NIH ရဲ့လေ့လာချက်များအရ နိုးထနေတဲ့အချိန် အသက် ၇၀အောက်လူများရဲ့ပုံမှန်အောက်ဆီဂျင် level ဟာ ၉၆% ကနေ ၉၈% ရှိနေတာကိုတွေ့ရပြီ အသက် ၇၀ အထက်အရွယ်တွေကတော့ ၉၄% ရှိနေတာကိုလေ့လာတွေ့ရှိခဲ့ပါတယ်။ကျွန်တော်တို့ရဲ့အောက်ဆီဂျင် Level ဟာအကယ်၍ ၈၄% ပတ်လည်ကိုရောက်ရှိလာပါက ကျွန်တော်တို့ဟာသတိထားရတော့မှာဖြစ်ပါတယ်။လေထုညစ်ညမ်းလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ပတ်ဝန်ကျင်ဟာတဖြည်းဖြည်းနဲ့ယိုယွင်းပျက်စီးလာပါတယ်။ကျွန်တော်တို့တွေဟာလေထုညစ်ညမ်းမှုကိုကာကွယ်ရန်နှင့်သန့်စင်သောလေကိုလုံလုံလောက်လောက်ရရှိဖို့အတွက် အိမ်တွင်းမှာအောက်ဆီဂျင်ပမာဏများစွာထုတ်ပေးတဲ့ အပင်တွေကိုစိုက်ပျိုးရမှာဖြစ်ပါတယ်။ယခုဖော်ပြပေးမှာကတော့လေထုသန့်ရှင်းစေဖို့နဲ့အောက်ဆီဂျင်တွေထုတ်လုပ်ရာမှာအားပေးသောအိမ်တွင်းမှာစိုက်ပျိူးသင့်တဲ့အပင်တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁)ရှားစောင်းလက်ပတ်

ရှားစောင်းလတ်ပတ်ပင်ကိုတော့ ကျွန်တော်တို့ရဲ့အသားရေအတွက်ကောင်းကျိုးပြုတဲအပင်တစ်ခုအဖြစ်လူသိများကြပါတယ်။ထိုအပြင်ဆေးဘက်ဆိုင်ရာတွေကိုအကျိုးပြုတဲ့ဆေးပင်တစ်ပင်အဖြစ်လည်းသိကြပါသေးတယ်။ရှားစောင်းလတ်ပတ်ဟာ လေထုထဲက ဘင်ဇင်နဲ့ဖော်မယ်ဒီဟိုက်တွေကိုဖယ်ရှားပေးတာကြောင့်လေထုကိုသန့်စင်ပေးတဲ့အပင်ကောင်းတစ်ခုဖြစ်ပါတယ်။ထို့အပြင်၎င်းဟာညဘက်မှာအောက်ဆီဂျင်တွေကိုထုတ်လွှတ်ပေးတာကြောင့်အိမ်တွင်းစိုက်ပျိုးသင့်တဲ့အပင်ကောင်းတစ်ခုဖြစ်ပါတယ်။
(၂)ရွှေလာငွေလာဂမုန်း
ရွှေလာငွေလာပင်မှာ လှပပြီးအသဲပုံနဲ့တူတဲ့အရွက်တွေရှိကာထိန်းသိမ်းရတာလည်းလွယ်ကူပါတယ်။ထိုအပင်ဟာအိမ်တွင်းမှာရှိတဲ့ အောက်ဆီဂျင်အရည်အသွေးကောင်းမွန်အောင်လုပ်နိုင်စွမ်းရှိတဲ့အပင်တစ်မျိူးဖြစ်ပါတယ်။ထိုအပင်ဟာလေထုထဲကအဆိပ်အတောက်ဖြစ်စေတဲ့ ဖော်မယ်ဒီဟိုက်၊ဘင်ဇင်နဲ့ ကာဗွန်မိုနှောက်ဆိုဒ်တွေကိုဖယ်ထုတ်ပေးပါတယ်။ထိုအပင်လည်းဘဲညဘက်မှာအောက်ဆီဂျင်ကိုထုတ်လွှတ်ပေးပြီး အိမ်တွင်းမှာစိုက်ပျိုးထားသင့်တဲ့အပင်တစ်ပင်ဖြစ်ပါတယ်။
(၃)ပင့်ကူဂမုန်း

ပင့်ကူဂမုန်းဟာအိမ်တွင်းမှာစိုက်ပျိုးဖို့အလွယ်ကူဆုံးအပင်တစ်ပင်လည်းဖြစ်ပါတယ်။ပင့်ကူဂမုန်းဟာလည်းအခြားအပင်များနည်းတူလေထုထဲကအဆိပ်အတောက်ဖြစ်စေတဲ့ ဖော်မယ်ဒီဟိုက်၊ဘင်ဇင်နဲ့ ကာဗွန်မိုနှောက်ဆိုဒ်တွေကိုဖယ်ထုတ်ပေးပါတယ်။ပင့်ကူဂမုန်းဟာလည်းအိမ်တွင်းမှာစိုက်ပျိုးသင့်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်။
(၄)အုန်းပွားပင်

အုန်းပွားပင်ဟာညစ်ညမ်းနေတဲ့လေထုကိုစုပ်ယူပေးနိုင်တဲ့အပင်တစ်ခုအဖြစ်လူသိများပါတယ်။အုန်းပွားပင်ဟာလေထုထဲကညစ်ညမ်းမှုတွေကိုစုပ်ယူနိုင်ယုံသာမက ကလေးငယ်နဲ့သန္ဓေသားဖွံ့ဖြိုးမှုတွေကိုပါအထောက်အကူပြုပါတယ်။ထို့အပြင်ထိုအပင်ကိုအိမ်မှာစိုက်ပျိုးထားပါက ဦးနှောက်နဲ့အာရုံကြောစနစ်ကိုပါ အားကောင်းစေပါတယ်။
(၅)နဂါးစက်ဂမုန်း

လေသန့်စင်ပေးနိုင်တဲ့အရွက်တွေရှိတဲ့နဂါးစက်ဂမုန်းဟာ အိမ်တွင်းစိုက်ပျိုးသင့်တဲ့နှစ်လိုဖွယ်ကောင်းသောအပင်တစ်ပင်ဖြစ်ပါတယ်။ထိုအပင်ဟာနာဆာကအကြံပြုထားတဲ့လေသန့်စင်ပေးတဲ့အပင်တစ်ပင်ဖြစ်ကာလေထုထဲမှာပါရှိတဲ့ ဖော်မယ်ဒီဟိုက်၊နိုက်ထရိုဂျင်အောက်ဆိုဒ်၊ဘင်ဇင်၊ဇိုင်လင်းနဲ့ထရီကလိုရိုသိုင်လင်းစတဲ့ဓာတ်တွေကိုဖယ်ရှားပေးပါတယ်။ထိုပင်ကိုတော့ အခန်းထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကိုဖယ်ရှားကာအောက်ဆီဂျင်ထုတ်လွှတ်ပေးတဲ့အပင်တစ်ခုအဖြစ်သိကြပါတယ်။