ရှေးခေတ်ကာလကအသုံးပြုခဲ့ကြသောဆေးကုသနည်းများ

ကျွန်ုပ်တို့ လူသားတွေရှိနေသ၍ ကျွန်ုပ်တို့ဟာ ဆေးဝါးအကူညီကို အမြဲတမ်းလိုအပ်နေပါတယ်။ရှေးခေတ်က ဆေးဝါးဗဟုသုတများဟာ ယခုခေတ်ပေါ်ဆေးဝါးများပင် မချိုးနှိပ်နိုင်သေးပါဘူး။အတိတ်ကာလ၏ ဆေးဝါးကုသခြင်းနည်းလမ်းများဟာ အန္တရာယ်မရှိပေမယ့် အတော်လေးထူးဆန်းကြပါတယ်။

(၁)သွားကိုက်ခြင်းကို ဆိတ်အဆီမှုတ်ခြင်းဖြင့်ကုသမှု

8 Ancient Medical Treatments That Should Stay in the Past Forever

ရှေးခေတ်ကတည်းကပင် လူများဟာ သွားနှင့် ခံတွင်း ကုသခြင်းနည်းလမ်းများကိုသိခဲ့ပါတယ်။အီတလီတွင်တွေ့ရှိခဲ့ရသော လူ့သွားတစ်ချောင်းဟာ သက်တမ်း၁၄၀၀၀ခန့် ရှိခဲ့ပြီ ဟု ခန့်မှန်းရပါတယ်။အချို့သော ရှေးဟောင်းနည်းလမ်းများဟာ အတော်လေးထူးဆန်းကြပါတယ်။ သွားကိုက်နေသည့် လူနာကို ဆိတ်အဆီ ၊ ကြက်သွန်နီ အငွေ့များ သောက်ခြင်းဖြင့် ကုသခဲ့ကြပါတယ်။Pliny the Elder အကြံပြုခဲ့တဲ့ သွားကိုက်ကုနည်းတစ်ခုမှာ ညသန်းခေါင်ယံ၌ ဖားတစ်ကောင်ကိုဖမ်းပြီး ၊ တံထွေးထွေးကာ အထူးပျောက်စေနိုင်သည့် စကားများပြောကာဆုတောင်းခြင်းဖြစ်သည်ဟု ယုံကြည်ကြပါတယ်။

(၂)မိခင်များဟာ ကလေး‌မွေးသည့်အခါ မတ်တပ်ရပ်ခြင်း သို့မဟုတ် ဆောင့်ကြောင့်ထိုင်ပြီးမွှေးကြပါတယ်။

© wikimedia
© wikimedia

ရှေးခေတ်အိန္ဒိယလူမျိုးတွေဟာသားအိမ်ထဲမှာသန္ဓေသားရဲ့အနေအထားဘယ်လိုပြောင်းမလဲဆိုတာသူတို့သိခဲ့ကြပါတယ်။အာဖရိကမျိုးနွယ်စုအချို့ရှိ ဆရာ ၀န်များဟာ ၎င်းတို့၏ပစ္စည်းကိရိယာများဖြင့်သားဖွားမီးယပ်ခွဲစိတ်မှုကိုပြုလုပ်နိုင်ခဲ့ပါတယ်။အလယ်ခေတ်ကာလတွင် ချာခ်ျ့ဘုရားကျောင်းများ လွှမ်းမိုးမှုကြောင့် ရှေးဟောင်းဗဟုသုတ များစွာဆုံးရူံးခဲ့ရပါတယ်။သားဖွားပညာဟာ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရပြီးအမျိုးသမီးများနှင့်၎င်းတို့၏မွေးကင်းစကလေးငယ်များသည်မွေးဖွားစဉ်သေဆုံးခဲ့ကြရပါတယ်။

(၃)မေ့ဆေးကို juniperအပင်နှင့် မန်ဒရာအသီးမှာ ထုတ်ယူခဲ့ကြပါတယ်။

© wikipedia
© wikipedia

ကျွန်ုပ်တို့ရဲ့ ရှေးဘိုးဘေးများဟာ ခွဲစိတ်မှု၌ ရလဒ်ကြီးကြီးမားမားရရှိခဲ့ပါတယ်။ရှေးခေတ် မက်ဆိုပိုတေးမီးယားတွင် ဆရာဝန်များဟာ လူနာအားနာကျင်မှုမခံစားရစေရန်အရက်နှင့်ဘိန်းကိုသုံးခဲ့ကြပါတယ်။ရှေး အီဂျစ်ပြည်၌ လူတို့ဟာ မန်ဒရာသီးမှ ထုတ်ယူပြီး ပြင်ဆင်အသုံးပြုခဲ့ကြပါတယ်။အိန္ဒိယနှင့်တရုတ်ပြည်တွင် juniperအပင်၊ ဆေးခြောက်နှင့် aconiteပန်းပင် တို့ကိုမေ့ဆေးအဖြစ်သုံးကြပါတယ်။ သူတို့ဘယ်လောက်ထိထိရောက်မှုရှိတယ်ဆိုတာကတော့ပြောဖို့ခက်ပါတယ်။

(၄)နာတာရှည်ရောဂါများကိုကာယလေ့ကျင့်ခန်းလုပ်ခြင်းနှင့်သန့်ရှင်းသောရေသောက်ခြင်းဖြင့် ကုသခဲ့ကြပါတယ်။

© wikipedia
© wikipedia

Hippocrates (ဘီစီ ၄၆၀-၃၇၀) ခေတ်တွင် ၀က်ရူးပြန်ရောဂါဟာ ဘုရားအလိုတော်ကြောင့်ဖြစ်သည်ဟုယုံကြည်နေကြပါတယ်။ရောဂါဖြစ်ရခြင်း၏အကြောင်းရင်းများသည်လေ၊ အအေးနှင့်နေတို့ကြောင့်ဖြစ်သည်ဟုယုံကြည်ခဲ့ပါတယ်။လူလတ်ပိုင်းများတွင်ဝက်ရူးပြန်ရောဂါရှိသူများကိုနတ်ဆိုးပူးကပ်သည်ဟုယူဆပြီးဆုတောင်းခြင်းနှင့်သန့်ရှင်းသောရေတို့ဖြင့်ကုသခဲ့ကြပါတယ်။ရှေးခေတ်ဆရာ ဝန်များဟာဆီးချိုရောဂါကိုကိုယ်ကာယလေ့ကျင့်ခန်းများနှင့်ဆေးဖက်ဝင်အပင်များဖြင့်ကုသပေးပါတယ်။ဒါပေမဲ့ ဒီလိုကုသခြင်းက ရလဒ်မကောင်း မကောင်းမွန်လာပဲ လူနာတွေဟာ ပုံမှန်အားဖြင့် သေဆုံးသွားခဲ့ရပါတယ်။psoriasis ကဲ့သို့အရေပြားရောဂါများကိုကုမရဟုယူဆခဲ့ကြပြီး လူနာများကို အခြားသူများနှင့်ဝေးဝေးနေ‌စေတဲ့နည်းဖြင့်ထားခဲ့ကြကာ သတိပေးသည့်အနေနှင့်ခေါင်းလောင်းကိုတပ်ကာ နေကြရပါတယ်။

(၅)ရောဂါအားလုံးနီးပါးကို သွေးဖောက်ခြင်းဖြင့် ကုသခြင်း

© wikimedia
8 Ancient Medical Treatments That Should Stay in the Past Forever
© wikimedia

သွေးဖောက်ခြင်းကိုအိန္ဒိယနှင့်အာရပ်နိုင်ငံများတွင်အလွန်လူကြိုက်များပြီးရှေးဂရိနှင့်အီဂျစ်တို့ရဲ့မှတ်တမ်းများတွင်ပင်ဖော်ပြခံခဲ့ရပါတယ်။သွေးတွင် လူနာအား မသက်သာဖြစ်စေသည့် မကောင်းတဲ့အရာများ ပါဝင်သည်ဟုယုံကြည်ကြပါတယ်။အလယ်ခေတ်တွင် ဆံပင်ညှပ်ဆရာများက သွေးဖောက်ခြင်းကို ပြုလုပ်ပေးကြပါတယ်။၎င်းကို ၁၉ရာစုနှစ်လောက်ထိလူကြိုက်များကြပါတယ်။ဂျော့ခ်ျဝါရှင်တန်ဟာ သူရဲ့ အာသီးရောင်ခြင်းကိုဤနည်းဖြင့်ကုသပေးခဲ့သော်လည်း သူနောက်ပိုင်းတွင် သေဆုံးသွားခဲ့ရပါတယ်။

Leave a Comment