ဝက်ခြံအမာရွတ်တွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ အသီးအနှံ ( ၇ ) မျိုး

ဝက်ခြံများထွက်ခြင်းကြောင့် မျက်နှာပေါ်က အရေပြားနှင့်တစ်ရှူးများကို ပျက်စီးစေပြီး ခန္ဓာကိုယ်က ဒီပျက်စီးမှုကို ပြုပြင်ဖို့ ကော်လဂျင်တွေထုတ်လွှတ်ရပါတယ်။ အကယ်၍ ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ ကော်လဂျင်များဟာ အလွန်နဲသွားရင်ဖြစ်ဖြစ် များသွားရင်ဖြစ်ဖြစ် မျက်နှာပေါ်မှာ အမာရွတ်ပုံစံများဖြင့်ပေါ်လာတတ်ပါတယ်။ အလှကုန်ပစ္စည်းများဟာ ဝက်ခြံအမာရွတ်တွေကို ကုသနိုင်သောလဲ ဘေးထွက်ဆိုးကျိုးများရှိတတ်ပါတယ်။ ယခုဖေါ်ပြပေးမှာကတော့ ဝက်ခြံကြောင့်ဖြစ်ပေါ်လာတဲ့ အမာရွတ်များကို ပျောက်ကင်းသက်သာစေပြီး အလွယ်တကူလဲ ရှာဖွေလို့ရတဲ့ သစ်သီးနှံများဖြစ်ပါတယ်။

၁။ ရွှေဖရုံသီး ( Pumpkin )

ရွှေဖရုံသီးဟာ နိုင်ဆင်း၊ဖောလိတ်၊ဗီတာမင်အေ၊ဗီတာမင်ဘီနဲ့ ဇင့်ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။နိုင်ဆင်းနဲ့ဖော်လိတ်ဟာသွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး၊ဆဲလ်အသစ်တွေလည်းပြန်လည်ဖြစ်ပေါ်စေကာ ဝက်ခြံကုသရာမှာလည်းအလွန်ကောင်းမွန်ပါတယ်။ရွှေဖရုံသီးရဲ့အစေ့မှာတော့ ဇင့်ဓာတ်ပါဝင်ပြီးဟော်မုန်းပမာဏထိန်းချုပ်ရာမှာကူညီပေးကာအဆီထုတ်လုပ်တာနဲ့အရေပြားစိုပြေနေစေဖို့အတွက်လည်းထောက်ပံပေးပါတယ်။

၂။ ကိုက်လန်ရွက် ( Kale )

ကိုက်လန်ရွက် ( Kale ) ဟာ ဗီတာမင် C နဲ့ ဗီတာမင် K တို့ပေါများစွာပါဝင်တာကြောင့် ကောပါးနှင့်အိုင်းရင်းဓါတ်တို့အတွက် အရမ်းကောင်းပါတယ်။ ကိုက်လန်ရွက် ထဲရှိဗီတာမင်များ၊ ဓာတ်သတ္တုများနှင့် antioxidants များသည် hyperpigmentation ကိုလျော့နည်းစေပြီး သင့်အသားအရေကို ထိန်းသိမ်းရန်အတွက် များစွာအကူအညီဖြစ်စေပါတယ်။ ဗီတာမင် K သည် သင်၏အရေပြားပေါ်ရှိအစက်အပြောက်များကို လျှော့ချပေးနိုင်ပါသည်။ သံဓါတ်က ဝက်ခြံအမာရွတ်များနှင့်အနာများအပါအ၀င် မျက်နှာပေါ်က အမာရွတ်များကိုကုသပေးနိုင်ပါသည်။

၃။ ရှောက်သီး (Lemon )

ရှောက်သီး ဟာသဘာဝအရ ဒါဏ်ရာတွေကိုသွေးတိတ်စေကာ အသားအရေကိုတင်းရင်းစေပြီး အညစ်အကြေးတွေကိုလည်းတိုက်ထုတ်ပေးပါတယ်။ ရှောက်သီးရဲ့ အခွံမှာflavonoids ပါဝင်ပြီး ထိုအရာကသင့်ရဲ့အရေပြားအပေါ် anticarcinogeni သက်ရောက်မှုမှကာကွယ်ပေးပါတယ်။ သင့်ရဲ့တစ်နေ့တာအစမှာ ရှောက်သီးကိုရေနွေးထဲမှာထည့်ဖျော်ပြီးသောက်ပေးခြင်း သို့မဟုတ်အသုတ်တွေထဲမှာရှောက်သီးကို အရည်ညစ်ကာအသုံးပြုပေးခြင်းအားဖြင့် ကျန်းမာပြီး စိုပြေတဲ့အသားရေကိုရရှိနိုင်မှာဖြစ်ပါတယ်။

၄။ ကန်စွန်းဥ ( Sweet Potato )

ကန်စွန်းဥတွင် retinol နှင့် beta-carotene တို့ပါဝင်သည်။ သင်၏ခန္ဓာကိုယ်သည် beta-carotene ကို ဗီတာမင်အေ အဖြစ်သို့ပြောင်းလဲပေးသည်။ ဤဗီတာမင်သည် မကြာခဏအရောင်ပြောင်းခြင်း၊ ရောင်ရမ်းခြင်းနှင့်မျက်နှာပေါ်က အစက်အပေါက်များကိုကာကွယ်ရန်အရေပြားအတားအဆီးတစ်ခုဖြစ်သည်။ Retinol သည်အလှအပထုတ်ကုန်များစွာတွင် အဓိကပါဝင်သောအရာဖြစ်ပြီး ၎င်းသည် hyperpigmentation, ဝက်ခြံ၊ ဒဏ်ရာများနှင့်အမာရွတ်များကို တိုက်ဖျက်နိုင်သောကြောင့်ဖြစ်သည်။ စျေးကြီးတဲ့အလှကုန်တွေ ၀ယ်မယ့်အစား သင့်ရဲ့အစားအစာထဲကို ကန်စွန်းဥတွေကိုထည့်စားပေးနိုင်ပါတယ်။

၅။ သင်္ဘောသီး ( Papaya )

သင်္ဘောသီးဟာ အစာခြေအမ်ဇိုင်းတစ်မျိုးဖြစ်တဲ့ papainဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ Papainဓာတ်ဟာအရေးပြားပေါ်မှဆဲလ်သေတွေကိုဖယ်ရှားပေးကာချွေးပေါက်တွေကိုကျဉ်းစေပြီး ဝက်ခြံတွေကိုလည်းပါးစေပါတယ်။၎င်းဟာအရေပြားကိုရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီးနောက်ထပ်ဝက်ခြံတွေထက်မထွက်အောင်လည်းကာကွယ်တားဆီးပေးပါတယ်။

၆။ ပန်းဂေါ်ဖီ ( Cauliflower )

ပန်းဂေါ်ဖီဟာဗီတာမင်စီရဲ့အရင်းအမြစ်တစ်ခုဖြစ်ပြီး histidineလို့ခေါ်တဲ့အားကောင်းတဲ့ အမိုင်နိုအက်စစ်ဓာတ်တွေပါဝင်ပါတယ်။histidine ဟာအသားရေအတွက်အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေကာကွယ်ပေးပြီး ထိုအရာဟာအမဲစက်ဖြစ်ပေါ်မှုကိုဆိုးရွားစေနိုင်ပါတယ်။ဗီတာမင်စီကတော့ဖြစ်ပေါ်လာတဲ့ပျက်ဆီးမှုတွေကို တိုက်ဖျက်ပေးပြီး၊သင့်ခန္ဓာကိုယ်ကသံဓာတ်စုပ်ယူမှုတွေကိုကူညီပေူကာအမာရွတ်တွေကိုသက်သာစေပါတယ်။

၇။ Quinoa အစေ့


Quinoa ဟာတောင်အမေရိကမှထွက်ရှိသောချက်စားလို့ရသည့်အစေ့တစ်မျိုးဖြစ်ပြီး မြန်မာပြည်မှာတော့ကုန်တိုက်အချို့မှာရနိုင်ပါတယ်။Quinoaမှာတော့ ဗီတာမင် B3 ပါဝင်ပါတယ်။niacinamide လို့သိကြတဲ့ ဗီတာမင် B3 ဟာဝက်ခြံနဲ့ နှင်းခူကြောင့်ဖြစ်ရတဲ့ အရေပြားယားယံခြငိးတွေကိုသက်သာစေပါတယ်။Quinoa တွင်တွေ့ရသော Ecdysteroids ဟာဝက်ခြံကြောင့်ဖြစ်ရသောအမာရွတ်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။၎င်းဟာအသားရေကိုပြုပြင်ထိန်းသိမ်းပေးပြီးယားယံခြင်းတွေကိုလည်းသက်သာစေပါတယ်။

Leave a Comment