးပြင်းဖိုတွေအနီးမှာအလုပ်လုပ်ရတာအလွန်အန္တာရာယ်ရှိလှပြီးကျွမ်းကျင်မှုတွေလည်းများစွာလိုအပ်ပါတယ်။ထိုအန္တာရာယ်ဟာမကြာခင်မှာဘဲအမှန်ဖြစ်လာပါတော့တယ်။အလုပ်သမားများစွာအပေါ်ကိုမီးပြင်ဖိုကြီးမှောက်ကျကာ အရှင်လတ်လတ်မီးမြိုက်ခံရကာသေပွဲဝင်ခဲ့ကြရပါတယ်။ရက်စက်တတ်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ James “Slag” Wormwood အလုပ်ဝင်ခဲ့တဲ့ ၁၉၀၀ပြည့်နှစ်အစောပိုင်းကာလမှာ စက်ရုံဟာအခြေနေပိုဆိုးလာခဲ့ပါတယ်။Reader’s Digest ရဲ့ အဆိုအရ Wormwood ဟာကုန်ထုတ်လုပ်မှုကိုမြင့်တင်ဖို့အတွက် အန္တာရာယ်များတဲ့အရာတွေကိုအလုပ်သမားတွေကိုခိုင်းစေခဲ့ပါတယ်။ရလာဒ်အနေနဲ့ ဝန်ထမ်း ၅၀ကျော်လောက်ဟာ ထိုဖြစ်ရပ်ဆိုးထဲမှာသေဆုံးခဲ့ကြပြီး များစွာသောအလုပ်သမားတွေဟာထိုမတော်တဆမှုမှာထိခိုက်ဒါဏ်ရာရခဲ့ကြပါတယ်။ထိုဖြစ်ရပ်ကိုလက်စားချေတဲ့အနေနဲ့ အလုပ်သမားတွေဟာ ၁၉၀၆ခုနှစ်မှာ Wormwood အား သံရည်ကြိုတဲ့မီးပြင်းဖိုထဲကိုပစ်ချကာသတ်ပစ်ခဲ့ကြပါတယ်။ထိုနေရာဟာယနေ့အချိန်ထိသရဲခြောက်တဲ့နေရာဖြစ်နာမည်ကြီးလျက်ပါတယ်။အလုပ်သမားတွေရဲ့ အလုပ်လုပ်သံတွေနဲ့ညဘက်မှာဆူညံနေသလို တစ်ခါတစ်လေ Wormwood ရဲ့ အလုပ်သမားတွေအလုပ်လုပ်ရန်အတွက် ကြိမ်းမောင်းနေတာကိုပါကြားရတတ်တယ်လို့ဆိုပါတယ်။

(၂)နယူးယောက်မြို့ဒါကိုတာမှငိုနေတဲ့အမျိုးသမီး

credit photo

နယူးယောက်မြို့ရှိ တိုက်ခန်းအိမ်ယာအဆောက်အဦးတစ်ခုဖြစ်တဲ့ဒါကိုတာကိုတော့၁၈၈၄ခုနှစ်တွင်ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျော်ကြားပြီးချမ်းသာတဲ့ဒေသခံတွေရဲ့နေအိမ်အဆောက်အဦးတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ John Lennon နဲ့ Yoko Ono တို့နှစ်ဦးဟာ ၁၉၇၃ခုနှစ်မှာထိုအဆောက်အဦးသို့ပြောင်းရွေ့နေထိုင်ခဲ့ပြီး ၁၉၈၀ ခုနှစ် ဒီဇင်ဘာ ၈ရက်နေ့မှာတော့ ဂျွန်ဟာ ထိုအဆောင်အဦးရဲ့ အပြင်နားမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ဂျွန်မသေဆုံးခင်မှာ သူဟာ ခန်းမတစ်ခုထဲမှာ ငိုပြီးလျောက်သွားနေတဲ့သရဲအမျိုးသမီးတစ်ဦးကိုတွေ့ခဲ့တယ်လို့ဆိုပါတယ်။ဂျွန်သေပြီးနောက်သူမရဲ့ ဝိညာဉ်ဟာသူမရဲ့ ဆန္ဒယားနားမှာလာထိုင်နေတာကိုတွေ့ခဲ့တယ်လို့ ထိုအဆောက်အဦးမှာကျန်နေခဲ့တဲ့ သူမရဲ့အဖော်ဖြစ်သူ Yoko ကပြောဆိုခဲ့ပါတယ်။Yoko ပြောတာကတော့ ဂျွန်ဟာသူ့ကို မင်းမကြောက်နဲ့ငါမင်းနဲ့အတူရှိနေတုန်းဘဲလို့လာပြောခဲ့တယ်လို့ဆိုပါတယ်။

(၃)Bell Witch၊Adams, Tennessee

credit photo

အကယ်၍သင်ဟာကြောက်စရာကောင်းတဲ့ရုပ်ရှင်တွေကိုကြိုက်နှစ်သက်သူတစ်ယောက်ဆိုပါက Bell Witch အကြောင်းကိုသင်သိမှာပါ။An American Haunting နှင့် The Blair Witch Project လို့ခေါ်တဲ့ဇာတ်ကားနှစ်ခုလုံးဟာ ထိုအကြောင်းကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။၁၈၀၀ ခုနှစ်များအစောပိုင်းတွင် John Bell အမည်ရှိအမျိုးသားတစ် ဦး ဟာသူ၏မိသားစုအား Red River ဟုခေါ်သော Tennessee ပြည်နယ်၊ ယခုအဒမ် Tennessee ဟုလူသိများသောဒေသတစ်ခုသို့ပြောင်းရွှေ့ခဲ့ပါတယ်။သူတို့ထိုနေရာအသစ်မှာ စတင်အခြေချပြီးနောက်မှာတော့ ထူးဆန်းတဲ့အရာတွေကိုကြုံတွေ့ခဲ့ရပါတယ်။သူတို့မိသားစုဟာ ခွေးဟောင်တာတွေ၊ချိန်းကြိုးဆွဲနေတဲ့အသံတွေ၊ကြွက်တွေတစ်ခုခုကိုကိုက်စားနေတာတွေနဲ့ အမျိုးသမီးတစ်ဦးရဲ့ တီးတိုးစကားပြောနေသံစတဲ့ ခြောက်ခြားစရာအသံတွေကိုကြားခဲ့ရပါတယ်။မကြာခင်မှာတော့ သူတို့ဟာ Bell Witch လို့သိကြတဲ့ ထိုအမျိုးသမီးကိုသိလာခဲ့ပါတယ်။လူအများယုံကြည်ကြတာကတော့ ထိုအမျိုးသမီးဟာ သူတို့ရဲ့အိမ်ဘေးက ယခင်အိမ်ပိုင်ရှင်အမျိုးသမီး Kate Batts ရဲ့ ဝိညာဉ်ဖြစ်တယ်လို့ဆိုကြပါတယ်။Batts နှင့် Bells တို့မိသားစုဟာ မြေယာပိုင်ဆိုင်မှုနဲ့ အငြင်းပွားခဲ့ကြကြီး Batts မသေဆုံးခင်မှာ သူမတို့မိသားစုကိုကြိမ်စာတိုက်ခဲ့ပါတယ်။နောက်တော့ Bells ဟာ အဆိပ်သင့်သေဆုံးခဲ့ပြီးယခုဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေဟာ စုန်းမ Bells ရဲ့ စနက်တွေဖြစ်တယ်လို့ဆိုကြပါတယ်။

Leave a Comment