အသားတွေကိုအလွန်အကျွံစားတဲ့အခါဖြစ်ပေါ်လာမယ့်ဆိုးကျိုးများ

အသား ဟာ လူတစ်ယောက်ရဲ့အစားစာတွင် အရေးပါတဲ့ အစိတ်ပိုင်းတစ်ခုဖြစ်သော်လည်း အလွန်ကျွံစားမိပါက သင့်ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေပါတယ်။ သင့်ရဲ့နေ့လည်စာမှာစားတဲ့ အသားဟင်းကို လုံးဝ မစားသင့်ဘူးလို့မဆိုလိုပါဘူး ၊ သို့သော် အသားအလွန်ကျွံစားခြင်းဟာ သင့်ခန္ဓာကိုယ်ကို ဘယ်လိုဖြစ်စေနိုင်လဲဆိုတာ အသိပေးခြင်းဖြစ်ပါတယ်။

(၁)ကျောက်ကပ်ကျောက်တည်ခြင်း

© depositphotos.com

တိရစ္ဆာန်တွေရဲ့ အသားမှာ များစွာပါဝင်တဲ့ ပရိုတင်း ကွန်ပေါင်းကို purines လို့ခေါ်ပါတယ်။အဲ့ဒီ ပရိုတင်းများဟာ ယူရစ်(uric) အက်စစ်ထဲသို့ ပျောဝင် ပြိုကွဲသွားပြီး အဲ့‌ဒီအက်စစ်ကို များစွာစားသုံးမိပါက ကျောက်ကပ်တွင် ကျောက်တည်ခြင်းကို ပိုမိုဖြစ်စေပါတယ်။ ဒီအချက်ကိုတော့ သင်ရဲ့ အသားစားခြင်းကိုကန့်သတ်ထားပြီး ၊ ရေများများသောက်ခြင်းဖြင့် ရှောင်ရှားနိုင်ပါတယ်။

(၂)ရေဓာတ်ခမ်းခြောက်စေခြင်း

© shutterstock.com

အပေါ်တွင် ပြောခဲ့တဲ့ယူရစ်အက်စစ်ပိုလျှံမှုကြောင့်သင်ဟာပုံမှန်ထက်ရေငတ်သလိုခံစားမိစေပါလိမ့်မယ်။သင့်ရဲ့ကျောက်ကပ်ဟာ အဆိပ်တောက်ဖြစ်စေမဲ့ အရာများကို ရှင်းထုတ်ရန် ရေကို လိုအပ်ပါတယ်။ထို့ကြောင့် အသားများစွာစားမိလျှင် ရေကို အချိန်တိုင်းသောက်သုံးပေးသင့်ပါတယ်။

(၃)၀မ်းချုပ်စေနိုင်ခြင်း

© depositphotos.com, © depositphotos.com

အသားပါ၀င်တဲ့အစားစာများဟာ ပရိုတင်းဓာတ်များစွာပါဝင်ပြီး အမျှင်ဓာတ်ကြွယ်ဝစွာ မပါဝင်ပါဘူး။ အမျှင်ဓာတ်ကို ပုံမှန်အားဖြင့် ဟင်းသီးဟင်ရွက်၊ အသီးအနှံ နှင့် အစေ့ မှ ရရှိပြီး သင့်ရဲ့ နေ့စဉ်အစားအစာတွင် အမျိုးစုံထည့်သွင်းစားသုံးသင့်ပါတယ်။ ဝမ်းချုပ်ခြင်း နှင့် ဗိုက်အောင့်ဗိုက်နာ ဖြစ်ခြင်းဟာ အမျှင်ဓာတ်စားသုံးမှု လျော့နည်းနေခြင်းရဲ့ ပထမဆုံး လက္ခဏာဖြစ်ပါတယ်။

(၄)ခေါင်းကိုက်စေနိုင်ခြင်း

© depositphotos.com

ရေဓာတ်ခမ်းခြောက် ခြင်းကြောင့် ခေါင်းကိုက်ခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။ဆိုလိုသည်မှာ ခန္ဓာကိုယ်ထဲက သွေးများပျစ်လားပြီး ဦးနှောက်ထဲသို့ အောက်စီဂျင်ဝင်ရောက်မှုနည်းပါးခြင်းဖြစ်ပါတယ်။အသားနှင့်ပြုလုပ်‌သော ထုတ်ကုန်များဖြစ်တဲ့ ဟော့ဒေါ့ နှင့် ဆာလမီအသားပြားဟာ နိုက်ထရိတ်များပါဝင်ပြီး သွေးစီးမှုကို တိုးစေပါတယ်။

(၅)နှလုံး ပြသာနာများဖြစ်စေနိုင်ခြင်း

© shutterstock.com

သင့်ရဲ့အစားစာ ထဲတွင် အမျှင်ဓာတ်များစွာ ပါဝင်လေလေ ၊ သင့်ရဲ့ နှလုံးကို ပိုမိုကာကွယ်နိုင်လေ ဖြစ်ပါတယ်။ အသားကို များစွာစားသုံးမိလျှင် သင်၏ အမျှင် ဓာတ်ဟာ လျော့နည်းပြီး မမြင့်မားတော့ပါဘူး။ အနီရောင်အသားများဟာ အထူးသဖြင့် သင့်ရဲ့နှလုံးကိုထိခိုက်စေနိုင်ပါတယ်။ ၎င်း တွင် ပြည့်၀အဆီများစွာပါ၀င်သောကြောင့် သင့်နှလုံးနဲ့ပတ်သက်တဲ့ ပြသာနာများကို သုံးဆပိုဖြစ်စေမှာပါ။ပြည့်နှက်နေသောအဆီများ ဟာ ကိုလက်စထရော (LDL) ပမာဏကိုမြင့်တက်စေသောကြောင့်ဖြစ်ပါတယ်။

(၆)မကြာခဏ ဖျားနာ စေနိုင်ခြင်း

© depositphotos.com, © depositphotos.com

အဆီများစွာ ပါဝင်တဲ့ အနီရောင်အသားများတွင် ခန္ဓာကိုယ်တွင်လိုအပ်သည့် antioxidant များမပါဝင်ပါဘူး။အများအားဖြင့်အသီးများနှင့်ဟင်းသီးဟင်းရွက်များတွင် antioxidants များစွာပါရှိပါတယ်၊ “ရောင်စုံ” အစားအစာရှိဖို့ အရေးကြီးတယ်ဒါကြောင့်ပါပဲ။

Leave a Comment